လိဒ်စ်ယူနိုက်တက် vs လီဗာပူး ပွဲမှာ ကလော့ပ် ထုတ်သုံးလာဖွယ်ရှိတဲ့ ပွဲထွက်လူစာရင်း ခန့်မှန်းခြင်း

ဒီနေ့ညမှာတော့ လီဗာပူးအသင်းဟာ လိဒ်စ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Team news

သီယေဂို ပွဲထွက်လူစာရင်းက ပါနိုင်မယ်လို့ ကလော့ပ် ပြောထားပါတယ်။
ဒီယက်ဇ်က လေ့ကျင့်ရေးမှာ ၁၀၀% အဆင်သင့် ဖြစ်နေပြီမို့ ဒီနေ့ည ပွဲနေ့ လူစာရင်းထဲ ပြန်ပါလာပါမယ်။
အယ်လီဆန်နဲ့ ကိုနတေးတို့ လေ့ကျင့်ရေး အချို့ကို လွဲခဲ့ပေမယ့် လိစ်ဒ်ပွဲကြိုမှာ အဆင်သင့် ဖြစ်နေဖွယ် ရှိပါတယ်။

Liverpool’s XI vs. Leeds

ဒီပွဲဟာ မန်စီးတီး၊ ချယ်ဆီး၊ အာဆင်နယ်တို့ကို ရင်ဆိုင်အပြီး အသင်း နားရက် အလုံအလောက် ရထားတဲ့ ပွဲစဉ်အဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဓိက ကစားသမားတွေကို ပွဲထုတ်ပြီး မန်ချက်စတာ ယူနိုက်တက်ကို နိုင်ပြီးတည်းက ပျောက်ဆုံးနေတဲ့ နိုင်ပွဲကို ပြန်ယူဖို့ အားထုတ်မှာဖြစ်ပါတယ်။

ဂိုးသမား အယ်လီဆန်၊ ညာအစွန်မှာ ထရန့်၊ ဘယ်အစွန်မှာ ရော်ဘတ်ဆန်တို့ သေချာပေါက် ပွဲထွက်ခွင့်ရမှာပါ။ ကိုနတေး ကြံ့ခိုင်မှု မပြည့်ရင် ဂိုးမက်စ်နဲ့ ဗန်းဒိုက်ကို တွဲဘက်ပေးမှာ ဖြစ်ပါတယ်။ အခြားသော ခံစစ်သမားအဖြစ် မာတစ်နဲ့ ဘယ်အစွန်မှာ ကိုစတက်တို့ အဆင်သင့် ရှိနေပါမယ်။

ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ သီယေဂို အတွဲကို ပွဲထုတ်မယ် မျှော်လင့်ထားပါတယ်။ ဒီအပတ်တွေမှာ ဟန်ဒါဆန်ဟာ တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသထားပြီး ဟာဗေး၊ ဂျုံးထက် ပိုကောင်းကောင်း စွမ်းဆောင်ထားပါတယ်။

တိုက်စစ်မှာတော့ ဂျိုတာနဲ့ ဖာမင်နိုကို အနားပေးကာ ဒါဝင်၊ ဂက်ပို၊ ဆာလာ အတွဲကို ထုတ်သုံးလာဖို့ ရှိပါတယ်။