ဂရာဗန်ဘတ်၊ အဲလက် စကော့၊ မာနေး၊ ဖာမင်နို အပြောင်းအရွှေ့ ကိစ္စတွေပါတဲ့ လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ဟေးဘရော့ဖြစ်ရပ်မှာ ကွယ်လွန်သွားကြတဲ့ အသင်းပရိသတ် ၉၇ ဦးအတွက် ရည်စူး ဆုတောင်းမှု ပြုလုပ်ခဲ့ကြပါတယ်။

အာဆင်နယ်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူကြောင်းနဲ့ ဒီရာသီ နိမ့်ပါးမှုတွေဟာ လာမယ့်ရာသီတွေမှာ အသင်းအတွက် လုံ့ဆော်မှုကြီး ဖြစ်လာလိမ့်မယ်လို့ ကိုနတေးက ထုတ်ပြောပါတယ်။

ကလပ်တာဝန်ရှိသူတွေဟာ နယ်သာလန်ကို သွားပြီး ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗန်ဘတ်ရဲ့ ဖခင်ဖြင့် အပြောင်းအရွှေ့ ညိနှိုင်းမှု သွားရောက် ပြုလုပ်ခဲ့ပါတယ်။

ဆာဒီယို မာနေးဟာ လီဗာပူးကို ပြန်ချင်တယ်လို့ သူ့ရဲ့ သူငယ်ချင်းကို ထုတ်ပြောခဲ့ကြောင်း အပြောင်းအရွှေ့ သတင်းဌာနတွေက ဖွခဲ့ပေမယ့် လီဗာပူးဘက်က ကလပ်ရဲ့ ဟီးရိုးဟောင်းကို ပြန်ခေါ်တာမျိုး ဖြစ်လာဖို့ မရှိတော့ပါဘူး။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ လုပ်ခ ပေးချေရမှု အမြင့်ဆုံး အသင်းဖြစ်လာဖို့ နီးစပ်နေတာကြောင့် လာမယ့်ရာသီတွေမှာ ဒီအပိုင်းကို အထူး ဂရုစိုက်တော့မှာ ဖြစ်ပါတယ်။

ဘရစ်စတိုစီးတီးအသင်းက သူတို့အသင်းရဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ အဲလက် စကော့ကို ဒီနွေမှာ ခေါ်ယူလိုရင် ပေါင် ၂၅ သန်း ပေးဖို့ တောင်းဆိုမှာပါ။ လီဗာပူးအသင်းက အင်္ဂလန်သားကို ကင်းထောက် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ထရန့်ဟာ လီဗာပူးအသင်းမှာ ရုန်းကန်နေရပေမယ့် သူဟာ ဘာစီလိုနာမှာ အံဝင်နိုင်တဲ့ စကေးမြင့် ကစားသမားဖြစ်လို့ သူ့ရဲ့ အနေအထားကို စောင့်ကြည့်နေပြီး အခွင့်အရေးရရင် ခေါ်ယူဖို့ ကက်တလန်ကလပ်ကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။

ဖာမင်နိုကို ခေါ်ယူရေး ရိုးမားအသင်းက စိတ်ဝင်စားနေပြီး ရာသီကုန်လို့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ သေချာခဲ့ရင် ဒီကိစ္စက ဖြစ်လာနိုင်ပါတယ်။

အသင်းတာဝန်ရှိသူတွေရဲ့ အစီအစဉ်တိုင်းကို သူ သဘောတူပေးခဲ့တာ မဟုတ်ကြောင်း ကလော့ပ်က ထုတ်ပြောခဲ့ပြီး အဆုံးမှာတော့ သူဟာလည်း ဦးဆောင်သူတွေရဲ့ ဆုံးဖြတ်ချက်နောက် လိုက်ရတဲ့ လီဗာပူးအသင်းရဲ့ ဝန်ထမ်း တစ်ဦးပဲ ဖြစ်ပါတယ်လို့ သတိပေးခဲ့ပါတယ်။