ဇီယက် အတွက် လမ်းပတ် မှတ်ချက်၊ ဇူးမား၊ ပူလီဆစ်တို့နဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပေါင် သန်း ၁၀၀ ဈေးသတ်မှတ်လိုက်ပြီး ချယ်ဆီးအသင်းဘက်ကတော့ ထိုပမာဏလောက်ထိ ပေးချေရန် ဆန္ဒ မရှိ ဖြစ်နေပါတယ်။ ယူနိုက်တက်ကတော့ ဆန်ချိုကို အရခေါ်ချင်တာကြောင့် ဒေါ့မွန် ဆိုဈေးကို လိုက်လျောလိုနေပါတယ်။

လာမယ့်နွေမှာ ချယ်ဆီးထံ ရောက်လာမယ့် ကွင်းလယ်ကစားသမား ဇီယက်က အသင်းကို ဖန်တီးနိုင်စွမ်းတွေ ပိုမို ဖြည့်ဆည်းနိုင်မယ်လို့ လမ်းပတ်က မျှော်လင့်ထားပါတယ်။ အေဂျက်နဲ့အတူ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ တောက်ပခဲ့တဲ့ ခြေစွမ်းတွေက ဇီယက်ကို အရ ခေါ်ချင်ခဲ့တာ ဖြစ်ကြောင်း လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။

ဒီတပတ် ချယ်ဆီးရင်ဆိုင်ရမယ့် ယူနိုက်တက်မှာ ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ် ပါဝင်လာမှာက ပြိုင်ဘက်အသင်းမှာ ပို အင်အား တောင့်တင်း နေစေမှာ ဖြစ်တယ်လို့ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

နာမည်ကျော် နည်းပြ မော်ရင်ညို ချယ်ဆီးအသင်းကို ဒုတိယအကြိမ် ပြန် တာဝန်ယူစဉ်က ခံစစ်မှူး ဇူးမားကို အရှုပ်ထုပ်သက်သက်ပဲ လို့ လူသိရှင်ကြား ဝေဖန်ရှုံ့ချခဲ့ကြောင်း ကစားသမားက ဖွင့်ဟခဲ့ပါတယ်။ မော်ရင်ညိုက မခံချင်စိတ်ဖြစ်အောင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပုံရပေမယ့် အမှန်တကယ် နာကျင်ခဲ့ရတယ်လို့ ဇူးမားက ဆိုပါတယ်။

ဆောင်းရာသီ နှစ်ပတ်တာ နားရက်အပြီး ပွဲဦးထွက် ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ပူလီဆစ် ပြန် ပါဝင်ကစားနိုင်ဖွယ် ရှိပေမယ့် လမ်းပတ်ကတော့ စိတ်မချဘဲ အမေရိကန်သားကို စောင့်ကြည့်လိုနေပါတယ်။

ဒီတပတ် ယူနိုက်တက်နဲ့ ပွဲစဉ်မှာ အိမ်ရှင် ချယ်ဆီးအသင်း အနိုင်ရမယ်လို့ နာမည်ကျော် ဘောလုံး သုံးသပ်သူတွေ ဖြစ်တဲ့ စကိုင်းစပေါ့မှ ချာလီ၊ ဘီဘီစီမှ လော်ရိုးနဲ့ မိုက်ကယ်အိုဝင်တို့က တညီတညွှတ်တည်း ခန့်မှန်းထားကြပါတယ်။

Zawgyi – ေဒါ့မြန္အသင္းက ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၁၀၀ ေစ်းသတ္မွတ္လိုက္ျပီး ခ်ယ္ဆီးအသင္းဘက္ကေတာ့ ထိုပမာဏေလာက္ထိ ေပးေခ်ရန္ ဆႏၵ မရွိ ျဖစ္ေနပါတယ္။ ယူနိုက္တက္ကေတာ့ ဆန္ခ်ိဳကို အရေခၚခ်င္တာေၾကာင့္ ေဒါ့မြန္ ဆိုေစ်းကို လိုက္ေလ်ာလိုေနပါတယ္။

လာမယ့္ေႏြမွာ ခ်ယ္ဆီးထံ ေရာက္လာမယ့္ ကြင္းလယ္ကစားသမား ဇီယက္က အသင္းကို ဖန္တီးနိုင္စြမ္းေတြ ပိုမို ျဖည့္ဆည္းနုိင္မယ္လို႔ လမ္းပတ္က ေမွ်ာ္လင့္ထားပါတယ္။ ေအဂ်က္နဲ႕အတူ ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္မွာ ေတာက္ပခဲ့တဲ့ ေျခစြမ္းေတြက ဇီယက္ကို အရ ေခၚခ်င္ခဲ့တာ ျဖစ္ေၾကာင္း လမ္းပတ္က ဖြင့္ဟခဲ့ပါတယ္။

ဒီတပတ္ ခ်ယ္ဆီးရင္ဆိုင္ရမယ့္ ယူနိုက္တက္မွာ ကစားသမားသစ္ ဘရူနို ဖာနန္ဒက္စ္ ပါ၀င္လာမွာက ျပိဳင္ဘက္အသင္းမွာ ပို အင္အား ေတာင့္တင္း ေနေစမွာ ျဖစ္တယ္လိုိ႔ လမ္းပတ္က ၀န္ခံခဲ့ပါတယ္။

နာမည္ေက်ာ္ နည္းျပ ေမာ္ရင္ညိဳ ခ်ယ္ဆီးအသင္းကို ဒုတိယအၾကိမ္ ျပန္ တာ၀န္ယူစဥ္က ခံစစ္မွဴး ဇူးမားကို အရႈပ္ထုပ္သက္သက္ပဲ လို႔ လူသိရွင္ၾကား ေ၀ဖန္ရွံဳ႕ခ်ခဲ့ေၾကာင္း ကစားသမားက ဖြင့္ဟခဲ့ပါတယ္။ ေမာ္ရင္ညိဳက မခံခ်င္စိတ္ျဖစ္ေအာင္ ျပင္းျပင္းထန္ထန္ ေ၀ဖန္ခဲ့ပံုရေပမယ့္ အမွန္တကယ္ နာက်င္ခဲ့ရတယ္လို႔ ဇူးမားက ဆိုပါတယ္။

ေဆာင္းရာသီ နွစ္ပတ္တာ နားရက္အျပီး ပြဲဦးထြက္ ယူနိုက္တက္နဲ႕ ပြဲစဥ္မွာ ပူလီဆစ္ ျပန္ ပါ၀င္ကစားနိုင္ဖြယ္ ရွိေပမယ့္ လမ္းပတ္ကေတာ့ စိတ္မခ်ဘဲ အေမရိကန္သားကို ေစာင့္ၾကည့္လိုေနပါတယ္။

ဒီတပတ္ ယူနိုက္တက္နဲ႕ ပြဲစဥ္မွာ အိမ္ရွင္ ခ်ယ္ဆီးအသင္း အနုိင္ရမယ္လို႔ နာမည္ေက်ာ္ ေဘာလံုး သံုးသပ္သူေတြ ျဖစ္တဲ့ စကိုင္းစေပါ့မွ ခ်ာလီ၊ ဘီဘီစီမွ ေလာ္ရုိးနဲ႕ မိုက္ကယ္အို၀င္တို႔က တညီတညႊတ္တည္း ခန္႔မွန္းထားၾကပါတယ္။