အခွင့်ပြန်ရမယ့် ကီပါ၊ အစ္စကို၊ ဂျီရူး၊ လမ်းပတ် အလိုရှိသူများနဲ့ ချယ်ဆီး နံနက်ခင်း သတင်းများ

ဂိုးသမား ကီပါဟာ ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရတာကြောင့် ပိုအားထုတ်လာပြီး ပိုမိုသန်မာတဲ့ အနေထားနဲ့ အသင်း လူစာရင်းထဲ ပြန် ပါဝင်လာလိမ့်မယ်လို့ လမ်းပတ်က ယုံကြည် မျှော်လင့်ထားပါတယ်။ တနင်္လာနေ့ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ကီပါကို လမ်းပတ် ပြန်နေရာပေးဖွယ် ရှိပါတယ်။

အင်္ဂလန်သတင်းဌာနတွေ အဆိုအရ လာမယ့်နွေ လမ်းပတ် ဝယ်ယူလိုတဲ့ ကစားသမားစာရင်းမှာ ဆန်ချို၊ ဘယ်လင်ဟန်နဲ့ မိုဆာ ဒမ်ဘီလီတို့ ပါဝင်တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုကြောင့် ဥရောပပြိုင်ပွဲများမှာ ပါဝင်ခွင့် နှစ် နှစ် ပိတ်ပင်ခံလိုက်ရပြီး နောက်ဆက်တွဲ အနေနဲ့ ဒီရာသီ အဆင့် ၅ နေရာထိ ချန်ပီယံလိဂ် ရဖွယ် ရှိလာပါတယ်။ ချယ်ဆီးက လက်ရှိ အချိန်ထိ အဆင့် ၄ နေရာကို သိမ်းပိုက်ထားဆဲပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဖန်တီးရှင် စပိန်သား ကစားသမား အစ္စကို ကို လာမယ့်နွေမှာ ချယ်ဆီး၊ အာဆင်နယ်အသင်းတို့ အပြိုင် ကြိုးစားသွားဖွယ် ရှိနေပါတယ်။

ချယ်ဆီးနဲ့ ပွဲစဉ်မှာ ယူနိုက်တက်မှ ကွင်းလယ်ကစားသမား တော်မီနေး ပါဝင်နိုင်ဦးမှာ မဟုတ်တဲ့ အပြင် အငှားခေါ်ထားတဲ့ တိုက်စစ်မှူးသစ် အစ်ဟာလိုကိုလည်း အရန် စာရင်းကသာ ထည့်သွင်းမယ်လို့ ဆိုးရှားက ပွဲကြိုမှာ ပြောကြားထားပါတယ်။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးဟာ ၎င်းကို အင်တာမီလန်၊ လာဇီယိုတို့က ခေါ်ယူဖို့ အလိုရှိခဲ့သော်လည်း စပါးအသင်းကပါ စိတ်ဝင်စား လာတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် ချရန် စောင့်ဆိုင်းပါတယ်။ အင်တာမီလန်ဘက်ကတော့ စိတ်ဝင်စားမှု အေးစက်သွားခဲ့ပါပြီ။

Zawgyi – ဂိုးသမား ကီပါဟာ ပြဲထြက္စာရင္းကေန ခ်န္လွပ္ခံခဲ့ရတာေၾကာင့္ ပိုအားထုတ္လာျပီး ပိုမိုသန္မာတဲ့ အေနထားနဲ႕ အသင္း လူစာရင္းထဲ ျပန္ ပါ၀င္လာလိမ့္မယ္လို႔ လမ္းပတ္က ယံုၾကည္ ေမွ်ာ္လင့္ထားပါတယ္။ တနလၤာေန႔ ယူနိုက္တက္နဲ႕ ပြဲစဥ္မွာ ကီပါကို လမ္းပတ္ ျပန္ေနရာေပးဖြယ္ ရွိပါတယ္။

အဂၤလန္သတင္းဌာနေတြ အဆိုအရ လာမယ့္ေႏြ လမ္းပတ္ ၀ယ္ယူလိုတဲ့ ကစားသမားစာရင္းမွာ ဆန္ခ်ိဳ၊ ဘယ္လင္ဟန္နဲ႕ မိုဆာ ဒမ္ဘီလီိတို႕ ပါ၀င္တယ္လို႔ သိရပါတယ္။

မန္စီးတီးအသင္းဟာ ဘ႑ာေရး စည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ ဥေရာပျပိဳင္ပြဲမ်ားမွာ ပါ၀င္ခြင့္ နွစ္ နွစ္ ပိတ္ပင္ခံလိုက္ရျပီး ေနာက္ဆက္တြဲ အေနနဲ႕ ဒီရာသီ အဆင့္ ၅ ေနရာထိ ခ်န္ပီယံလိဂ္ ရဖြယ္ ရွိလာပါတယ္။ ခ်ယ္ဆီးက လက္ရွိ အခ်ိန္ထိ အဆင့္ ၄ ေနရာကို သိမ္းပိုက္ထားဆဲပါ။

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ဖန္တီးရွင္ စပိန္သား ကစားသမား အစၥကို ကို လာမယ့္ေႏြမွာ ခ်ယ္ဆီး၊ အာဆင္နယ္အသင္းတို႔ အျပိဳင္ ၾကိဳးစားသြားဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီးနဲ႕ ပြဲစဥ္မွာ ယူနိုက္တက္မွ ကြင္းလယ္ကစားသမား ေတာ္မီေနး ပါ၀င္နုိင္ဦးမွာ မဟုတ္တဲ့ အျပင္ အငွားေခၚထားတဲ့ တိုက္စစ္မွဴးသစ္ အစ္ဟာလိုကိုလည္း အရန္ စာရင္းကသာ ထည့္သြင္းမယ္လုိ႔ ဆိုးရွားက ပြဲၾကိဳမွာ ေျပာၾကားထားပါတယ္။

ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးဟာ ၄င္းကို အင္တာမီလန္၊ လာဇီယိုတို႔က ေခၚယူဖို႕ အလိုရွိခဲ့ေသာ္လည္း စပါးအသင္းကပါ စိတ္၀င္စား လာတာေၾကာင့္ အသင္းေျပာင္းဖို႔ ဆံုးျဖတ္ခ်က္ ခ်ရန္ ေစာင့္ဆိုင္းပါတယ္။ အင္တာမီလန္ဘက္ကေတာ့ စိတ္၀င္စားမႈ ေအးစက္သြားခဲ့ပါျပီ။