ချယ်ဆီး ယူနိုက်တက်ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် ခန့်မှန်းသုံးသပ်ချက်
ဆောင်းရာသီ အားလပ်ရက် နှစ်ပတ်တာ အပြီးမှာ အားလုံး စောင့်စားနေကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်ပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ပွဲကောင်းတစ်ပွဲ အဖြစ် ချယ်ဆီးနဲ့ ယူနိုက်တက်တို့ စတန်းဖို့ဘရစ်ချ်မှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
ပွဲချိန်ကတော့ လာမယ့် တနင်္လာနေ့ည/ အင်္ဂါနေ့ မနက်အစော မြန်မာစံတော်ချိန် ၂း၃၀ နာရီမှာပါ။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက် ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။
” မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၆ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ၃ ပွဲ ဆက် ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေပါတယ်။ နောက်ဆုံး ပွဲကတော့ ဝုဗ်နဲ့ ဂိုးမရှိ သရေပွဲပါ။ ဒီတပတ် အကောင်းဆုံးပွဲထဲ ပါဝင်မယ့် စတန်းဖို့ဘရစ်ချ်က ပွဲမှလြည်း ယူနိုက်တက်တို့ အခွင့်အရေး များများ ရနိုင်မယ် ကျနော် မထင်ပါဘူး။
ချယ်ဆီး ယူနိုက်တက်ကို နိုင်ထားတဲ့ နောက်ဆုံးပွဲက ၂၀၁၈ အက်ဖ်အေဖလား ဖိုင်နယ်မှာပါ။ ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီ အက်ဖ်အေပွဲနဲ့ ဒီရာသီ အစောပိုင်း လိဂ်ဖလားပွဲစဉ် အပါအဝင် စတန်းဖို့ဘရစ်ချ်မှာ သွားကစားတဲ့ နောက်ဆုံး ပွဲ တချို့ နိုင်ထားတယ်။
ချယ်ဆီးက ဒီရာသီ အဖွင့်ပွဲစဉ်တုန်းက အိုးထရက်ဖို့ဒ်မှ လေးဂိုးပြတ်နဲ့ အရေးနိမ့်ထားပါတယ်။ ဂိုး ရလဒ်က စိတ်လှုပ်ရှားစရာ ဖြစ်ပေမယ့် နည်းပြသစ် လမ်းပတ်ရဲ့ ပွဲဦးထွက်မှာ ပထမပိုင်းတင် ချယ်ဆီးက တိုင်ထိ နှစ်လုံးထွက်ခဲ့ကာ ဂိုးမဖြစ်ခဲ့တာက ယူနိုက်တက် သက်သာရာ ရစေခဲ့ပါတယ်။ ဒီတကြိမ်မှာလည်း ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ပေမယ့် ချယ်ဆီးတို့ပဲ ပါးပါးလေး အသာစီး ယူသွားနိုင်မယ် ကျနော် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်က အိမ်ရှင် ချယ်ဆီးအသင်းပဲ အနိုင်ပါ။
Zawgyi – ဆောင်းရာသီ အားလပ်ရက် နှစ်ပတ်တာ အပြီးမှာ အားလုံး စောင့်စားနေကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်ပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ပွဲကောင်းတစ်ပွဲ အဖြစ် ချယ်ဆီးနဲ့ ယူနိုက်တက်တို့ စတန်းဖို့ဘရစ်ခ်ျမှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။