အမေရိကန်သား တိုက်စစ်သမား ပူလီဆစ်ရဲ့ အခြေအနေကို စိုးရိမ်နေဆဲ လမ်းပတ်

ချယ်ဆီးအသင်း တောင်ပံတိုက်စစ်သမား ပူလီဆစ်ဟာ အသင်းရဲ့ နောက်ဆုံး ကစားထားတဲ့ ၆ ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ဆောင်းရာသီ အားလပ်ရက် အပြီးမှာ အမေရိကန်သား ပြန်လည် ပါဝင်ကစားနိုင်မယ် မျှော်လင့်ရပေမယ့် နည်းပြ လမ်းပတ်ကတော့ စိုးရိမ်မှု ရှိနေဆဲပါ။

နယူးရီးယားရက် ဘရိုက်တန်နဲ့ ပွဲတည်းက ပူလီဆစ် ချယ်ဆီးအသင်း အတွက် မပါဝင်နိုင်တာ ဖြစ်ပြီး ဆောင်းရာသီ အားလပ်ရက် နှစ်ပတ် ထိ ရလိုက်တာက ဒဏ်ရာရ ကစားသမားတွေ အပြည့်အ၀ ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။ အသက် ၂၁ နှစ် အရွယ် အမေရိကန်သားဟာ ဖနောင့် အရွတ်မှာ ဒဏ်ရာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အားလပ်ရက် အပြီး လာမယ့် တနင်္လာနေ့ ယူနိုက်တက်နဲ့ ပွဲမှာ ပူလီဆစ်က ပါဝင်ကစားနိုင်ဖို့ ရှိပြီး ပွဲရက်မတိုင်ခင် စစ်ဆေးမှုတွေတော့ ရှိဦးမှာပါ။ ဒီပွဲက ချယ်ဆီးရဲ့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အဆင့် ၄ တိုက်ပွဲ အတွက် အရေးကြီးတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

ပူလီဆစ်ဟာ ပရီးမီးယားလိဂ် တာထွက်မှာ ခက်ခဲမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အောက်တိုဘာလထဲ ဘန်လေနဲ့ ပွဲမှာ ဟက်ထရစ် သွင်းပြီးနောက်ပိုင်း နည်းပြ လမ်းပတ်ရဲ့ ယုံကြည် အားထားမှု ရခဲ့ပါတယ်။ အဲဒီနောက် နောက် ၆ ပွဲမှာလည်း ၃ ဂိုး ဆက်လက် သွင်းယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ အထိုင်ကျစ ပြုလာကာမှ ပူလီဆစ်ဟာ ဒဏ်ရာကြောင့် ဒီရာသီမှာ အနှောင့်အယှက် ဖြစ်ခဲ့ရတာပါ။ လမ်းပတ်ကတော့ အိုဒွိုင်း ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်လာနိုင်မှာ အပေါ် အားတက်နေပြီး ပူလီဆစ်ကိုလည်း ဒဏ်ရာ အပြည့်အ၀ သက်သာကောင်းမွန်စွာနဲ့ ပြန်လာဖို့ မျှော်လင့်နေပါတယ်။

ဒါပေမယ့် အမေရိကန်သား အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး အထိခိုက် မခံတဲ့ ဖနောင့် ဒဏ်ရာကို အရှင်းပျောက်သည် ထိ စိတ်ရှည်ရှည် စောင့်ဆိုင်းလိုနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း ေတာင္ပံတိုက္စစ္သမား ပူလီဆစ္ဟာ အသင္းရဲ႕ ေနာက္္ဆံုး ကစားထားတဲ့ ၆ ပြဲမွာ ဒဏ္ရာေၾကာင့္ မပါ၀င္နုိင္ခဲ့ပါဘူး။ ေဆာင္းရာသီ အားလပ္ရက္ အျပီးမွာ အေမရိကန္သား ျပန္လည္ ပါ၀င္ကစားနုိင္မယ္ ေမွ်ာ္လင့္ရေပမယ့္ နည္းျပ လမး္ပတ္ကေတာ့ စိုးရိမ္မႈ ရွိေနဆဲပါ။

နယူးရီးယားရက္ ဘရိုက္တန္နဲ႕ ပြဲတည္းက ပူလီဆစ္ ခ်ယ္ဆီးအသင္း အတြက္ မပါ၀င္နုိင္တာ ျဖစ္ျပီး ေဆာင္းရာသီ အားလပ္ရက္ နွစ္ပတ္ ထိ ရလိုက္တာက ဒဏ္ရာရ ကစားသမားေတြ အျပည့္အ၀ ေကာင္းမြန္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ အေမရိကန္သားဟာ ဖေနာင့္ အရြတ္မွာ ဒဏ္ရာ ရွိေနခဲ့တာ ျဖစ္ပါတယ္။

အားလပ္ရက္ အျပီး လာမယ့္ တနလၤာေန႔ ယူနိုက္တက္နဲ႕ ပြဲမွာ ပူလီဆစ္က ပါ၀င္ကစားနုိင္ဖို႔ ရွိျပီး ပြဲရက္မတိုိင္ခင္ စစ္ေဆးမႈေတြေတာ့ ရွိဦးမွာပါ။ ဒီပြဲက ခ်ယ္ဆီးရဲ႕ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အဆင့္ ၄ တိုက္ပြဲ အတြက္ အေရးၾကီးတဲ့ ပြဲစဥ္လည္း ျဖစ္ပါတယ္။

ပူလီဆစ္ဟာ ပရီးမီးယားလိဂ္ တာထြက္မွာ ခက္ခဲမႈေတြ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေပမယ့္ ေအာက္တိုဘာလထဲ ဘန္ေလနဲ႕ ပြဲမွာ ဟက္ထရစ္ သြင္းျပီးေနာက္ပိုင္း နည္းျပ လမ္းပတ္ရဲ႕ ယံုၾကည္ အားထားမႈ ရခဲ့ပါတယ္။ အဲဒီေနာက္ ေနာက္ ၆ ပြဲမွာလည္း ၃ ဂိုး ဆက္လက္ သြင္းယူနုိင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ အထိုင္က်စ ျပဳလာကာမွ ပူလီဆစ္ဟာ ဒဏ္ရာေၾကာင့္ ဒီရာသီမွာ အေနွာင့္အယွက္ ျဖစ္ခဲ့ရတာပါ။ လမ္းပတ္ကေတာ့ အိုဒြိဳင္း ၾကံ႕ခိုင္မႈ အျပည့္နဲ႕ ျပန္လာနိုင္မွာ အေပၚ အားတက္ေနျပီး ပူလီဆစ္ကိုလည္း ဒဏ္ရာ အျပည့္အ၀ သက္သာေကာင္းမြန္စြာနဲ႕ ျပန္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒါေပမယ့္ အေမရိကန္သား အေျခအေနကိုေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ျပီး အထိခိုက္ မခံတဲ့ ဖေနာင့္ ဒဏ္ရာကို အရွင္းေပ်ာက္သည္ ထိ စိတ္ရွည္ရွည္ ေစာင့္ဆိုင္းလိုေနပါတယ္။