ချယ်ဆီးတာဝန်ရှိသူတွေက ယူနိုက်တက် ကစားသမားကို ပီအက်ဂျီနဲ့အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေ

ချယ်ဆီးအသင်းဟာ ယူနိုက်တက် ကစားသမားဖြစ်ပြီး ဒီရာသီ ရှက်ဖီးအသင်းမှာ အငှားထွက် ကစားနေတဲ့ အင်္ဂလန်ဂိုးသမား ဒင်း ဟန်ဒါဆန်ကို နွေမှာ ခေါ်ယူဖို့ ပီအက်ဂျီနဲ့အပြိုင် စိတ်ဝင်စားနေကြောင်း တယ်လီဂရပ်က ဖော်ပြလာပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂိုးသမားဟာ ရှက်ဖီးမှာ တောက်ပတဲ့ လက်စွမ်းကောင်းတွေ ပြသနေပြီး သူဟာ အိုထရတ်ဖိုဒ့် ကလပ်နဲ့ ၂၀၂၂ ထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုထားတာဖြစ်တယ်။ ကုန်ခဲ့တဲ့ ၁၈ လအတွင်းမှာ သူဟာ ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် လက်စွမ်းကောင်းတွေ ပြသနေပြီး အရန်ခုံမှာ ထိုင်မယ့်သူ မဟုတ်တဲံ အလားအလာတွေ ပြသနေတာပါ။

မနှစ်က စက်တင်ဘာမှာ ဒီဂီယာဟာ ယူနိုက်တက်နဲ့ လေးနှစ် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယူနိုက်တက်မှာ အာဂျင်တီနား ဂိုးသမား ရိုမဲရိုးလည်း ရှိနေတာဖြစ်တယ်။ ဒါကြောင့် ဟန်ဒါဆန်ဟာ ယူနိုက်တက်မှာ ဆက်နေမယ်ဆိုရင် ပွဲထွက်ခွင့် အကန့်အသတ် ရှိနေမှာဖြစ်ပါတယ်။

နွေမှာ ပုံမှန် ပွဲထွက်ခွင့်အတွက် ယူနိုက်တက်ကနေ ထွက်ခွာခြင်းက အကောင်းဆုံးဖြစ်မယ်လို့ ဟန်ဒါဆန်က ယူဆလာတာကြောင့် ဥရောပကလပ်တွေက စိတ်ဝင်စားလာပြီး ပီအက်ဂျီနဲ့ ချယ်ဆီးတို့က စိတ်ဝင်စားမှု အမြင့်ဆုံးကို ရောက်လာခဲ့တာဖြစ်တယ်။ ရှက်ဖီးကလည်း လာမယ့် နွေမှာ သုံးရာသီဆက်တိုက် အငှားခေါ်ယူမှုအဖြစ် ဟန်ဒါဆန်ကို သက်တမ်းထပ်တိုးလိုနေပါတယ်။

ရှက်ဖီးအသင်းဟာ ပရီးမီးယားလိဂ်ဦးဆောင်သူ လီဗာပူးနောက် ခံစစ်အကောင်းဆုံးဖြစ်ပြီး ဟန်ဒါဆန်က clean sheet ၉ကြိမ်ထိ ရယူထားခဲ့တာဖြစ်တယ်။ သူ့ရဲ့ ပုံစံကောင်းတွေကြောင့် မန်နေဂျာ ဆောက်ဂိတ်က ယူရို ပြိုင်ပွဲအတွက် ခေါ်ယူဖို့ပါ စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးဟာ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူထားတဲ့ ကီပါရဲ့ လက်စွမ်းကို သဘောမကျဖြစ်နေပြီး သူ့နေရာကို အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေရာမှာ ဘန်လေမှ နစ်ပုပ်နဲ့ ရှက်ဖီးမှ ဟန်ဒါဆန်တို့ကို သဘောတွေ့နေပြီး ပိုမို အလားအလာရှိတဲ့ ဟန်ဒါဆန်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာတာလို့ သိရပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ယူႏုိက္တက္ ကစားသမားျဖစ္ျပီး ဒီရာသီ ရွက္ဖီးအသင္းမွာ အငွားထြက္ ကစားေနတဲ့ အဂၤလန္ဂိုးသမား ဒင္း ဟန္ဒါဆန္ကို ေႏြမွာ ေခၚယူဖို႔ ပီအက္ဂ်ီနဲ႔အျပိဳင္ စိတ္ဝင္စားေနေၾကာင္း တယ္လီဂရပ္က ေဖာ္ျပလာပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ဂိုးသမားဟာ ရွက္ဖီးမွာ ေတာက္ပတဲ့ လက္စြမ္းေကာင္းေတြ ျပသေနျပီး သူဟာ အိုထရတ္ဖုိဒ့္ ကလပ္နဲ႔ ၂၀၂၂ ထိ ရွိေနမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုထားတာျဖစ္တယ္။ ကုန္ခဲ့တဲ့ ၁၈ လအတြင္းမွာ သူဟာ ဥေရာပရဲ႕ အေကာင္းဆံုးေတြထဲက တစ္ဦးအျဖစ္ လက္စြမ္းေကာင္းေတြ ျပသေနျပီး အရန္ခံုမွာ ထိုင္မယ့္သူ မဟုတ္တဲံ အလားအလာေတြ ျပသေနတာပါ။

မႏွစ္က စက္တင္ဘာမွာ ဒီဂီယာဟာ ယူႏိုက္တက္နဲ႔ ေလးႏွစ္ သက္တမ္းတိုးစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ျပီး ယူႏုိက္တက္မွာ အာဂ်င္တီနား ဂိုးသမား ရိုမဲရိုးလည္း ရွိေနတာျဖစ္တယ္။ ဒါေၾကာင့္ ဟန္ဒါဆန္ဟာ ယူႏုိက္တက္မွာ ဆက္ေနမယ္ဆိုရင္ ပြဲထြက္ခြင့္ အကန္႔အသတ္ ရွိေနမွာျဖစ္ပါတယ္။

ေႏြမွာ ပံုမွန္ ပြဲထြက္ခြင့္အတြက္ ယူနုိက္တက္ကေန ထြက္ခြာျခင္းက အေကာင္းဆံုးျဖစ္မယ္လို႔ ဟန္ဒါဆန္က ယူဆလာတာေၾကာင့္ ဥေရာပကလပ္ေတြက စိတ္ဝင္စားလာျပီး ပီအက္ဂ်ီနဲ႔ ခ်ယ္ဆီးတို႔က စိတ္ဝင္စားမႈ အျမင့္ဆံုးကို ေရာက္လာခဲ့တာျဖစ္တယ္။ ရွက္ဖီးကလည္း လာမယ့္ ေႏြမွာ သံုးရာသီဆက္တိုက္ အငွားေခၚယူမႈအျဖစ္ ဟန္ဒါဆန္ကို သက္တမ္းထပ္တိုးလိုေနပါတယ္။

ရွက္ဖီးအသင္းဟာ ပရီးမီးယားလိဂ္ဦးေဆာင္သူ လီဗာပူးေနာက္ ခံစစ္အေကာင္းဆံုးျဖစ္ျပီး ဟန္ဒါဆန္က clean sheet ၉ၾကိမ္ထိ ရယူထားခဲ့တာျဖစ္တယ္။ သူ႔ရဲ႕ ပံုစံေကာင္းေတြေၾကာင့္ မန္ေနဂ်ာ ေဆာက္ဂိတ္က ယူရို ျပိဳင္ပြဲအတြက္ ေခၚယူဖို႔ပါ စိတ္ဝင္စားေနပါတယ္။

ခ်ယ္ဆီးဟာ ေပါင္ ၇၂ သန္းနဲ႔ ေခၚယူထားတဲ့ ကီပါရဲ႕ လက္စြမ္းကို သေဘာမက်ျဖစ္ေနျပီး သူ႔ေနရာကို အစားထိုးဖို႔ ဂိုးသမားသစ္ ရွာေဖြေနရာမွာ ဘန္ေလမွ နစ္ပုပ္နဲ႔ ရွက္ဖီးမွ ဟန္ဒါဆန္တို႔ကို သေဘာေတြ႔ေနျပီး ပိုမို အလားအလာရွိတဲ့ ဟန္ဒါဆန္အေပၚ စိတ္ဝင္စားမႈ ျမင့္တက္လာတာလို႔ သိရပါတယ္။