ဇီယက်နဲ့ ဆန်ချို ရောက်လာခဲ့ရင် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ချယ်ဆီး လူစာရင်း အခင်းအကျင်း

ချယ်ဆီးဟာ နွေအပြောင်းအရွှေ့မှာ ပေါင် သန်း ၁၅၀ အသုံးပြုခွင့်ရမယ်လို့ သိထားရတာဖြစ်ပြီး အေဂျက်မှ ဇီယက်ကို ပေါင် ၃၆ သန်း ဝန်းကျင်နဲ့ အကြို သဘောတူညီမှု ရထားပြီဖြစ်ပါတယ်။

ဇီယက်ကို ခေါ်ယူခဲ့ပြီးရင် ချယ်ဆီးက နောက်ထပ် ဦးတည်ချက်အဖြစ် ဒေါ့မွန်အသင်းမှ တောင်ပံသမား ဆန်ချိုကို အဓိက ကြိုးစားဖွယ်ရှိပြီး လာမယ့်ရာသီ ချယ်ဆီး တိုက်စစ်အတွက် အခွင့်အရေး ဖန်တီးမှုမြင့်ပြီး တောင်ပံထိုးဖောက်မှုကောင်းတဲ့ လူသစ်နှစ်ဦးကို ထပ်ပေါင်းထည့်နိုင်မှု ဖြစ်သွားမှာပါ။

ဒေါ့မွန်မှ ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်၊ လီဗာပူးတို့နဲ့ ယှဉ်ပြိုင်ရနိုင်ပြီး ချယ်ဆီးဘက်က လန်ဒန်ဖွား တိုက်စစ်သမားကို ခေါ်ယူနိုင်ဖို့ အသုံးစရိတ်ကြီးလည်း ပိုင်ဆိုင်ထားတာဖြစ်တယ်။ အထူးသဖြင့် ဆန်ချိုဟာ အေဘရာဟမ်၊ အိုဒွိုင်း၊ မောင့်တို့လို အင်္ဂလန်သားတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိထားပါတယ်။

၂၀၁၆ ခုနှစ်မှာ တွမ်တိအသင်းကနေ အေဂျက်ကို ပြောင်းခဲ့ပြီးနောက်ပိုင်း ပွဲထွက်ကစားတဲ့ ၁၅၉ ပွဲမှာ ကိုယ်တိုင် ၄၈ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၈၂ ကြိမ်ထိ လုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဆန်ချိုကိလည်း ဒေါ့မွန်အတွက် ၈၄ ပွဲ ကစားပေးရာမှာ ကိုယ်တိုင် သွင်းဂိုး ၂၉ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု အကြိမ် ၄၀ လုပ်ထားနိုင်ပါတယ်။

လက်ရှိ ချယ်ဆီးအသင်းမှ အမေရိကန် တိုက်စစ်သမား ပူလီဆစ်၊ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်၊ ကွင်းလယ်လူတွေဖြစ်တဲ့ ကန်တီ၊ ဂျော်ဂျင်ဟိုတို့နဲ့ တွဲဘက်လိုက်မယ်ဆိုရင် ကလပ်ရဲ့ တိုက်စစ်ပိုင်းက အတော်လေးကို ကြောက်စရာကောင်းတဲ့ အနေအထားကို ရောက်ရှိသွားမှာဖြစ်တယ်။

မန်နေဂျာလမ်းပတ်က ခံစစ်တန်းကို အနည်းငယ် ပြုပြင်လိုနေပေမယ့် တိုက်စစ်ကိုပဲ ဦးစားပေး ပြင်ဆင်မှာဖြစ်ပြီး ဇီယက်၊ ဆန်ချိုတို့ဟာ ဒီရာသီ ကလပ်အသင်း ရုန်းကန်နေရတဲ့ သွင်းဂိုးတွေအတွက် စိတ်ချရတဲ့ အနေအထားကို ရောက်သွားစေမှာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ေႏြအေျပာင္းအေရႊ႔မွာ ေပါင္ သန္း ၁၅၀ အသံုးျပဳခြင့္ရမယ္လို႔ သိထားရတာျဖစ္ျပီး ေအဂ်က္မွ ဇီယက္ကို ေပါင္ ၃၆ သန္း ဝန္းက်င္နဲ႔ အၾကိဳ သေဘာတူညီမႈ ရထားျပီျဖစ္ပါတယ္။

ဇီယက္ကို ေခၚယူခဲ့ျပီးရင္ ခ်ယ္ဆီးက ေနာက္ထပ္ ဦးတည္ခ်က္အျဖစ္ ေဒါ့မြန္အသင္းမွ ေတာင္ပံသမား ဆန္ခ်ိဳကို အဓိက ၾကိဳးစားဖြယ္ရွိျပီး လာမယ့္ရာသီ ခ်ယ္ဆီး တိုက္စစ္အတြက္ အခြင့္အေရး ဖန္တီးမႈျမင့္ျပီး ေတာင္ပံထိုးေဖာက္မႈေကာင္းတဲ့ လူသစ္ႏွစ္ဦးကို ထပ္ေပါင္းထည့္ႏုိင္မႈ ျဖစ္သြားမွာပါ။

ေဒါ့မြန္မွ ဆန္ခ်ိဳကို ေခၚယူဖို႔ ယူႏုိက္တက္၊ လီဗာပူးတို႔နဲ႔ ယွဥ္ျပိဳင္ရႏုိင္ျပီး ခ်ယ္ဆီးဘက္က လန္ဒန္ဖြား တိုက္စစ္သမားကို ေခၚယူႏုိင္ဖို႔ အသံုးစရိတ္ၾကီးလည္း ပိုင္ဆိုင္ထားတာျဖစ္တယ္။ အထူးသျဖင့္ ဆန္ခ်ိဳဟာ ေအဘရာဟမ္၊ အိုဒိြဳင္း၊ ေမာင့္တို႔လို အဂၤလန္သားေတြနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးလည္း ရွိထားပါတယ္။

၂၀၁၆ ခုႏွစ္မွာ တြမ္တိအသင္းကေန ေအဂ်က္ကို ေျပာင္းခဲ့ျပီးေနာက္ပိုင္း ပြဲထြက္ကစားတဲ့ ၁၅၉ ပြဲမွာ ကိုယ္တိုင္ ၄၈ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၈၂ ၾကိမ္ထိ လုပ္ေပးႏုိင္ခဲ့သူျဖစ္ပါတယ္။ ဆန္ခ်ိဳကိလည္း ေဒါ့မြန္အတြက္ ၈၄ ပြဲ ကစားေပးရာမွာ ကိုယ္တိုင္ သြင္းဂိုး ၂၉ ဂိုး သြင္းယူကာ ဂိုးေထာက္ပံ့မႈ အၾကိမ္ ၄၀ လုပ္ထားႏုိင္ပါတယ္။

လက္ရွိ ခ်ယ္ဆီးအသင္းမွ အေမရိကန္ တိုက္စစ္သမား ပူလီဆစ္၊ အဂၤလန္တိုက္စစ္မွဴး ေအဘရာဟမ္၊ ကြင္းလယ္လူေတြျဖစ္တဲ့ ကန္တီ၊ ေဂ်ာ္ဂ်င္ဟိုတို႔နဲ႔ တြဲဘက္လိုက္မယ္ဆိုရင္ ကလပ္ရဲ႕ တိုက္စစ္ပိုင္းက အေတာ္ေလးကို ေၾကာက္စရာေကာင္းတဲ့ အေနအထားကို ေရာက္ရွိသြားမွာျဖစ္တယ္။

မန္ေနဂ်ာလမ္းပတ္က ခံစစ္တန္းကို အနည္းငယ္ ျပဳျပင္လိုေနေပမယ့္ တိုက္စစ္ကိုပဲ ဦးစားေပး ျပင္ဆင္မွာျဖစ္ျပီး ဇီယက္၊ ဆန္ခ်ိဳတို႔ဟာ ဒီရာသီ ကလပ္အသင္း ရုန္းကန္ေနရတဲ့ သြင္းဂိုးေတြအတြက္ စိတ္ခ်ရတဲ့ အေနအထားကို ေရာက္သြားေစမွာ ျဖစ္ပါတယ္။