ဒင်း ဟန်ဒါဆန်ကို ချိန်ရွယ်ခြင်း၊ ဇီယက်၊ ဇူးမား၊ ဝီလီယံတို့ အပါအဝင် ချယ်ဆီး နံနက်ခင်းသတင်းများ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စွမ်းဆောင်ရည် ညံ့ခဲ့တာကြောင်း ထိုစဉ်က ချယ်ဆီး နည်းပြ မော်ရင်ညိုရဲ့ ရှုံ့ချခြင်းကို ရင်ဆိုင်ခဲ့ရကြောင်း ခံစစ်မှူး ဇူးမားက ဖွင့်ဟခဲ့ပါတယ်။ မော်ရင်ညိုက ဇူးမားအား မင်းက အရှုပ်ထုပ် သက်သက်ပဲလို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးတို့ ခေါ်ယူနိုင်ခဲ့ပြီ အတည်ပြုခဲ့တဲ့ အေဂျက် ကွင်းလယ် တိုက်စစ်သမား ဇီယက်ဟာ ထူးရှယ် ကစားသမား တစ်ဦး ဖြစ်တယ်လို့ စပါးကစားသမားဟောင်း ဂျင်မီ အိုဟာရာက စကိုင်းစပေါ့မှာ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး တောင်ပံတိုက်စစ်သမား ဝီလီယံကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းကလည်း မျက်စိကျလာနေပါတယ်။ ဂျူဗင်တပ်ဟာ ဒီတလော အပြောင်းအရွှေ့တွေ အတွင်း နာမည်ကျော် ကစားသမားတွေကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခပ်သွက်သွက် ခေါ်ယူနေပါတယ်။

ဇီယက်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၃၇ သန်းမျှသာ ပေးရမယ့်အပေါ် ချယ်ဆီး ပရိသတ်များ မယုံနိုင် ဖြစ်နေကြပြီး တွစ်တာမှာ မှတ်ချက်တွေ ပလူပျံနေခဲ့ပါတယ်။

ဇီယက်ကို နွေမတိုင်ခင်ပဲ စောစော သဘောတူညီမှု ရအောင် စွမ်းဆောင်ပြလိုက်တာက ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမား တစ်ဦးမှ မခေါ်နိုင်ခဲ့လို့ ဝေဖန်မှုတွေ ရှိနေတဲ့ အပေါ် အားကစားဒါရိုက်တာ မာရီယာက နှုတ်ပိတ်ပေးနိုင်ခဲ့ပြီလို့ လန်ဒန် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

ရှက်ဖီးယူနိုက်တက်မှာ အငှား ကစားနေတဲ့ မန်ချက်စတာယူနိုက်တက် လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ကို ခေါ်ယူဖို့ ချယ်ဆီးနဲ့ ပီအက်စ်ဂျီတို့ စိတ်ဝင်စားနေကြပါတယ်။ ဒင်းဟန်ဒါဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည် အကောင်းဆုံး ဂိုးသမားတွေထဲ ပါဝင်ပါတယ်။

Zawgyi – လြန္ခဲ့တဲ့ နွစ္အနည္းငယ္ေလာက္က စြမ္းေဆာင္ရည္ ညံ့ခဲ့တာေၾကာင္း ထိုစဥ္က ခ်ယ္ဆီး နည္းျပ ေမာ္ရင္ညိဳရဲ႕ ရွံဳ႕ခ်ျခင္းကို ရင္ဆုိင္ခဲ့ရေၾကာင္း ခံစစ္မွဴး ဇူးမားက ဖြင့္ဟခဲ့ပါတယ္။ ေမာ္ရင္ညိဳက ဇူးမားအား မင္းက အရွဳပ္ထုပ္ သက္သက္ပဲလို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးတို႔ ေခၚယူနုိင္ခဲ့ျပီ အတည္ျပဳခဲ့တဲ့ ေအဂ်က္ ကြင္းလယ္ တိုက္စစ္သမား ဇီယက္ဟာ ထူးရွယ္ ကစားသမား တစ္ဦး ျဖစ္တယ္လို႔ စပါးကစားသမားေဟာင္း ဂ်င္မီ အိုဟာရာက စကိုင္းစေပါ့မွာ သုံးသပ္ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ၀ီလီယံကို ေခၚယူဖို႔ ဂ်ဴဗင္တပ္အသင္းကလည္း မ်က္စိက်လာေနပါတယ္။ ဂ်ဴဗင္တပ္ဟာ ဒီတေလာ အေျပာင္းအေရႊ႕ေတြ အတြင္း နာမည္ေက်ာ္ ကစားသမားေတြကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ခပ္သြက္သြက္ ေခၚယူေနပါတယ္။

ဇီယက္အတြက္ ေျပာင္းေရႊ႕ေၾကးကို ေပါင္ ၃၇ သန္းမွ်သာ ေပးရမယ့္အေပၚ ခ်ယ္ဆီး ပရိသတ္မ်ား မယံုနိုင္ ျဖစ္ေနၾကျပီး တြစ္တာမွာ မွတ္ခ်က္ေတြ ပလူပ်ံေနခဲ့ပါတယ္။

ဇီယက္ကို ေႏြမတိုင္ခင္ပဲ ေစာေစာ သေဘာတူညီမႈ ရေအာင္ စြမ္းေဆာင္ျပလိုက္တာက ျပီးခဲ့တဲ့ ဇန္န၀ါရီမွာ ကစားသမား တစ္ဦးမွ မေခၚနုိင္ခဲ့လို႕ ေ၀ဖန္မႈေတြ ရွိေနတဲ့ အေပၚ အားကစားဒါရိုက္တာ မာရီယာက နႈတ္ပိတ္ေပးနိုင္ခဲ့ျပီလို႔ လန္ဒန္ သတင္းဌာနေတြက ေဖာ္ျပေနပါတယ္။

ရွက္ဖီးယူနိုက္တက္မွာ အငွား ကစားေနတဲ့ မန္ခ်က္စတာယူနိုက္တက္ လူငယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ကို ေခၚယူဖို႔ ခ်ယ္ဆီးနဲ႕ ပီအက္စ္ဂ်ီတို႕ စိတ္၀င္စားေနၾကပါတယ္။ ဒင္းဟန္ဒါဆန္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ စြမ္းေဆာင္ရည္ အေကာင္းဆံုး ဂိုးသမားေတြထဲ ပါ၀င္ပါတယ္။