ချယ်ဆီး မန်ယူနိုက်တက်ပွဲစဉ် အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်း

ချယ်ဆီးအသင်းရဲ့ အဆင့် ၄ နေရာ အတွက် စိန်ခေါ်မှုကြီးတဲ့ ပွဲစဉ် အဖြစ် ဒီတစ်ပတ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

ဇန်နဝါရီမှာ ယူနိုက်တက် က ကစားသမား ခေါ်ယူမှု နှစ်ခု ပြုလုပ်နိုင်ခဲ့ပေမယ့် ချယ်ဆီးကတော့ တစ်ဦးမှ မခေါ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ဇီယက်ကို အကြို သဘောတူညီမှု ယူထားနိုင်ခဲ့တာကြောင့် ချယ်ဆီး တာဝန်ရှိသူတွေ အပေါ် ဝေဖန်မှုတွေ ရပ်တန့်ထားနိုင်ခဲ့ပါတယ်။

ဒီတပတ် ချယ်ဆီးနဲ့ ယူနိုက်တက် ပွဲစဉ်အတွက် ဘီဘီစီမှ နာမည်ကျော် လော်ရိုးက သုံးသပ်ခန့်မှန်းမှုတွေ ထွက်လာပါပြီ။ လော်ရိုးကတော့ အိမ်ရှင် ချယ်ဆီးဘက်ကိုပဲ အလေးသာပေးထားပါတယ်။

” ကျနော်ကတော့ မန်ချက်ဟတာ ယူနိုက်တက် လူစာရင်းမှာ ဒါမှမဟုတ် ကစားဟန်မှာ အပြောင်းအလဲ ကြီးကြီးမားမား မြင်ရမယ် မထင်ထားဘူး။ ဘရူနို ဖာနန်ဒက်စ် နည်းနည်း ပို အခြေကျကောင်း ကျလာလိမ့်မယ် ဒါပေမယ့် သူတို့ ဇန်နဝါရီမှာ ခေါ်ခဲ့တဲ့ နောက်တစ်ယောက် အစ်ဟာလိုကတော့ ပွဲထွက်မှာ ပါဝင်နိုင်မယ် မထင်ပါဘူး။

ချယ်ဆီးကတော့ ဘယ်သူ့မှ ခေါ်မထားဘူး ဒါပေမယ့် ဒါက နည်းပြ လမ်းပတ်အပေါ် ဖိအားတွေကို ဖယ်ပေးလိုက်ရာတောင် ရောက်မယ် လို့ ကျနော်က တကယ် ထင်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းက လမ်းပတ်ဟာ သူ့ ရှိတာနဲ့သူ ဖြစ်အောင် လုပ်ရမယ်ဆိုတာ သိနေကြပြီလေ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်း ရလဒ်ကတော့ ချယ်ဆီး ၂-၀ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ အဆင့္ ၄ ေနရာ အတြက္ စိန္ေခၚမႈၾကီးတဲ့ ပြဲစဥ္ အျဖစ္ ဒီတစ္ပတ္မွာ မန္ခ်က္စတာ ယူနိုက္တက္ကို ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။

ဇန္န၀ါရီမွာ ယူနိုက္တက္ က ကစားသမား ေခၚယူမႈ နွစ္ခု ျပဳလုပ္နုိင္ခဲ့ေပမယ့္ ခ်ယ္ဆီးကေတာ့ တစ္ဦးမွ မေခၚနုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ဒီရက္ပိုင္းမွာ ဇီယက္ကို အၾကိဳ သေဘာတူညီမႈ ယူထားနိုင္ခဲ့တာေၾကာင့္ ခ်ယ္ဆီး တာ၀န္ရွိသူေတြ အေပၚ ေ၀ဖန္မႈေတြ ရပ္တန္႔ထားနုိင္ခဲ့ပါတယ္။

ဒီတပတ္ ခ်ယ္ဆီးနဲ႕ ယူနိုက္တက္ ပြဲစဥ္အတြက္ ဘီဘီစီမွ နာမည္ေက်ာ္ ေလာ္ရိုးက သံုးသပ္ခန္႔မွန္းမႈေတြ ထြက္လာပါျပီ။ ေလာ္ရိုးကေတာ့ အိမ္ရွင္ ခ်ယ္ဆီးဘက္ကိုပဲ အေလးသာေပးထားပါတယ္။

” က်ေနာ္ကေတာ့ မန္ခ်က္ဟတာ ယူနိုက္တက္ လူစာရင္းမွာ ဒါမွမဟုတ္ ကစားဟန္မွာ အေျပာင္းအလဲ ၾကီးၾကီးမားမား ျမင္ရမယ္ မထင္ထားဘူး။ ဘရူနို ဖာနန္ဒက္စ္ နည္းနည္း ပို အေျခက်ေကာင္း က်လာလိမ့္မယ္ ဒါေပမယ့္ သူတို႔ ဇန္န၀ါရီမွာ ေခၚခဲ့တဲ့ ေနာက္တစ္ေယာက္ အစ္ဟာလိုကေတာ့ ပြဲထြက္မွာ ပါ၀င္နုိင္မယ္ မထင္ပါဘူး။

ခ်ယ္ဆီးကေတာ့ ဘယ္သူ႕မွ ေခၚမထားဘူး ဒါေပမယ့္ ဒါက နည္းျပ လမ္းပတ္အေပၚ ဖိအားေတြကို ဖယ္ေပးလိုက္ရာေတာင္ ေရာက္မယ္ လို႔ က်ေနာ္က တကယ္ ထင္ထားတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ လူတိုင္းက လမ္းပတ္ဟာ သူ႔ ရွိတာနဲ႕သူ ျဖစ္ေအာင္ လုပ္ရမယ္ဆိုတာ သိေနၾကျပီေလ။ ” လို႔ ေလာ္ရိုုးက သံုးသပ္ထားပါတယ္။

ေလာ္ရိုးရဲ႕ ခန္႔မွန္း ရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၀ မန္ခ်က္စတာ ယူနိုက္တက္ ျဖစ္ပါတယ္။