လာမယ့်နွေမှာ စီနီယာ ကစားသမား လေးဦးထိ ရောင်းထုတ်ဖို့ ချယ်ဆီး ပြင်ဆင်

ချယ်ဆီးအသင်းဟာ လာမယ့်နွေမှာ အေဂျက်မှ ဇီယက်ကို ခေါ်ဖို့ အတည်ပြုချက် ရခဲ့ပြီး ဖြစ်ပေမယ့် မိုရိုကို လက်ရွေးစင်ကို ခေါ်ဖို့ စီနီယာ ကစားသမား လေးဦးထိ ရောင်းထုတ်သွားရန် ပြင်ဆင်နေပါတယ်။ ဇီယက်ကတော့ ချယ်ဆီး အသင်းနဲ့ အတူ ဇူလိုင်လ ၁ ရက်နေ့က စလို့ လာရောက် ပူးပေါင်းမှာပါ။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာတော့ ကစားသမားသစ် ခေါ်ယူမှု မပြုလုပ်ခဲ့သလို အသင်းက ထွက်ခွာလိုနေတဲ့ ကစားသမားတွေ ကိုလည်း ခွင့်မပြုဘဲ ဆက်လက် ထိန်းထားခဲ့တာပါ။ ဒါပေမယ့် ဇီယက် အဝင်မှာတော့ ဂျီရူး၊ ပက်ဒရို၊ ဝီလီယံနဲ့ ဘတ်ရှူဝါရီတို့ကို ထုတ်ရောင်းရန် စီစဉ်နေပါတယ်။

ပက်ဒရိုနဲ့ ဂျီရူးတို့က ဒီရာသီ နှစ်ယောက်ပေါင်း လိဂ်ပွဲ ၁၁ ပွဲသာ ကစားထားတာ ဖြစ်ပြီး ရာသီအကုန်မှာလည်း စာချုပ် ကုန်ဆုံးမှာ ဖြစ်လို့ ချယ်ဆီးက ထွက်ခွာဖို့ အလားအလာ အများဆုံး နှစ်ယောက် ဖြစ်ပါတယ်။

ဘတ်ရှူဝါရီကတော့ ၂၀၂၁ ထိ စာချုပ် ကျန်ရှိသေးတာ ဖြစ်ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် တစ်ပွဲမှ ပွဲထွက်စာရင်းကနေ မပါဝင်ရသေးတဲ့ တိုက်စစ်မှူးကို ချယ်ဆီးက အပိုအဖြစ် သတ်မှတ်ထားဖွယ် ရှိပါတယ်။ ဘယ်လ်ဂျီယံသားရဲ့ နောက်ဆုံး လိဂ်ဂိုးက အောက်တိုဘာလထဲမှာ ဖြစ်ပြီး ဒီရာသီ ကစားထားတဲ့ လိဂ်ပွဲ ၁၄ ပွဲလုံးက အရန်ကနေ ပါဝင်ကာ လူစားဝင် ကစားခဲ့တာ ဖြစ်ပါတယ်။ ဘတ်ရှူဝါရီနဲ့ ချယ်ဆီးတို့ရဲ့ လေးနှစ်တာ လက်တွဲမှုက အပြီးသတ်တော့မယ့်ဟန် ရှိပါတယ်။

ဝီလီယံကတော့ ကျန်ကစားသမားတွေထက် စာရင် လမ်းပတ်ရဲ့ အသင်းမှာ ပို ပါဝင် ကစားခွင့် ရထားတာပါ။ ဒါပေမယ့် အသက် ၃၁ နှစ် အရွယ် ဘရာဇီးသားရဲ့ စာချုပ်ကလည်း လာမယ့်နွေမှာ ကုန်ဆုံးမယ့် အပြင် သက်တမ်းတိုး စာချုပ်သစ် အတွက် ဆွေးနွေးမှုကလည်း ဆိုင်းငံ့ထားပါတယ်။

ဇီယက်က ကွင်းလယ်တိုက်စစ်က ကစားနိုင်တဲ့ အပြင် အေဂျက်မှာတော့ ဒီရာသီမှာ များသောအားဖြင့် ညာတောင်ပံ တိုက်စစ်က လိုက်ပါ ကစားနေပါတယ်။ ဒါက ဝီလီယံရဲ့ နေရာကို ဇီယက် ယူသွားနိုင်တဲ့ အချက် ဖြစ်ပါတယ်။

လူငယ် တိုက်စစ်သမားတွေ ဖြစ်တဲ့ အိုဒွိုင်း၊ ပူလီဆစ်၊ မေဆန်မောင့်တို့ တောက်ပလာတာကလည်း လမ်းပတ်ကို အသင်း စီနီယာ ကစားသမား တချို့ လျှော့ချနိုင်ဖို့ အခွင့် ရှိလာစေတာပါ။ ဂျီရူးနဲ့ ဘတ်ရှူဝါယီကို ထွက်ခွာခွင့် ပြုခဲ့ရင် ချယ်ဆီးက အေဗရာမ်နဲ့ အပြိုင် တိုက်စစ်မှူး တစ်ဦးတော့ ထပ်မံ ခေါ်ယူဦးမှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြမွာ ေအဂ်က္မွ ဇီယက္ကို ေခၚဖုိ႕ အတည္ျပဳခ်က္ ရခဲ့ျပီး ျဖစ္ေပမယ့္ မိုရိုိကို လက္ေရြးစင္ကို ေခၚဖို႔ စီနီယာ ကစားသမား ေလးဦးထိ ေရာင္းထုတ္သြားရန္ ျပင္ဆင္ေနပါတယ္။ ဇီယက္ကေတာ့ ခ်ယ္ဆီး အသင္းနဲ႕ အတူ ဇူလိုင္လ ၁ ရက္ေန႔က စလို႔ လာေရာက္ ပူးေပါင္းမွာပါ။

ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီမွာေတာ့ ကစားသမားသစ္ ေခၚယူမႈ မျပဳလုပ္ခဲ့သလို အသင္းက ထြက္ခြာလိုေနတဲ့ ကစားသမားေတြ ကိုလည္း ခြင့္မျပဳဘဲ ဆက္လက္ ထိန္း္ထားခဲ့တာပါ။ ဒါေပမယ့္ ဇီယက္ အ၀င္မွာေတာ့ ဂ်ီရူး၊ ပက္ဒရို၊ ၀ီလီယံနဲ႕ ဘတ္ရွဴ၀ါရီတို႔ကို ထုတ္ေရာင္းရန္ စီစဥ္ေနပါတယ္။

ပက္ဒရိုနဲ႕ ဂ်ီရူးတို႔က ဒီရာသီ နွစ္ေယာက္ေပါင္း လိဂ္ပြဲ ၁၁ ပြဲသာ ကစားထားတာ ျဖစ္ျပီး ရာသီအကုန္မွာလည္း စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္လို႔ ခ်ယ္ဆီးက ထြက္ခြာဖို႔ အလားအလာ အမ်ားဆံုး နွစ္ေယာက္ ျဖစ္ပါတယ္။

ဘတ္ရွဴ၀ါရီကေတာ့ ၂၀၂၁ ထိ စာခ်ဳပ္ က်န္ရွိေသးတာ ျဖစ္ေပမယ့္ ဒီရာသီ ပရီးမီးယားလိဂ္ တစ္ပြဲမွ ပြဲထြက္စာရင္းကေန မပါ၀င္ရေသးတ့ဲ တိုက္စစ္မွဴးကို ခ်ယ္ဆီးက အပိုအျဖစ္ သတ္မွတ္ထားဖြယ္ ရွိပါတယ္။ ဘယ္လ္ဂ်ီယံသားရဲ႕ ေနာက္ဆံုး လိဂ္ဂိုးက ေအာက္တိုဘာလထဲမွာ ျဖစ္ျပီး ဒီရာသီ ကစားထားတဲ့ လိဂ္ပြဲ ၁၄ ပြဲလံုးက အရန္ကေန ပါ၀င္ကာ လူစား၀င္ ကစားခဲ့တာ ျဖစ္ပါတယ္။ ဘတ္ရွဴ၀ါရီနဲ႔ ခ်ယ္ဆီးတို႔ရဲ႕ ေလးနွစ္တာ လက္တြဲမႈက အျပီးသတ္ေတာ့မယ့္ဟန္ ရွိပါတယ္။

၀ီလီယံကေတာ့ က်န္ကစားသမားေတြထက္ စာရင္ လမ္းပတ္ရဲ႕ အသင္းမွာ ပို ပါ၀င္ ကစားခြင့္ ရထားတာပါ။ ဒါေပမယ့္ အသက္ ၃၁ နွစ္ အရြယ္ ဘရာဇီးသားရဲ႕ စာခ်ဳပ္ကလည္း လာမယ့္ေႏြမွာ ကုန္ဆံုးမယ့္ အျပင္ သက္တမ္းတိုး စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈကလည္း ဆိုင္းငံ့ထားပါတယ္။

ဇီယက္က ကြင္းလယ္တိုက္စစ္က ကစားနိုင္တဲ့ အျပင္ ေအဂ်က္မွာေတာ့ ဒီရာသီမွာ မ်ားေသာအားျဖင့္ ညာေတာင္ပံ တိုက္စစ္က လိုက္ပါ ကစားေနပါတယ္။ ဒါက ၀ီလီယံရဲ႕ ေနရာကို ဇီယက္ ယူသြားနုိင္တဲ့ အခ်က္ ျဖစ္ပါတယ္။

လူငယ္ တိုက္စစ္သမားေတြ ျဖစ္တဲ့ အိုဒြိဳင္း၊ ပူလီဆစ္၊ ေမဆန္ေမာင့္တို႔ ေတာက္ပလာတာကလည္း လမ္းပတ္ကို အသင္း စီနီယာ ကစားသမား တခ်ိဳ႕ ေလွ်ာ့ခ်နုိင္ဖို႔ အခြင့္ ရွိလာေစတာပါ။ ဂ်ီရူးနဲ႕ ဘတ္ရွဴ၀ါယီကို ထြက္ခြာခြင့္ ျပဳခဲ့ရင္ ခ်ယ္ဆီးက ေအဗရာမ္နဲ႕ အျပိဳင္ တိုက္စစ္မွဴး တစ္ဦးေတာ့ ထပ္မံ ေခၚယူဦးမွာ ျဖစ္ပါတယ္။