ချယ်ဆီး ယူနိုက်တက်ပွဲမှာ အိမ်ရှင်တွေကို အသာပေးထားတဲ့ ချာလီရဲ့ သုံးသပ်ခန့်မှန်း

ဆောင်းရာသီ နားရက်အပြီး ချယ်ဆီးရဲ့ ပွဲကြပ် ပွဲဦးထွက်ကတော့ ယူနိုက်တက်ကို အိမ်ကွင်း စတန်းဖို့ ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ နားရက်ကြောင့် ဒဏ်ရာနဲ့ နာကျင်မှု အချို့ ရှိနေတဲ့ ကစားသမားတွေ သက်သာ ပျောက်ကင်းဖို့ အခွင့်ကောင်း ရခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီပွဲ မတိုင်ခင်ဘဲ အေဂျက် ကစားသမား ဇီယက်ကို ခေါ်ဖို့ အကြိုသဘောတူညီမှု ရခဲ့တာ အတည်ပြုနိုင်ခဲ့တာကြောင့် အသင်း ပရိသတ်တွေက စိတ်ဓတ် တက်ကြွနေမှာပါ။ ဇန်နဝါရီမှာ ကစားသမားသစ် မခေါ်နိုင်ခဲ့တာ က နည်းပြ လမ်းပတ် အပြင် မျှော်လင့်ချက်ကြီး ထားခဲ့တဲ့ ပရိသတ်တွေပါ စိတ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ပွဲစဉ် ကတော့ ဖေဖော်ဝါရီ ၁၈ အင်္ဂါနေ့ မနက်အစော မြန်မာစံတော်ချိန် ၂း၃၀ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် စကိုင်းစပေါ့မှ ပင်တိုင် သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” တနင်္လာနေ့မှာ နောက်ထပ် စောင့်ကြည့်ချင်စရာ တစ်ပွဲက ရှိပါသေးတယ်။ ထိပ်ဆုံးလေးသင်းနေရာ အတွက် ပြိုင်ပွဲကလည်း စိတ်ဝင်စားစရာ ကောင်းနေတာပါ။ ချယ်ဆီးပဲ ထပ်လုပ်နိုင်ဦးမလား သူတို့အသင်းက အိမ်ကွင်းမှာ ထူးထူးဆန်းဆန်း ခြေချော်တာတွေလည်း ရှိထားတဲ့ အသင်းပါ။

ဆောင်းရာသီ နားရက်မတိုင်ခင်က တမ်မီ အေဗရာဟမ်မှာ ဒဏ်ရာလို သက်တောင့်သက်သာ မရှိတာတွေ ဖြစ်ထားတယ်။ မေဆန်မောင့် ကလည်း အာဆင်နယ်နဲ့ ပွဲမှာ မပါခဲ့ဘူး။ အားလပ်ရက် အပြီးမှာတော့ သူတို့ အသစ် ပြန်စနိုင်ပြီ ထင်ပါတယ်။ ဝီလီယံကလည်း ခြေစွမ်းပြထားပေမယ့် ပွဲတချို့မှာ နည်းနည်းအေးနေခဲ့တယ်။ နားရက်က အချိန်ကိုက် ရလိုက်တာလို့ ဆိုနိုင်ပြီး သူတို့ အနေနဲ့ ပြန်လည် စုစည်းနိုင်ကြမှာပါ။

မန်ချက်စတာ ယူနိုက်တက်ကလည်း နားရက်မှာ ကစားသမားတချို့ ပြန်ကောင်းလာဖို့ ရှိတယ်။ မန်စီးတီးကို ရင်ဆိုင်ရတဲ့ နှစ်ကြိမ်လုံးမှာ သူတို့ အကောင်းဆုံး လုပ်ပြထားတယ်။ ဒါပေမယ့် ခြေစွမ်း တည်ငြိမ်မှု မရှိတာက တကယ့်ပြသနာပါ။ ဒါကြောင့်လည်း လူတွေက ယူနိုက်တက်ဆီ ပိုချက်တီနို ရောက်လာဖို့ မျှော်လင့်နေကြတာ ဖြစ်တယ်။

ဒီပွဲမှာတော့ ချယ်ဆီးက အမှတ်ပြည့်ယူဖို့ လုံလောက် ကောင်းမွန်မယ် ကျနော် ထင်ထားတယ်။ ဒါပေမယ့် သူတို့ ကစားဟန်ကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဖို့နဲ့ သက်ရောက်မှု ရှိဖို့ လိုတယ်။ ” လို့ ချာလီက သုံးသပ် ပြောဆိုထားပါတယ်။

ချာလီ နစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၁ မန်ချက်စတာယူနိုက်တက်

Zawgyi – ေဆာင္းရာသီ နားရက္အျပီး ခ်ယ္ဆီးရဲ႕ ပြဲၾကပ္ ပြဲဦးထြက္ကေတာ့ ယူနိုက္တက္ကုိ အိမ္ကြင္း စတန္းဖို႔ ဘရစ္ခ်္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ နားရက္ေၾကာင့္ ဒဏ္ရာနဲ႕ နာက်င္မႈ အခ်ိဳ႕ ရွိေနတဲ့ ကစားသမားေတြ သက္သာ ေပ်ာက္ကင္းဖို႔ အခြင့္ေကာင္း ရခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီပြဲ မတိုင္ခင္ဘဲ ေအဂ်က္ ကစားသမား ဇီယက္ကို ေခၚဖို႔ အၾကိဳသေဘာတူညီမႈ ရခဲ့တာ အတည္ျပဳနုိင္ခဲ့တာေၾကာင့္ အသင္း ပရိသတ္ေတြက စိတ္ဓတ္ တက္ၾကြေနမွာပါ။ ဇန္န၀ါရီမွာ ကစားသမားသစ္ မေခၚနိုင္ခဲ့တာ က နည္းျပ လမ္းပတ္ အျပင္ ေမွ်ာ္လင့္ခ်က္ၾကီး ထားခဲ့တဲ့ ပရိသတ္ေတြပါ စိတ္ပ်က္ခဲ့ရတာ ျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ ပြဲစဥ္ ကေတာ့ ေဖေဖာ္၀ါရီ ၁၈ အဂၤါေန႔ မနက္အေစာ ျမန္မာစံေတာ္ခ်ိန္ ၂း၃၀ နာရီမွာ ကစားၾကမွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ စကိုင္းစေပါ့မွ ပင္တိုင္ သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” တနလၤာေန႔မွာ ေနာက္ထပ္ ေစာင့္ၾကည့္ခ်င္စရာ တစ္ပြဲက ရွိပါေသးတယ္။ ထိပ္ဆံုးေလးသင္းေနရာ အတြက္ ျပိဳင္ပြဲကလည္း စိတ္၀င္စားစရာ ေကာင္းေနတာပါ။ ခ်ယ္ဆီးပဲ ထပ္လုပ္နုိင္ဦးမလား သူတို႔အသင္းက အိမ္ကြင္းမွာ ထူးထူးဆန္းဆန္း ေျခေခ်ာ္တာေတြလည္း ရွိထားတဲ့ အသင္းပါ။

ေဆာင္းရာသီ နားရက္မတိုင္ခင္က တမ္မီ ေအဗရာဟမ္မွာ ဒဏ္ရာလို သက္ေတာင့္သက္သာ မရွိတာေတြ ျဖစ္ထားတယ္။ ေမဆန္ေမာင့္ ကလည္း အာဆင္နယ္နဲ႕ ပြဲမွာ မပါခဲ့ဘူး။ အားလပ္ရက္ အျပီးမွာေတာ့ သူတို႔ အသစ္ ျပန္စနုိင္ျပီ ထင္ပါတယ္။ ၀ီလီယံကလည္း ေျခစြမ္းျပထားေပမယ့္ ပြဲတခ်ိဳ႕မွာ နည္းနည္းေအးေနခဲ့တယ္။ နားရက္က အခ်ိန္ကိုက္ ရလိုက္တာလို႔ ဆိုနုိင္ျပီး သူတို႔ အေနနဲ႕ ျပန္လည္ စုစည္းနုိင္ၾကမွာပါ။

မန္ခ်က္စတာ ယူနုိက္တက္ကလည္း နားရက္မွာ ကစားသမားတခ်ိဳ႕ ျပန္ေကာင္းလာဖို႔ ရွွိတယ္။ မန္စီးတီးကို ရင္ဆိုင္ရတဲ့ နွစ္ၾကိမ္လံုးမွာ သူတို႔ အေကာင္းဆံုး လုပ္ျပထားတယ္။ ဒါေပမယ့္ ေျခစြမ္း တည္ျငိမ္မႈ မရွိတာက တကယ့္ျပသနာပါ။ ဒါေၾကာင့္လည္း လူေတြက ယူနိုက္တက္ဆီ ပိုခ်က္တီနုိ ေရာက္လာဖို႔ ေမွ်ာ္လင့္ေနၾကတာ ျဖစ္တယ္။

ဒီပြဲမွာေတာ့ ခ်ယ္ဆီးက အမွတ္ျပည့္ယူဖို႔ လံုေလာက္ ေကာင္းမြန္မယ္ က်ေနာ္ ထင္ထားတယ္။ ဒါေပမယ့္ သူတို႔ ကစားဟန္ကို မွန္မွန္ကန္ကန္ အေကာင္အထည္ေဖာ္ဖို႔နဲ႕ သက္ေရာက္မႈ ရွိဖို႔ လိုတယ္။ ” လို႔ ခ်ာလီက သံုးသပ္ ေျပာဆိုထားပါတယ္။

ခ်ာလီ နစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၁ မန္ခ်က္စတာယူနိုက္တက္