ဇီယက်အတွက် အတည်ပြုမှု ထောက်ခံမှုများ၊ ဆန်ချိုအတွက် ပြိုင်ဘက်များနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးအသင်းဟာ အေဂျက် ကွင်းလယ်တိုက်စစ်သမား ဇီယက်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အေဂျက်အသင်းဘက်က အတည်ပြု ကြေငြာ သွားပါတယ်။ ဇီယက်က လာမယ့်နွေမှာ ချယ်ဆီးအသင်းသား အဖြစ် လာရောက် ပူးပေါင်းမှာပါ။

ဇီယက်ဟာ ချယ်ဆီးအသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်မှာ ဖြစ်ပြီး စတန်းဖို့ဘရစ်ချ်က ဇီယက်အတွက် ပြီးပြည့်စုံတဲ့ နေရာ ဖြစ်တယ်လို့ အသင်းဖော် ဗန်ဒါဘိက ထောက်ခံပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဂိုးသမား ကီပါက ဆောင်းရာသီ အားလပ်ရက်မှာ နည်းပြ လမ်းပတ်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အသင်းမှာ ဦးစားပေး နေရာ ပြန် ရနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ချယ်ဆီးဟာ ယူနိုက်တက်၊ လီဗာပူးတို့နဲ့ အပြိုင် ချန်ပီယံရှစ်ကလပ် ဘာမင်ဂန်မှာ လူငယ်တိုက်စစ်သမား ဘယ်လင်ဟန်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ၁၆ နှစ်သား အင်္ဂလန် လူငယ်လေးအတွက် ပြောင်းရွှေ့ကြေးနဲ့ ဆုကြေးအပါ ပေါင် သန်း ၅၀ လောက် သုံးရဖွယ် ရှိပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ပစ်မှတ်ထားနေတဲ့ ပေါင် သန်း ၁၀၀ တန် ဒေါ့မွန် တောင်ပံတိုက်စစ်သမား ဆန်ချိုကို လီဗာပူးနဲ့ မန်စီးတီး တို့ကလည်း ခေါ်ယူလိုဟန် ပြသလာပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားသမား လစာ ပေးချေနှုန်းထဲ ချယ်ဆီးအသင်းက ပေါင် ၄.၇ သန်းကျော်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ အဆင့် ၁ နေရာကတော့ မန်စီးတီး ဖြစ်ပြီး တစ်နှစ် လစာ ပေါင် ၆.၉ သန်းကျော် ပေးဆောင်နေတာပါ။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေအဂ်က္ ကြင္းလယ္တိုက္စစ္သမား ဇီယက္ကို ေခၚယူနိုင္ခဲ့ျပီ ျဖစ္ေၾကာင္း ေအဂ်က္အသင္းဘက္က အတည္ျပဳ ေၾကျငာ သြားပါတယ္။ ဇီယက္က လာမယ့္ေႏြမွာ ခ်ယ္ဆီးအသင္းသား အျဖစ္ လာေရာက္ ပူးေပါင္းမွာပါ။

ဇီယက္ဟာ ခ်ယ္ဆီးအသင္းမွာ ေအာင္ျမင္မႈေတြ ရယူနုိင္မွာ ျဖစ္ျပီး စတန္းဖို႔ဘရစ္ခ်္က ဇီယက္အတြက္ ျပီးျပည့္စံုတဲ့ ေနရာ ျဖစ္တယ္လို႔ အသင္းေဖာ္ ဗန္ဒါဘိက ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဂိုးသမား ကီပါက ေဆာင္းရာသီ အားလပ္ရက္မွာ နည္းျပ လမ္းပတ္နဲ႕ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ျပီး အသင္းမွာ ဦးစားေပး ေနရာ ျပန္ ရနုိင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။

ခ်ယ္ဆီးဟာ ယူနိုက္တက္၊ လီဗာပူးတို႔နဲ႕ အျပိဳင္ ခ်န္ပီယံရွစ္ကလပ္ ဘာမင္ဂန္မွာ လူငယ္တိုက္စစ္သမား ဘယ္လင္ဟန္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနပါတယ္။ ၁၆ နွစ္သား အဂၤလန္ လူငယ္ေလးအတြက္ ေျပာင္းေရႊ႕ေၾကးနဲ႕ ဆုေၾကးအပါ ေပါင္ သန္း ၅၀ ေလာက္ သံုးရဖြယ္ ရွိပါတယ္။

ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ ပစ္မွတ္ထားေနတဲ့ ေပါင္ သန္း ၁၀၀ တန္ ေဒါ့မြန္ ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳကို လီဗာပူးနဲ႕ မန္စီးတီး တို႕ကလည္း ေခၚယူလိုဟန္ ျပသလာပါတယ္။

ပရီးမီးယားလိဂ္မွာ ကစားသမား လစာ ေပးေခ်ႏႈန္းထဲ ခ်ယ္ဆီးအသင္းက ေပါင္ ၄.၇ သန္းေက်ာ္နဲ႕ အဆင့္ ၅ ေနရာမွာ ရွိေနပါတယ္။ အဆင့္ ၁ ေနရာကေတာ့ မန္စီးတီး ျဖစ္ျပီး တစ္နွစ္ လစာ ေပါင္ ၆.၉ သန္းေက်ာ္ ေပးေဆာင္ေနတာပါ။