ချယ်ဆီးအပါအဝင် ထိပ်သီးကလပ်တွေ စိတ်ဝင်စားနေတဲ့ လူငယ်လေး ဘယ်လင်ဟန်

ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် အသင်းမှ လူငယ်တိုက်စစ်သမားလေး ဘယ်လင်ဟန်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။

အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ဘာမင်ဂမ် လူငယ်လေး ဘယ်လင်ဟန်ကို ချယ်ဆီးနဲ့ ယူနိုက်တက် အပြင် အာဆင်နယ်နဲ့ လီဗာပူးကလည်း စောင့်ကြည့်နေကြပါတယ်။ အင်္ဂလန်ရဲ့ လူငယ်ကြယ်ပွင့်တွေထဲ အတောက်ပဆုံး ဖြစ်လာတဲ့ ဘယ်လင်ဟန်ရဲ့ ခြေစွမ်းကြောင့် အင်္ဂလန်က အသင်းတွေ အပြင် ဥရောပ ထိပ်သီးအသင်းတွေကပါ စောင့်ကြည့်ခြင်း ခံနေရပါတယ်။

လူငယ် ကစားသမားသာ ဖြစ်ပေမယ့် ၎င်းကို ခေါ်ယူဖို့ ပေါင် သန်း ၅၀ လောက် သုံးရဖွယ် ရှိပါတယ်။ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက ၃၅ သန်းလောက် ဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်း ထပ်တိုး ဘောနပ်စ်တွေက ၁၅ သန်း လောက် ပါဝင်ဖွယ်ပါ။ ဘယ်လင်ဟန်က အသက် ၁၆ နှစ်သာ ရှိသေးတာကြောင့် ပရော်ဖက်ရှင်နယ် စာချုပ်လည်း ချုပ်ဆိုထားခြင်း မရှိသေးပါဘူး။

ဆယ်ကျော်သက် လူငယ်သာ ဖြစ်သော်လည်း ဘယ်လင်ဟန်က ဘောလုံးနဲ့ အတူ သက်တောင့်သက်သာ ရွေ့လျားနိုင်သလို သူ့အသက်အရွယ်နဲ့ မမျှစွာ ချန်ပီယံရှစ်မှာ တည်ငြိမ်စွာ ကစားပြနေပါတယ်။ ၎င်းက လျင်မြန်သလို ပြိုင်ဘက်တွေကို ခပ်သွက်သွက် ကျော်ဖြတ်နိုင်ပါတယ်။ အင်္ဂလန်ရဲ့ ကာယအားပြု ကစားဟန်ကို လိုက် ကစားနိုင်သလို ဘောလုံး ဆုံးရှုံးတာလည်း ရှားပါးသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ယူနိုက်တက်ဟာ ဘယ်လင်ဟန်ကို ပေါင် သန်း ၃၀ ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ဘာမင်ဂန်ဘက်က ပယ်ချခဲ့တာကြောင့် ထို့ထက် များတဲ့ ပမာဏနဲ့ ကမ်းလှမ်းမှသာ အင်္ဂလန် လူငယ်လေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

နာမည်ကျော် အင်္ဂလန်တိုက်စစ်မှူး ဝိန်း ရွန်းနီနဲ့ နှိုင်းယှဉ်ခြင်း ခံနေရတဲ့ ဘယ်လယ်ဟာဟာ အင်္ဂလန် အမှတ်ပေးလိဂ်တွေထဲမှာ အသက် အငယ်ဆုံး ပွဲထွက် အများဆုံး ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ၎င်းက ဘာမင်ဂမ် အသင်းအတွ့် အသက် ၁၆ နှစ် ၃၈ ရက်မှာ စတင် ပွဲထွက် ကစားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ဟာ ခ်န္ပီယံရွစ္ကလပ္ ဘာမင္ဂမ္ အသင္းမွ လူငယ္တိုက္စစ္သမားေလး ဘယ္လင္ဟန္ကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ အၿပိဳင္ေခၚယူဖို႔ ႀကိဳးစားေနၾကပါတယ္။

အသက္ ၁၆ ႏွစ္သာ ရွိေသးတဲ့ ဘာမင္ဂမ္ လူငယ္ေလး ဘယ္လင္ဟန္ကို ခ်ယ္ဆီးနဲ႕ ယူနိုက္တက္ အျပင္ အာဆင္နယ္နဲ႕ လီဗာပူးကလည္း ေစာင့္ၾကည့္ေနၾကပါတယ္။ အဂၤလန္ရဲ႕ လူငယ္ၾကယ္ပြင့္ေတြထဲ အေတာက္ပဆံုး ျဖစ္လာတဲ့ ဘယ္လင္ဟန္ရဲ႕ ေျခစြမ္းေၾကာင့္ အဂၤလန္က အသင္းေတြ အျပင္ ဥေရာပ ထိပ္သီးအသင္းေတြကပါ ေစာင့္ၾကည့္ျခင္း ခံေနရပါတယ္။

လူငယ္ ကစားသမားသာ ျဖစ္ေပမယ့္ ၄င္းကို ေခၚယူဖို႔ ေပါင္ သန္း ၅၀ ေလာက္ သံုးရဖြယ္ ရွိပါတယ္။ ကစားသမားရဲ႕ ေျပာင္းေရႊ႕ေၾကးက ၃၅ သန္းေလာက္ ျဖစ္ျပီး စြမ္းေဆာင္ရည္ပိုင္း ထပ္တိုး ေဘာနပ္စ္ေတြက ၁၅ သန္း ေလာက္ ပါ၀င္ဖြယ္ပါ။ ဘယ္လင္ဟန္က အသက္ ၁၆ နွစ္သာ ရွိေသးတာေၾကာင့္ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္လည္း ခ်ဳပ္ဆိုထားျခင္း မရွိေသးပါဘူး။

ဆယ္ေက်ာ္သက္ လူငယ္သာ ျဖစ္ေသာ္လညး္ ဘယ္လင္ဟန္က ေဘာလံုးနဲ႕ အတူ သက္ေတာင့္သက္သာ ေရြ႕လ်ားနုိင္သလို သူ႔အသက္အရြယ္နဲ႕ မမွ်စြာ ခ်န္ပီယံရွစ္မွာ တည္ျငိမ္စြာ ကစားျပေနပါတယ္။ ၄င္းက လ်င္ျမန္သလို ျပိဳင္ဘက္ေတြကို ခပ္သြက္သြက္ ေက်ာ္ျဖတ္နုိင္ပါတယ္။ အဂၤလန္ရဲ႕ ကာယအားျပဳ ကစားဟန္ကို လိုက္ ကစားနုိင္သလို ေဘာလံုး ဆံုးရွံဳးတာလည္း ရွားပါးသူ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက ယူနိုက္တက္ဟာ ဘယ္လင္ဟန္ကို ေပါင္ သန္း ၃၀ ေပးျပီး ကမ္းလွမ္းခဲ့ေပမယ့္ ဘာမင္ဂန္ဘက္က ပယ္ခ်ခဲ့တာေၾကာင့္ ထို႔ထက္ မ်ားတဲ့ ပမာဏနဲ႕ ကမ္းလွမ္းမွသာ အဂၤလန္ လူငယ္ေလးကို ရရွိနိုင္မွာ ျဖစ္ပါတယ္။

နာမည္ေက်ာ္ အဂၤလန္တိုက္စစ္မွဴး ၀ိန္း ရြန္းနီနဲ႕ နိႈင္းယွဥ္ျခင္း ခံေနရတဲ့ ဘယ္လယ္ဟာဟာ အဂၤလန္ အမွတ္ေပးလိဂ္ေတြထဲမွာ အသက္ အငယ္ဆံုး ပြဲထြက္ အမ်ားဆံုး ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။ ၄င္းက ဘာမင္ဂမ္ အသင္းအတြ႕္ အသက္ ၁၆ နွစ္ ၃၈ ရက္မွာ စတင္ ပြြဲထြက္ ကစားခဲ့ပါတယ္။