ချယ်ဆီးမှာ ဦးစားပေး ပွဲထွက်ခွင့် ပြန်ရမယ်လို့ ယုံကြည်နေတဲ့ ဂိုးသမား ကီပါ

ဒီရာသီမှာ မတည်ငြိမ်တဲ့ လက်စွမ်းတွေကြောင့် နည်းပြ လမ်းပတ်ကိုယ်တိုင် စိတ်တိုင်းမကျ ဖြစ်ကာ ချန်လှပ်ခြင်း ခံခဲ့ရပေမယ့် ဂိုးသမား ကီပါကတော့ အသင်းမှာ ပြန် ပွဲထွက်ကစားခွင့် ရမယ်လို့ ယုံကြည်နေပါတယ်။ ကီပါက နည်းပြ လမ်းပတ်နဲ့လည်း ပြောဆို ဆွေးနွေးမှု ပြုလုပ်ထားခဲ့ပါတယ်။

၎င်းက လမ်းပတ်နဲ့ ဆွေးနွေးအပြီးမှာ အသင်းရဲ့ ဦးစားပေး ဂိုးသမား နေရာ ပြန်လည် ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ခဲ့တာပါ။ လက်စတာနဲ့ ပွဲမှာ ချန်လှပ်ခံခဲ့ရပေမယ့် ဆောင်းရာသီ နားရက်အပြီး ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ပြန် ပါဝင်ခွင့် ရဖို့ ကီပါက မျှော်လင့်နေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်း ဦးစားပေး ဂိုးသမားတွေရဲ့ ဂိုးကာကွယ်မှုနှုန်းထဲ ကီပါရဲ့ စွမ်းဆောင်ရည်က နောက်ဆုံးမှာ ၅၆% နဲ့ ရှိနေပါတယ်။ ထိပ်တန်း အနေနဲ့ကတော့ လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ကာကွယ်မှု ၈၇% နဲ့ ရပ်တည်နေတာပါ။ ဒါကြောင့်လည်း လမ်းပတ်က ကီပါကို ရောင်းထုတ်ဖို့ အထိ ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမယ့် ဆောင်းရာသီ အားလပ်ကာလအတွင်း ကီပါက နည်းပြ လမ်းပတ်နဲ့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အသင်းမှာ ဆက်လက် နေရာ ရမယ်လို့ ယုံကြည်နေပါတယ်။

ကီပါ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ် မဖြစ်ကတော့ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ မြင်ရတော့မှာ ဖြစ်ပြီး လမ်းပတ် အနေနဲ့လည်း လက်ကျန် ရာသီမှာ ကီပါနဲ့ ကာဘယ်လာရိုက လွဲလို့ ရွေးချယ်စရာ ရှိဦးမှာ မဟုတ်ပါဘူး။ လာမယ့်နွေ အတွက်တော့ အေဂျက် ဂိုးသမား အိုနာနာကို ခေါ်ဖို့ ရေပန်းစားနေဆဲပါ။

Zawgyi – ဒီရာသီမွာ မတည္ျငိမ္တဲ့ လက္စြမ္းေတြေၾကာင့္ နည္းျပ လမ္းပတ္ကိုယ္တိုင္ စိတ္တိုင္းမက် ျဖစ္ကာ ခ်န္လွပ္ျခင္း ခံခဲ့ရေပမယ့္ ဂိုးသမား ကီပါကေတာ့ အသင္းမွာ ျပန္ ပြဲထြက္ကစားခြင့္ ရမယ္လို႔ ယံုၾကည္ေနပါတယ္။ ကီပါက နည္းျပ လမ္းပတ္နဲ႕လည္း ေျပာဆို ေဆြးေႏြးမႈ ျပဳလုပ္ထားခဲ့ပါတယ္။

၄င္းက လမ္းပတ္နဲ႕ ေဆြးေႏြးအျပီးမွာ အသင္းရဲ႕ ဦးစားေပး ဂိုးသမား ေနရာ ျပန္လည္ ထိန္္းသိမ္းနိုင္မယ္လို႔ ယံုၾကည္ခဲ့တာပါ။ လက္စတာနဲ႕ ပြဲမွာ ခ်န္လွပ္ခံခဲ့ရေပမယ့္ ေဆာင္းရာသီ နားရက္အျပီး ယူနိုက္တက္နဲ႕ ရင္ဆိုင္ရမယ့္ ပြဲမွာ ျပန္ ပါ၀င္ခြင့္ ရဖို႔ ကီပါက ေမွ်ာ္လင့္ေနပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ အသင္း ဦးစားေပး ဂိုးသမားေတြရဲ႕ ဂိုးကာကြယ္မႈနႈန္းထဲ ကီပါရဲ႕ စြမ္းေဆာင္ရည္က ေနာက္ဆံုးမွာ ၅၆% နဲ႕ ရွိေနပါတယ္။ ထိပ္တန္း အေနနဲ႕ကေတာ့ လီဗာပူး ဂိုးသမား အယ္လစ္ဆန္က ကာကြယ္မႈ ၈၇% နဲ႕ ရပ္တည္ေနတာပါ။ ဒါေၾကာင့္လည္း လမ္းပတ္က ကီပါကို ေရာင္းထုတ္ဖို႔ အထိ ရည္ရြယ္ခဲ့ပါတယ္။

ဒါေပမယ့္ ေဆာင္းရာသီ အားလပ္ကာလအတြင္း ကီပါက နည္းျပ လမ္းပတ္နဲ႕ ေျပာဆို ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ျပီးေနာက္ အသင္းမွာ ဆက္လက္ ေနရာ ရမယ္လို႔ ယံုၾကည္ေနပါတယ္။

ကီပါ ေမွ်ာ္လင့္ထားတဲ့ အတိုင္း ျဖစ္ မျဖစ္ကေတာ့ ယူနိုက္တက္နဲ႕ ပြဲစဥ္မွာ ျမင္ရေတာ့မွာ ျဖစ္ျပီး လမ္းပတ္ အေနနဲ႕လည္း လက္က်န္ ရာသီမွာ ကီပါနဲ႕ ကာဘယ္လာရိုက လြဲလို႔ ေရြးခ်ယ္စရာ ရွိဦးမွာ မဟုတ္ပါဘူး။ လာမယ့္ေႏြ အတြက္ေတာ့ ေအဂ်က္ ဂိုးသမား အိုနာနာကို ေခၚဖို႔ ေရပန္းစားေနဆဲပါ။