လီဗာပူးကြောင့် ရီစီ ဂျိမ်းစ်ကို နေရာ ပြောင်းကစားဖို့ တိုက်တွန်းလိုက်တဲ့ အသင်းသားဟောင်း

ချယ်ဆီး လူငယ်ကြယ်ပွင့် ရီစီဂျိမ်းစ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ရည်မှန်းချက်ကြီး ရှိပါက ခံစစ် ဗဟိုမှာ နေရာ ပြောင်း ကစားသင့်ကြောင်း ချယ်ဆီးခံစစ်မှူးဟောင်းကြီး ဖရန့် ဆင်ကလဲယားက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဂျိမ်းစ် ကစားတဲ့ ညာစွန် ခံစစ်နေရာမှာ လီဗာပူး ခံစစ်မှူးထရန့်အလက်ဇန်းဒါး အာနိုးက အထူး ခြေစွမ်းပြနေတာကြောင့် ဂျိမ်းစ် အနေနဲ့ ထိုနေရာကနေ နိုင်ငံအသင်းမှာ ပါဝင်ခွင့် ရဖို့ ခက်ခဲမယ်လို့ ဆင်ကလဲယားက ထောက်ပြသွားခဲ့တာပါ။ အသက် ၂၀ အရွယ် ချယ်ဆီးလူငယ်လေး ၈ျိမ်းစ်ဟာ ဖရန့်လမ်းပတ် အသင်းမှာ အစွမ်းပြ နေရာရလာသူပါ။

ဒီရာသီ လမ်းပတ်ရဲ့ အသင်းနဲ့အတူ ပွဲ ၂၀ ကစားပြီးတဲ့ ဂျိမ်းစ်ဟာ အင်္ဂလန်အသင်းအတွက်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ပွဲ ထွက် ကစားခွင့် အတွက်တော့ လောလောဆယ် ကမ္ဘာ့အကောင်းဆုံး ညာစွန်ခံစစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ထရန့် အလက်ဇန်းဒါး အာနိုးနဲ့ ထိပ်တိုက်တွေ့နေတာကြောင့် ခက်ခဲနေပါတယ်။

” ကျနော်သာ ရီစီဆိုရင် ပါးပါးနပ်နပ်နဲ့ ဗဟိုခံစစ်မှာပါ ကစားနိုင်အောင် ကြိုးစားမိမယ် ထင်တယ် တစ်ခုခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလက်ဇန်းဒါး အာနိုးဆီက ပွဲထွက်ခွင့် လုယူဖို့က တော်တော် ခက်ခဲပါလိမ့်မယ်။ သူ အခု ကစားနေတဲ့ ပုံ အတိုင်း ဆိုရင်ပေါ့။

နိုင်ငံတကာ အဆင့်မှာတော့ နေရာတိုင်း အတွက် ကမ္ဘာ့အဆင့် ကစားသမားတွေ လိုအပ်တယ် နေရာပေးချင်တယ် အထူးသဖြင့် လက်ရွေးစင် အဆင့်မှာပေါ့။ ဒါကြောင်း ဂျိမ်းစ်လို လူငယ် အတွက် အင်္ဂလန်အသင်းမှာ စိန်ခေါ်နိုင်တာ ကောင်းတယ် ဆိုပေမယ့် ဒုတိယနေရာ အတွက်ပဲ ဖြစ်နေလိမ့်မယ်။

အင်္ဂလန်အသင်းမှာ ဂျိမ်းစ် အမြဲ ရွေးချယ်ခံရနိုင်တာက သူ့ရဲ့ လိုက်လျောညီထွေ ရှိမှုကြောင့်ပါ။ သူက ညာစွန် ခံစစ် အပြင် ဗဟိုခံစစ်ရော ဗဟိုကွင်းလယ်မှာပါ ဝင် ကစားနိုင်သူပါ။ ဝီဂန်မှာ အငှား ကစားတဲ့ ရာသီဝက်မှာ သူက ကွင်းလယ်ကနေ ကစားပြီး မယုံနိုင်လောက်အောင်လည်း အစွမ်းပြခဲ့တယ်။ ” လို့ ဆင်ကလဲယားက ထောက်ပြ သုံးသပ်သွားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး လူငယ္ၾကယ္ပြင့္ ရီစီဂ်ိမ္းစ္ဟာ အဂၤလန္ လက္ေရြးစင္အသင္းအတြက္ ရည္မွန္းခ်က္ၾကီး ရွိပါက ခံစစ္ ဗဟိုမွာ ေနရာ ေျပာင္း ကစားသင့္ေၾကာင္း ခ်ယ္ဆီးခံစစ္မွဴးေဟာင္းၾကီး ဖရန္႔ ဆင္ကလဲယားက တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

ဂ်ိမ္းစ္ ကစားတဲ့ ညာစြန္ ခံစစ္ေနရာမွာ လီဗာပူး ခံစစ္မွဴးထရန္႔အလက္ဇန္းဒါး အာနိုးက အထူး ေျခစြမ္းျပေနတာေၾကာင့္ ဂ်ိမ္းစ္ အေနနဲ႕ ထိုေနရာကေန နုိင္ငံအသင္းမွာ ပါ၀င္ခြင့္ ရဖို႔ ခက္ခဲမယ္လို႔ ဆင္ကလဲယားက ေထာက္ျပသြားခဲ့တာပါ။ အသက္ ၂၀ အရြယ္ ခ်ယ္ဆီးလူငယ္ေလး ၈်ိမ္းစ္ဟာ ဖရန္႔လမ္းပတ္ အသင္းမွာ အစြမ္းျပ ေနရာရလာသူပါ။

ဒီရာသီ လမ္းပတ္ရဲ႕ အသင္းနဲ႕အတူ ပြဲ ၂၀ ကစားျပီးတဲ့ ဂ်ိမ္းစ္ဟာ အဂၤလန္အသင္းအတြက္လည္း ေရြးခ်ယ္ခံခဲ့ရပါတယ္။ ဒါေပမယ့္ ပြဲ ထြက္ ကစားခြင့္ အတြက္ေတာ့ ေလာေလာဆယ္ ကမၻာ့အေကာင္းဆံုး ညာစြန္ခံစစ္မွဴးေတြထဲက တစ္ဦးျဖစ္တဲ့ ထရန္႔ အလက္ဇန္းဒါး အာနိုးနဲ႕ ထိပ္တိုက္ေတြ႔ေနတာေၾကာင့္ ခက္ခဲေနပါတယ္။

” က်ေနာ္သာ ရီစီဆိုရင္ ပါးပါးနပ္နပ္နဲ႕ ဗဟိုခံစစ္မွာပါ ကစားနုိင္ေအာင္ ၾကိဳးစားမိမယ္ ထင္တယ္ တစ္ခုခုေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အလက္ဇန္းဒါး အာနုိးဆီက ပြဲထြက္ခြင့္ လုယူဖို႔က ေတာ္ေတာ္ ခက္ခဲပါလိမ့္မယ္။ သူ အခု ကစားေနတဲ့ ပံု အတိုင္း ဆိုရင္ေပါ့။

နိုင္ငံတကာ အဆင့္မွာေတာ့ ေနရာတိုင္း အတြက္ ကမၻာ့အဆင့္ ကစားသမားေတြ လိုအပ္တယ္ ေနရာေပးခ်င္တယ္ အထူးသျဖင့္ လက္ေရြးစင္ အဆင့္မွာေပါ့။ ဒါေၾကာင္း ဂ်ိမ္းစ္လို လူငယ္ အတြက္ အဂၤလန္အသင္းမွာ စိန္ေခၚနုိင္တာ ေကာင္းတယ္ ဆိုေပမယ့္ ဒုတိယေနရာ အတြက္ပဲ ျဖစ္ေနလိမ့္မယ္။

အဂၤလန္အသင္းမွာ ဂ်ိမ္းစ္ အျမဲ ေရြးခ်ယ္ခံရနိုင္တာက သူ႔ရဲ႕ လိုက္ေလ်ာညီေထြ ရွိမႈေၾကာင့္ပါ။ သူက ညာစြန္ ခံစစ္ အျပင္ ဗဟိုခံစစ္ေရာ ဗဟိုကြင္းလယ္မွာပါ ၀င္ ကစားနုိင္သူပါ။ ၀ီဂန္မွာ အငွား ကစားတဲ့ ရာသီ၀က္မွာ သူက ကြင္းလယ္ကေန ကစားျပီး မယံုနိုင္ေလာက္ေအာင္လည္း အစြမ္းျပခဲ့တယ္။ ” လို႔ ဆင္ကလဲယားက ေထာက္ျပ သံုးသပ္သြားခဲ့ပါတယ္။