ဇီယက်နဲ့အတူ ချယ်ဆီးရဲ့ နွေခေါ်ယူမှုကို ပြီးပြည့်စုံစေမယ့် ကစားသမား လေးဦး

ချယ်ဆီးအသင်းဟာ နွေအပြောင်းအရွှေ့ အကြို သဘောတူညီမှု ရယူနိုင်ခြင်းအဖြစ် အေဂျက်အသင်းမှ တောင်ပံသမား ဇီယက်ကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီဖြစ်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်သိမ်းပြီး မကြာခင်မှာပဲ ချယ်ဆီးက ဇီယက်ကို ခေါ်ယူဖို့ ညိနှိုင်းနိုင်ခဲ့တာဖြစ်ပြီး အသေးစိတ် အချက်အလက် အနည်းငယ်ကို အပြီးသတ်နိုင်ဖို့ လိုအပ်မှာဖြစ်တယ်။ ချယ်ဆီးမန်နေဂျာ လမ်းပတ်အတွက်တော့ အပြောင်းအရွှေ့ ခေါ်ယူခွင့် ပြန်ဖွင့်အပြီးမှာ ပထမဆုံး လက်မှတ်ထိုးနိုင်တဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် လာမယ့်ရာသီ ချယ်ဆီးအသင်းရဲ့ အင်အားကို တောင့်တင်းလာစေဖို့ ဇီယက်အပြင် နောက်ထပ် ကမ်းလှမ်းမှုတွေကို ထပ်မံ ပြုလုပ်သွားဖို့လည်း ရှိနေပါတယ်။

ချယ်ဆီးအသင်းဘက်က အင်အားဖြည့်ဖို့ သတင်းအကြီးဆုံး ဖြစ်နေတာက ဂိုးသမားနေရာဖြစ်ပြီး ကီပါနေရာမှာ အစားထိုးဖိုပ (သို့) ဖိအားပေးဖို့ နစ်ပုပ်ကို ချယ်ဆီးဘက်က ခေါ်ယူလိုနေပါတယ်။ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားရတဲ့ ကီပါ လက်စွမ်း ကျဆင်းနေတာကြောင့် ဒီရာသီမှာ တိုးတက်တဲ့ လက်စွမ်းတွေ ပြနေတဲ့ နစ်ပုပ်ကို ချယ်ဆီးက စောင့်ကြည့်နေတာပါ။

ဘယ်အစွန်မှာ အလွန်ဆိုနဲ့ အီမာဆန်တို့အစား ရေရှည် အစားထိုးဖို့အတွက်လည်း လက်စတာမှ ဘမ်ချီဝဲလ်ကို ချယ်ဆီးဘက်က အလိုရှိနေပါတယ်။ ချယ်ဆီးက အလွန်ဆိုနဲ့ အီမာဆန်ကို နွေမှာ ရောင်းထုတ်ပြီး ဘမ်ချီဝဲလ်အတွက် အသုံးစရိတ် ရှာဖွေဖွယ် ရှိနေတယ်။

တောင်ပံတိုက်စစ်တစ်နေရာအတွက် ဇာဟာ၊ ဆန်ချိုတို့ထဲက တစ်ဦးကို ခေါ်ယူဖို့က ချယ်ဆီးရဲ့ ဦးစားပေးတွေထဲ ပါဝင်သလို အထောင်တိုက်စစ် တစ်နေရာအတွက်လည်း ဝါနာ၊ ဒမ်ဘီလီတို့ကို ချိတ်ဆက်မှုတွေ မပြတ်သေးတာဖြစ်တယ်။ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဝါနာ၊ ဒမ်ဘီလီတို့ကို ဆက်သွယ်ခဲ့ပေမယ့် မိခင်ကလပ်တွေက ရာသီဝက်မှာ လက်မလွတ်လိုတာကြောင့် နွေမှပဲ ကမ်းလှမ်းမှု ပြန်လုပ်သွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဝါရင့်တောင်ပံသမား ဝီလီယမ်နေရာမှာ အစားထိုးဖို့ ဗီလာရီးရဲ တောင်ပံသမား ချီဝီဇီကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ လုပ်နေသေးတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ေႏြအေျပာင္းအေရႊ႔ အၾကိဳ သေဘာတူညီမႈ ရယူႏုိင္ျခင္းအျဖစ္ ေအဂ်က္အသင္းမွ ေတာင္ပံသမား ဇီယက္ကို ယူရုိ ၄၅ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိထားျပီျဖစ္ပါတယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔ ပိတ္သိမ္းျပီး မၾကာခင္မွာပဲ ခ်ယ္ဆီးက ဇီယက္ကို ေခၚယူဖို႔ ညိႏိႈင္းႏုိင္ခဲ့တာျဖစ္ျပီး အေသးစိတ္ အခ်က္အလက္ အနည္းငယ္ကို အျပီးသတ္ႏုိင္ဖို႔ လိုအပ္မွာျဖစ္တယ္။ ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္အတြက္ေတာ့ အေျပာင္းအေရႊ႔ ေခၚယူခြင့္ ျပန္ဖြင့္အျပီးမွာ ပထမဆံုး လက္မွတ္ထိုးႏုိင္တဲ့ ကစားသမား ျဖစ္လာပါလိမ့္မယ္။

ဒါေပမယ့္ လာမယ့္ရာသီ ခ်ယ္ဆီးအသင္းရဲ႕ အင္အားကို ေတာင့္တင္းလာေစဖို႔ ဇီယက္အျပင္ ေနာက္ထပ္ ကမ္းလွမ္းမႈေတြကို ထပ္မံ ျပဳလုပ္သြားဖို႔လည္း ရွိေနပါတယ္။

ခ်ယ္ဆီးအသင္းဘက္က အင္အားျဖည့္ဖို႔ သတင္းအၾကီးဆံုး ျဖစ္ေနတာက ဂိုးသမားေနရာျဖစ္ျပီး ကီပါေနရာမွာ အစားထိုးဖိုပ (သို႔) ဖိအားေပးဖို႔ နစ္ပုပ္ကို ခ်ယ္ဆီးဘက္က ေခၚယူလိုေနပါတယ္။ ဂိုးသမားတစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူထားရတဲ့ ကီပါ လက္စြမ္း က်ဆင္းေနတာေၾကာင့္ ဒီရာသီမွာ တိုးတက္တဲ့ လက္စြမ္းေတြ ျပေနတဲ့ နစ္ပုပ္ကို ခ်ယ္ဆီးက ေစာင့္ၾကည့္ေနတာပါ။

ဘယ္အစြန္မွာ အလြန္ဆိုနဲ႔ အီမာဆန္တို႔အစား ေရရွည္ အစားထိုးဖို႔အတြက္လည္း လက္စတာမွ ဘမ္ခ်ီဝဲလ္ကို ခ်ယ္ဆီးဘက္က အလိုရွိေနပါတယ္။ ခ်ယ္ဆီးက အလြန္ဆိုနဲ႔ အီမာဆန္ကို ေႏြမွာ ေရာင္းထုတ္ျပီး ဘမ္ခ်ီဝဲလ္အတြက္ အသံုးစရိတ္ ရွာေဖြဖြယ္ ရွိေနတယ္။

ေတာင္ပံတိုက္စစ္တစ္ေနရာအတြက္ ဇာဟာ၊ ဆန္ခ်ိဳတို႔ထဲက တစ္ဦးကို ေခၚယူဖို႔က ခ်ယ္ဆီးရဲ႕ ဦးစားေပးေတြထဲ ပါဝင္သလို အေထာင္တိုက္စစ္ တစ္ေနရာအတြက္လည္း ဝါနာ၊ ဒမ္ဘီလီတို႔ကို ခ်ိတ္ဆက္မႈေတြ မျပတ္ေသးတာျဖစ္တယ္။ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဝါနာ၊ ဒမ္ဘီလီတို႔ကို ဆက္သြယ္ခဲ့ေပမယ့္ မိခင္ကလပ္ေတြက ရာသီဝက္မွာ လက္မလြတ္လိုတာေၾကာင့္ ေႏြမွပဲ ကမ္းလွမ္းမႈ ျပန္လုပ္သြားမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဝါရင့္ေတာင္ပံသမား ဝီလီယမ္ေနရာမွာ အစားထိုးဖို႔ ဗီလာရီးရဲ ေတာင္ပံသမား ခ်ီဝီဇီကိုလည္း ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ လုပ္ေနေသးတာ ျဖစ္ပါတယ္။