ဇီးယက်ကို ခေါ်ယူဖို့ ရာသီဝက်တစ်ခုလုံး ပွင့်ပွင့်လင်းလင်း စောင့်ကြည့်သွားမယ့် ချယ်ဆီး

ချယ်ဆီးဟာ အေးဂျက်တောင်ပံသမား ဇီးယက်ကို ခေါ်ယူဖို့ ကင်းထောက် စောင့်ကြည့်မှုကို ရာသီဝက် တစ်ခုလုံး လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

မနှစ်က နွေတုန်းက ချယ်ဆီးဟာ ဇီးယက်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အပြောင်းအရွှေ့ ပိတ်ခံထားရတာကြောင့် ခေါ်ယူနိုင်ခဲ့ခြင်း မရှိသလို ကစားသမားကလည်း နယ်သာလန်ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဒီနွေမှာတော့ အသက် ၂၆ နှစ်အရွယ် ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို လက်ခံပေးသွားဖို့ ရှိနေပါတယ်။

မန်နေဂျာလမ်းပတ်က ဇန်နဝါရီမှာ ကတည်းက ဇီးယက်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး ကစားသမားသစ် မရတာကြောင့် အတော်လေး စိတ်ပျက်နေတာပါ။ ရာသီဝက် စောင့်ကြည့်ရာမှာ အဆင်ပြေမယ်ဆိုရင် ဇီးယက်ကို လာမယ့် နွေမှာလည်း ဆက်လက် ကမ်းလှမ်းဖို့ ကြိုးစားသွားမှာဖြစ်တယ်။

ချယ်ဆီးဘက်က ထိပ်တန်း တိုက်စစ်သမားတွေကိုလည်း စောင့်ကြည့်နေလို့ ဇီးယက် ကိစ္စက ဦးစားပေးတွေ မရခဲ့ရင် အရန်သင့် ခေါ်ယူဖို့ ကြိုတင်စီစဉ်ထားခြင်းမျိုးလားဆိုတာကိုတော့ သိရခြင်း မရှိသေးပါဘူး။ ဆန်ချိုကို ခေါ်ယူမယ်ဆိုရင် ပေါင် ၁၀၀ သန်း သုံးရမှာ ဖြစ်ပေမယ့် ဇီးယက်ကိုတော့ ပေါင် ၄၂ သန်းလောက်နဲ့ ခေါ်ယူခွင့်ရမှာဖြစ်တယ်။

မန်နေဂျာလမ်းပတ်က ဘယ်အစွန်လူအဖြစ် လက်စတာမှ ဘမ်ချီဝဲလ်ကို ခေါ်ယူလိုပြီး တိုက်စစ်မှူး၊ တောင်ပံတိုက်စစ်နဲ့ ဂိုးသမားနေရာတွေအပြင် ဗဟိုခံစစ်မှူးသစ်လည်း လိုချင်တယ်လို့ ကြားသိထားရတယ်။ လက်ရှိ လူစာရင်းက ငယ်ရွယ်လွန်းပြီး ဇီးယက်ရဲ့ အတွေ့အကြုံက အသင်စးကို ဦးဆောင်မှုတွေပေးဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ဇီးယက်ကို ခေါ်ယူဖို့ စပါး၊ အာဆင်နယ်တို့ဘက်ကလည်း စိတ်ဝင်စားထားပေမယ့် အခြားသော ပစ်မှတ်တွေကိုပဲ ဦးတည်ဖို့ ရှိနေတယ်။ မိုနာကို တောင်ပံသမားကို ချယ်ဆီးဘက်ကပဲ အလေးအနက် စိတ်ဝင်စားမှုမျိုး ရှိနေတာလို့ တယ်လီဂရပ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ေအးဂ်က္ေတာင္ပံသမား ဇီးယက္ကို ေခၚယူဖို႔ ကင္းေထာက္ ေစာင့္ၾကည့္မႈကို ရာသီဝက္ တစ္ခုလံုး လုပ္ေဆာင္သြားေတာ့မွာျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

မႏွစ္က ေႏြတုန္းက ခ်ယ္ဆီးဟာ ဇီးယက္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ အေျပာင္းအေရႊ႔ ပိတ္ခံထားရတာေၾကာင့္ ေခၚယူႏုိင္ခဲ့ျခင္း မရွိသလို ကစားသမားကလည္း နယ္သာလန္ကလပ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားခဲ့တာျဖစ္တယ္။ ဒါေပမယ့္ ဒီေႏြမွာေတာ့ အသက္ ၂၆ ႏွစ္အရြယ္ ကစားသမားအတြက္ ကမ္းလွမ္းမႈေတြကို လက္ခံေပးသြားဖို႔ ရွိေနပါတယ္။

မန္ေနဂ်ာလမ္းပတ္က ဇန္နဝါရီမွာ ကတည္းက ဇီးယက္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ျပီး ကစားသမားသစ္ မရတာေၾကာင့္ အေတာ္ေလး စိတ္ပ်က္ေနတာပါ။ ရာသီဝက္ ေစာင့္ၾကည့္ရာမွာ အဆင္ေျပမယ္ဆိုရင္ ဇီးယက္ကို လာမယ့္ ေႏြမွာလည္း ဆက္လက္ ကမ္းလွမ္းဖို႔ ၾကိဳးစားသြားမွာျဖစ္တယ္။

ခ်ယ္ဆီးဘက္က ထိပ္တန္း တိုက္စစ္သမားေတြကိုလည္း ေစာင့္ၾကည့္ေနလို႔ ဇီးယက္ ကိစၥက ဦးစားေပးေတြ မရခဲ့ရင္ အရန္သင့္ ေခၚယူဖို႔ ၾကိဳတင္စီစဥ္ထားျခင္းမ်ိဳးလားဆိုတာကိုေတာ့ သိရျခင္း မရွိေသးပါဘူး။ ဆန္ခ်ိဳကို ေခၚယူမယ္ဆိုရင္ ေပါင္ ၁၀၀ သန္း သံုးရမွာ ျဖစ္ေပမယ့္ ဇီးယက္ကိုေတာ့ ေပါင္ ၄၂ သန္းေလာက္နဲ႔ ေခၚယူခြင့္ရမွာျဖစ္တယ္။

မန္ေနဂ်ာလမ္းပတ္က ဘယ္အစြန္လူအျဖစ္ လက္စတာမွ ဘမ္ခ်ီဝဲလ္ကို ေခၚယူလိုျပီး တိုက္စစ္မွဴး၊ ေတာင္ပံတိုက္စစ္နဲ႔ ဂိုးသမားေနရာေတြအျပင္ ဗဟိုခံစစ္မွဴးသစ္လည္း လိုခ်င္တယ္လို႔ ၾကားသိထားရတယ္။ လက္ရွိ လူစာရင္းက ငယ္ရြယ္လြန္းျပီး ဇီးယက္ရဲ႕ အေတြ႔အၾကံဳက အသင္စးကို ဦးေဆာင္မႈေတြေပးဖို႔ အေထာက္အကူျဖစ္ေစမွာ ျဖစ္ပါတယ္။

ဇီးယက္ကို ေခၚယူဖို႔ စပါး၊ အာဆင္နယ္တို႔ဘက္ကလည္း စိတ္ဝင္စားထားေပမယ့္ အျခားေသာ ပစ္မွတ္ေတြကိုပဲ ဦးတည္ဖို႔ ရွိေနတယ္။ မိုနာကို ေတာင္ပံသမားကို ခ်ယ္ဆီးဘက္ကပဲ အေလးအနက္ စိတ္ဝင္စားမႈမ်ိဳး ရွိေနတာလို႔ တယ္လီဂရပ္က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။