အသင်းကြီးထံ လမ်းပတ်ရဲ့ ယုံကြည်ခေါ်ယူခြင်း ခံရတဲ့ ဂေးလ်မားရဲ့ ဝမ်းမြောက် စကား

ချယ်ဆီးအသင်းဟာ လူငယ်ကစားသမား ဘီလီ ဂေးလ်မားကို လမ်းပတ်ရဲ့ စီနီယာအသင်းကြီးထံ ခေါ်ယူပြီး လူစာရင်းထဲ ထည့်သွင်းလိုက်ကြောင်း အတည်ပြုလိုက်ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမား အတွက် သတင်းကောင်းကို ချယ်ဆီးရဲ့ လက်စတာကို ၂ ဂိုးစီ သရေကျတဲ့ ပွဲ အပြီးမှာ လမ်းပတ်က အသိပေးခဲ့တာ ဖြစ်ပါတယ်။

ကစားသမား ဘ၀ အတွက် ရည်မှန်းချက်ကြီး ရှိတဲ့ ဂေးလ်မားဟာ အင်္ဂလန် အဆင့်မြင့်တန်းမှာ ကလပ်အသင်းနဲ့ အတူ ပါဝင်ကစားဖို့ စိန်ခေါ်မှုကြီး ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ၎င်းကတော့ ကျေနပ် ပျော်ရွှင်နေပြီး စိန်ခေါ်မှုတွေ အတွက် တက်ကြွနေတာပါ။

” အခုက ကျနော့်အတွက် အချိန်အခါကောင်း ဖြစ်ပြီး တကယ်ကို ပျော်ရွှင်နေတာပါ။ လက်စတာနဲ့ ပွဲတုန်းက အသင်းကြီးဆီ ကျနော်လည်း သွား ခဲ့ပါတယ် လူစာရင်းမှာတော့ မပါခဲ့ဘူး။ ဒါပေမယ့် ဘော့်က ပွဲပြီးတော့ ဆောင်းရာသီ အားလပ်ရက်ပြီးရင် ပထမအသင်းကြီးမှာ အမြဲတမ်း ပါဝင်ခွင့် ရတော့မယ် ပြောခဲ့တယ်။

ဒါက ကျနော့် အတွက်တော့ အိပ်မက် တစ်ခု တကယ် ဖြစ်လာတာပဲ။ ဒါက ပထမ ခြေလှမ်းကြီး တစ်ရပ်ပဲလို့ ကျနော် ထင်ပါတယ်။ ချယ်ဆီးလို ကလပ်အသင်းကြိးရဲ့ အဝတ်လဲခန်းထဲ ပြောင်းလာခွင့်ရတာက တကယ့် ကိစ္စကြီးပါ ကျနော့်အတွက်။ ” လို့ ဂေးလ်မားက ဆိုပါတယ်။

လမ်းပတ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား တစ်ဦးမှ မခေါ်ယူနိုင်တဲ့ အပေါ် အမျက်ထွက်နေပြီး ဒါကြောင့် ရှိတဲ့လူစာရင်းကို လူငယ်များ ထပ်ဖြည့်ကာ အင်အားတောင့်တင်းအောင် ကြိုးပမ်းလာတာပါ။

” မန်နေဂျာက ယုံကြည်မှု ရှိထားတယ်ဆိုတာ သိထားရတာ သိပ်ကောင်းတဲ့ ကိစ္စပါ။ ဒါက ကွင်းထဲ ခြေချုလိုက်ရင် ယုံကြည်မှုတွေ အများကြီး တိုးပွားလာစေပါတယ်။ သူ ဘယ်လို ကစားစေချင်တယ် ယုံကြည်တယ် ဆိုတာ သိထားရတာ တကယ်ေ ကာင်းတယ် ကိစ္စပါ။ ဒါက ကျနော့် အတွက်တင် မဟုတ်ဘူး ဒီမှာ ရှိတဲ့ လူတိုင်း အတွက် အရေးပါပါတယ်။ အသက်အရွယ်က ကိစ္စ မရှိပါဘူး။ အလုပ်ကောင်းကောင်း လုပ်ရင် စွမ်းဆောင်ရည်ကောင်းရယ် အခွင့်အရေးတွေ ရလာမယ်ဆိုတာ ဘော့စ်က ပြသခဲ့ပြီး ဖြစ်တယ်။ ” လို့ ဂေးလ်မားက ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လူငယ္ကစားသမား ဘီလီ ေဂးလ္မားကို လမ္းပတ္ရဲ႕ စီနီယာအသင္းၾကီးထံ ေခၚယူျပီး လူစာရင္းထဲ ထည့္သြင္းလိုက္ေၾကာင္း အတည္ျပဳလိုုက္ပါတယ္။ အသက္ ၁၈ နွစ္ အရြယ္ ကစားသမား အတြက္ သတင္းေကာင္းကို ခ်ယ္ဆီးရဲ႕ လက္စတာကို ၂ ဂိုုးစီ သေရက်တဲ့ ပြဲ အျပီးမွာ လမ္းပတ္က အသိေပးခဲ့တာ ျဖစ္ပါတယ္။

ကစားသမား ဘ၀ အတြက္ ရည္မွန္္းခ်က္ၾကီး ရွိတဲ့ ေဂးလ္မားဟာ အဂၤလန္ အဆင့္ျမင့္တန္းမွာ ကလပ္အသင္းနဲ႕ အတူ ပါ၀င္ကစားဖို႔ စိန္ေခၚမႈၾကီး ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ၄င္းကေတာ့ ေက်နပ္ ေပ်ာ္ရႊင္ေနျပီး စိန္ေခၚမႈေတြ အတြက္ တက္ၾကြေနတာပါ။

” အခုက က်ေနာ့္အတြက္ အခ်ိန္အခါေကာငး္ ျဖစ္ျပီး တကယ္ကို ေပ်ာ္ရႊင္ေနတာပါ။ လက္စတာနဲ႕ ပြဲတုန္းက အသင္းၾကီးဆီ က်ေနာ္လည္း သြား ခဲ့ပါတယ္ လူစာရင္းမွာေတာ့ မပါခဲ့ဘူး။ ဒါေပမယ့္ ေဘာ့္က ပြဲျပီးေတာ့ ေဆာင္းရာသီ အားလပ္ရက္ျပီးရင္ ပထမအသင္းၾကီးမွာ အျမဲတမ္း ပါ၀င္ခြင့္ ရေတာ့မယ္ ေျပာခဲ့တယ္။

ဒါက က်ေနာ့္ အတြက္ေတာ့ အိပ္မက္ တစ္ခု တကယ္ ျဖစ္လာတာပဲ။ ဒါက ပထမ ေျခလွမ္းၾကီး တစ္ရပ္ပဲလို႔ က်ေနာ္ ထင္ပါတယ္။ ခ်ယ္ဆီးလို ကလပ္အသင္းၾကိးရဲ႕ အ၀တ္လဲခန္းထဲ ေျပာင္းလာခြင့္ရတာက တကယ့္ ကိစၥၾကီးပါ က်ေနာ့္အတြက္။ ” လို႔ ေဂးလ္မားက ဆိုပါတယ္။

လမ္းပတ္ဟာ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ကစားသမား တစ္ဦးမွ မေခၚယူနိုင္တဲ့ အေပၚ အမ်က္ထြက္ေနျပီး ဒါေၾကာင့္ ရွိတဲ့လူစာရင္းကို လူငယ္မ်ား ထပ္ျဖည့္ကာ အင္အားေတာင့္တင္းေအာင္ ၾကိဳးပမ္းလာတာပါ။

” မန္ေနဂ်ာက ယံုၾကည္မႈ ရွိထားတယ္ဆိုတာ သိထားရတာ သိပ္ေကာင္းတဲ့ ကိစၥပါ။ ဒါက ကြင္းထဲ ေျခခ်ုလိုက္ရင္ ယံုၾကည္မႈေတြ အမ်ားၾကီး တိုးပြားလာေစပါတယ္။ သူ ဘယ္လို ကစားေစခ်င္တယ္ ယံုၾကည္တယ္ ဆိုတာ သိထားရတာ တကယ္ေ ကာင္းတယ္ ကိစၥပါ။ ဒါက က်ေနာ့္ အတြက္တင္ မဟုတ္ဘူး ဒီမွာ ရွိတဲ့ လူတိုင္း အတြက္ အေရးပါပါတယ္။ အသက္အရြယ္က ကိစၥ မရွိပါဘူး။ အလုပ္ေကာင္းေကာငး္ လုပ္ရင္ စြမ္းေဆာင္ရည္ေကာင္းရယ္ အခြင့္အေရးေတြ ရလာမယ္ဆုိတာ ေဘာ့စ္က ျပသခဲ့ျပီး ျဖစ္တယ္။ ” လို႔ ေဂးလ္မားက ဖြင့္ဟခဲ့ပါတယ္။