ဒီအပတ်တွေအတွင်း ချယ်ဆီးနဲ့ ဆူဆိုလိုအို တာဝန်ရှိသူတွေ ဘိုဂါကိစ္စ ထိပ်တိုက်ဆွေးနွေးမည်

ချယ်ဆီးဟာ ဂျီရူးနဲ့ ပက်ဒရိုကို လက်လွတ်ဖို့ကိစ္စ ဝီလီယမ်ရဲ့ စာချုပ်သစ်ကိစ္စအပြင် အလွန်ဆိုကို စပိန်ထံ ပြန်ခွင့်ပေးမလားဆိုတဲ့ စာချုပ်ကိစ္စတွေအတွက် အလုပ်များစရာတွေ ရှိနေပါတယ်။

တစ်ဆက်တည်းမှာပဲ ဆူဆိုလိုအို အသင်းဥက္ကဌကလည်း ၎င်းတို့ ကစားသမား ဘိုဂါကို နွေမှာ ချယ်ဆီးက ပြန်ခေါ်မလား (သို့) အပြီး လက်လွတ်လိုက်မလားဆိုတာကို သိလိုနေပါတယ်။ ကွင်းလယ်နဲ့ တောင်ပံကစားသမားဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ချယ်ဆီးကနေ စီးရီးအေကလပ်ကို ပေါင် ၃ သန်းနဲ့ ပြောင်းရွှေ့ထားခဲ့သူပါ။

ချယ်ဆီးနဲ့ ဆူဆိုလိုအို စာချုပ်မှာတော့ ဘိုဂါကို အလိုရှိက ပြန်လည် ခေါ်ယူခွင့် ပါဝင်ပြီး ချယ်ဆီးဘက်က မခေါ်ဘူးဆိုရင် စီးရီးအေကလပ်က သက်တမ်းတိုးတာမျိုးနဲ့ ရောင်းထုတ်တာမျိုးကို စိတ်ကြိုက် လုပ်ခွင့်ရမှာဖြစ်ပါတယ်။ စီးရီးအေမှာ ခြေစွမ်းပြနိုင်မှုကြောင့် ဈေးနှုန်း မြင့်တက်လာဖွယ်ရှိတဲ့ ကစားသမားကို ချယ်ဆီးဘက်က ခေါ်ယူလိုရင် ပေါင် ၁၃ သန်းဝန်းကျင်ပဲ ပေးဖို့ လိုအပ်မှာဖြစ်တယ်။

ဆူဆိုလိုအိုအသင်း ဥက္ကဌက ပြောဆိုမှုကို တယ်လီဂရပ် သတင်းဌာနက ဖော်ပြရာမှာ ” ချယ်ဆီးက ဇွန်လမှာ သူ့ကို ပြန်လည်ခေါ်ယူလို့ ရနိုင်ပါတယ်။ ချယ်ဆီးနဲ့ ကျနေ်ာတို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားပြီး အခြားသော အလုပ်ကိစ္စအတွက် ခရစ်စမတ် မတိုင်ခင်ကလည်း တွေ့ဆုံထားခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာနဲ့လည်း ပူးပေါင်းမှုဆိုင်ရာ ဆက်ဆံရေးကောင်းတွေကို ကျနေ်ာတို့တွေ အကောင်းဆုံး လုပ်ဆောင်ထားနိုင်ပါတယ်။ ချယ်ဆီးဘက်က ဘိုဂါကို ပြန်လည်ခေါ်ယူနိုင်ပြီး ကျနေ်ာတို့ကလည်း လက်မှတ်ထိုးလို့ ရနိုင်ပါတယ်။ အခြေအနေက အားလုံးဖြစ်နိုင်နေဆဲ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ဂ်ီရူးနဲ႔ ပက္ဒရိုကို လက္လြတ္ဖို႔ကိစၥ ဝီလီယမ္ရဲ႕ စာခ်ဳပ္သစ္ကိစၥအျပင္ အလြန္ဆိုကို စပိန္ထံ ျပန္ခြင့္ေပးမလားဆိုတဲ့ စာခ်ဳပ္ကိစၥေတြအတြက္ အလုပ္မ်ားစရာေတြ ရွိေနပါတယ္။

တစ္ဆက္တည္းမွာပဲ ဆူဆိုလိုအို အသင္းဥကၠဌကလည္း ၄င္းတို႔ ကစားသမား ဘိုဂါကို ေႏြမွာ ခ်ယ္ဆီးက ျပန္ေခၚမလား (သို႔) အျပီး လက္လြတ္လုိက္မလားဆိုတာကို သိလိုေနပါတယ္။ ကြင္းလယ္နဲ႔ ေတာင္ပံကစားသမားဟာ လြန္ခ့ဲတဲ့ ႏွစ္ႏွစ္က ခ်ယ္ဆီးကေန စီးရီးေအကလပ္ကို ေပါင္ ၃ သန္းနဲ႔ ေျပာင္းေရႊ႔ထားခဲ့သူပါ။

ခ်ယ္ဆီးနဲ႔ ဆူဆိုလိုအို စာခ်ဳပ္မွာေတာ့ ဘိုဂါကို အလိုရွိက ျပန္လည္ ေခၚယူခြင့္ ပါဝင္ျပီး ခ်ယ္ဆီးဘက္က မေခၚဘူးဆိုရင္ စီးရီးေအကလပ္က သက္တမ္းတိုးတာမ်ိဳးနဲ႔ ေရာင္းထုတ္တာမ်ိဳးကို စိတ္ၾကိဳက္ လုပ္ခြင့္ရမွာျဖစ္ပါတယ္။ စီးရီးေအမွာ ေျခစြမး္ျပႏုိင္မႈေၾကာင့္ ေစ်းႏႈန္း ျမင့္တက္လာဖြယ္ရွိတဲ့ ကစားသမားကို ခ်ယ္ဆီးဘက္က ေခၚယူလိုရင္ ေပါင္ ၁၃ သန္းဝန္းက်င္ပဲ ေပးဖို႔ လိုအပ္မွာျဖစ္တယ္။

ဆူဆိုလိုအိုအသင္း ဥကၠဌက ေျပာဆိုမႈကို တယ္လီဂရပ္ သတင္းဌာနက ေဖာ္ျပရာမွာ ” ခ်ယ္ဆီးက ဇြန္လမွာ သူ႔ကို ျပန္လည္ေခၚယူလို႔ ရႏိုင္ပါတယ္။ ခ်ယ္ဆီးနဲ႔ က်ေန္ာတုိ႔ၾကားမွာ ဆက္ဆံေရးေကာင္းေတြ ပိုင္ဆုိင္ထားျပီး အျခားေသာ အလုပ္ကိစၥအတြက္ ခရစ္စမတ္ မတိုင္ခင္ကလည္း ေတြ႔ဆံုထားခဲ့ျပီျဖစ္ပါတယ္။

ဘာစီလိုနာနဲ႔လည္း ပူးေပါင္းမႈဆိုင္ရာ ဆက္ဆံေရးေကာင္းေတြကို က်ေန္ာတို႔ေတြ အေကာင္းဆံုး လုပ္ေဆာင္ထားႏုိင္ပါတယ္။ ခ်ယ္ဆီးဘက္က ဘိုဂါကို ျပန္လည္ေခၚယူႏုိင္ျပီး က်ေန္ာတုိ႔ကလည္း လက္မွတ္ထိုးလို႔ ရႏုိင္ပါတယ္။ အေျခအေနက အားလံုးျဖစ္ႏုိင္ေနဆဲ ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။