ပွဲကြပ်မှာ မန်နေဂျာလမ်းပတ်အတွက် ခေါင်းကိုက်စရာတွေ ပေးဦးမယ့် ကွင်းလယ်လူ နှစ်ဦး

မန်နေဂျာလမ်းပတ်ဟာ ရာသီဝက်အနား ကာလအပြီး ရင်ဆိုင်ကစားရမယ့် ပွဲကြပ်ကာလတွေမှာ နည်းစနစ်ပိုင်းအတွက် စိတ်ရှုပ်ရမယ့် အနေအထားတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ ကွင်းလယ်လူတွေဖြစ်ပြီး ပြိုင်ဘက် တိုက်စစ်ကို အဓိက ဟန့်တားပေးနေတဲ့ ကစားသမားတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်ဟာ အဝါကဒ်တွေ အများအပြား ရထားတာကြောင့် နည်းစနစ်ပိုင်း ပြစ်ဒဏ်ယူမှုတွေကို အရဲစွန့်ပြီး လုပ်လို့မရတဲ့ အနေအထားတွေမှာ ရှိလာနေတာဖြစ်တယ်။

ပရီးမီးယားလိဂ် စည်းမျဉ်းအရ ၂၀၂၀ ဧပရယ်လမတိုင်ခင် အဝါကဒ် ၁၀ ကဒ်ရတဲ့ ကစားသမာတွေက ပရီးမီးယားလိဂ်မှာ နှစ်ပွဲပယ်ပြစ်ဒဏ် ရင်ဆိုင်ရမှာဖြစ်တယ်။ ဒီအခြေအနေမှာ ဂျော်ဂျင်ဟိုက အဝါကဒ် ၉ ကဒ်ထိ ရထားတာဖြစ်ပြီး ကိုဗာဆစ်က ၇ ကဒ်ထိ ရထားတာဖြစ်တယ်။ နှစ်ဦးလုံးဟာ ပွဲပယ်ပြစ်ဒဏ်ကို ရှောင်လွဲလိုရင် ဧပရယ်လ ကုန်လွန်သည်ထိ အဝါကဒ် ၁၀ ကဒ် မရမှပဲ ဖြစ်နိုင်ပါတော့မယ်။

ချယ်ဆီးဟာ ယူနိုက်တက်နဲ့ ပွဲအပြီးမှာ စပါး၊ ဘုန်းမောက်၊ လီဗာပူး၊ အဲဗာတန်တို့နဲ့ ဆက်တိုက် တွေ့ရမှာပါ။ ဘုန်မောက်က တန်းဆင်းဇုန်အတွက် ရုန်ကစားနေသလို ကျန်တဲ့ အသင်းတိုင်းကလည်း ကိုယ်တိုင် ရည်မှန်းချက်တွေအတွက် တိုက်ခိုက်နေတဲ့ အသင်းတွေဖြစ်လို ခက်ခဲမယ့် ပွဲတွေပဲ ဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ နည်းစနစ်ပြစ်ဒဏ်တွေကို အဓိက တာဝန်ယူပေးနေရတဲ့ ဂျော်ဂျင်ဟိုက ကွင်းလယ်မှာ ထောက်တိုက်အဖြစ် ကစားနေပြီး သူ့ရဲ့ အဝါကဒ် ရထားမှုအရ အတော်လေး သတိထား ကစားဖို့ လိုအပ်နေတာဖြစ်တယ်။ ကိုဗာဆစ်ကလည်း ၇ ကဒ်ထိ ရထားတဲ့ အနေအထားမှာ သိပ်ပြီး အရဲစွန့်တာတွေ မလုပ်ဖို့ လိုအပ်နေပါတယ်။

အဓိကအားဖြင့် ချယ်ဆီးနဲ့ စပါးပွဲဟာ ပြင်းထန်တဲ့ ဒါဘီပွဲ ဖြစ်တဲ့အပြင် လမ်းပတ်နဲ့ မော်ရင်ညို ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ပြီး ခံစားချက်တွေနဲ့အတူ ပွဲကြမ်းဖြစ်မယ်လို့ မျှော်လင့်ထားရတယ်။ ချယ်ဆီးအနေနဲ့ ပြိုင်ဘက်ရဲ့ ဗျူဟာတွေမှာ လိုက်ပါမသွားဖို့ လိုအပ်ပြီး နည်းစနစ်ပြစ်ဒဏ်တွေကို သတိထားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာလမ္းပတ္ဟာ ရာသီဝက္အနား ကာလအျပီး ရင္ဆုိင္ကစားရမယ့္ ပြဲၾကပ္ကာလေတြမွာ နည္းစနစ္ပိုင္းအတြက္ စိတ္ရႈပ္ရမယ့္ အေနအထားတစ္ခုကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္လူေတြျဖစ္ျပီး ျပိဳင္ဘက္ တုိက္စစ္ကို အဓိက ဟန္႔တားေပးေနတဲ့ ကစားသမားေတြျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္ဟာ အဝါကဒ္ေတြ အမ်ားအျပား ရထားတာေၾကာင့္ နည္းစနစ္ပိုင္း ျပစ္ဒဏ္ယူမႈေတြကို အရဲစြန္႔ျပီး လုပ္လို႔မရတဲ့ အေနအထားေတြမွာ ရွိလာေနတာျဖစ္တယ္။

ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ ၂၀၂၀ ဧပရယ္လမတိုင္ခင္ အဝါကဒ္ ၁၀ ကဒ္ရတဲ့ ကစားသမာေတြက ပရီးမီးယားလိဂ္မွာ ႏွစ္ပြဲပယ္ျပစ္ဒဏ္ ရင္ဆိုင္ရမွာျဖစ္တယ္။ ဒီအေျခအေနမွာ ေဂ်ာ္ဂ်င္ဟိုက အဝါကဒ္ ၉ ကဒ္ထိ ရထားတာျဖစ္ျပီး ကိုဗာဆစ္က ၇ ကဒ္ထိ ရထားတာျဖစ္တယ္။ ႏွစ္ဦးလံုးဟာ ပြဲပယ္ျပစ္ဒဏ္ကို ေရွာင္လြဲလိုရင္ ဧပရယ္လ ကုန္လြန္သည္ထိ အဝါကဒ္ ၁၀ ကဒ္ မရမွပဲ ျဖစ္ႏုိင္ပါေတာ့မယ္။

ခ်ယ္ဆီးဟာ ယူႏုိက္တက္နဲ႔ ပြဲအျပီးမွာ စပါး၊ ဘုန္းေမာက္၊ လီဗာပူး၊ အဲဗာတန္တို႔နဲ႔ ဆက္တိုက္ ေတြ႔ရမွာပါ။ ဘုန္ေမာက္က တန္းဆင္းဇုန္အတြက္ ရုန္ကစားေနသလို က်န္တဲ့ အသင္းတိုင္းကလည္း ကိုယ္တိုင္ ရည္မွန္းခ်က္ေတြအတြက္ တိုက္ခိုက္ေနတဲ့ အသင္းေတြျဖစ္လို ခက္ခဲမယ့္ ပြဲေတြပဲ ျဖစ္ပါတယ္။

ကလပ္အသင္းရဲ႕ နည္းစနစ္ျပစ္ဒဏ္ေတြကို အဓိက တာဝန္ယူေပးေနရတဲ့ ေဂ်ာ္ဂ်င္ဟိုက ကြင္းလယ္မွာ ေထာက္တိုက္အျဖစ္ ကစားေနျပီး သူ႔ရဲ႕ အဝါကဒ္ ရထားမႈအရ အေတာ္ေလး သတိထား ကစားဖို႔ လိုအပ္ေနတာျဖစ္တယ္။ ကိုဗာဆစ္ကလည္း ၇ ကဒ္ထိ ရထားတဲ့ အေနအထားမွာ သိပ္ျပီး အရဲစြန္႔တာေတြ မလုပ္ဖို႔ လိုအပ္ေနပါတယ္။

အဓိကအားျဖင့္ ခ်ယ္ဆီးနဲ႔ စပါးပြဲဟာ ျပင္းထန္တဲ့ ဒါဘီပြဲ ျဖစ္တဲ့အျပင္ လမ္းပတ္နဲ႔ ေမာ္ရင္ညိဳ ထိပ္တိုက္ေတြ႔တဲ့ပြဲျဖစ္ျပီး ခံစားခ်က္ေတြနဲ႔အတူ ပြဲၾကမ္းျဖစ္မယ္လို႔ ေမွ်ာ္လင့္ထားရတယ္။ ခ်ယ္ဆီးအေနနဲ႔ ျပိဳင္ဘက္ရဲ႕ ဗ်ဴဟာေတြမွာ လိုက္ပါမသြားဖို႔ လိုအပ္ျပီး နည္းစနစ္ျပစ္ဒဏ္ေတြကို သတိထားဖို႔ လိုအပ္ေနျပီျဖစ္ပါတယ္။