ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်ဆီးကို စိန်ခေါ်စကားမျိုး ပြောဆိုလာတဲ့ ရှက်ဖီးမန်နေဂျာ

ဒီရာသီမှာ ပုံစံကောင်းတွေနဲ့အတူ ရလဒ်ကောင်းတွေ ဆက်တိုက် ယူလာပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ဖိအားပေးလာတဲ့ ရှက်ဖီးက ချယ်ဆီးကိုပါ စိန်ခေါ်တဲ့ စကားတွေ ပြောလာခဲ့ပါပြီ။

ပရီးမီးယားလိဂ် တန်းတက်ကလပ်ဟာ ခြေစွမ်းနဲ့ စွမ်းဆောင်ရည် ကောင်းနေပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဘုန်းမောက်နဲ့ပွဲကို ၂-၁ နဲ့ အနိုင်ရတာကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လှမ်းလာကာ ချယ်ဆီးနဲ့ ၂ မှတ်အကွာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ရှက်ဖီးအသင်းခေါင်းဆောင်က ဘုန်းမောက်ပွဲအပြီးမှာ ” ကျနော်တို့ အထက်က အသင်းတွေကို ဂရုတစိုက်ထား ကြည့်ရှုနေပြီး သူတို့ကို လိုက်မှီအောင် ကြိုးစားသွားမှာပါ ” လို့ ချယ်ဆီးကို ရည်ရွယ်တဲ့ စကားကို ပြောဆိုခဲ့တာဖြစ်တယ်။

မန်နေဂျာဝိုင်ဒါကလည်း “ ကျနေ်ာတို့ ပိုပြီး လိုချင်ပါတယ်။ ကျနော်က သက်သောင့်သက်သာနဲ့ နေရာတာကို နှစ်သက်တဲ့ မန်နေဂျာမဟုတ်သလို ကျနေ်ာတို့အသင်းကလည်း ရောက်နေတဲ့ နေရာမှာ တင်းတိမ်နေတာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ ကျင်လယ်ရတဲ့ ပထမဆုံး ရာသီကို ကျနေ်ာတို့ ပျော်ရွှင်မိပါတယ်။

ပွဲကောင်းတွေ ရောက်လာဖို့ ရှိနေပါတယ်။ အဲ့လိုပွဲတွေကို ကျနေ်ာတို့ ပိုလိုချင်ပါတယ်။ ကစားသမားတွေလည်း ဒီအကြောင်းကို သိထားကြပြီး သူတို့ကလည်း ကျနေ်ာလိုပဲ ဖြစ်နေမှာပါ။ သူတို့ ဒီရာသီမှာ အခုထက် ပိုတဲ့ အဆင့်ကို လိုချင်တယ်ဆိုတာ အသင်းသားတွေ ကျနော်ကို ပြောပြစရာ မလိုပါဘူး။ သူတို့နည်းတူ ကျနော်လည်း လိုချင်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချယ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားတွေ ပေးလာတဲ့ ကလပ်အသင်းတွေရဲ့ အန္တရာယ်ကနေ ကျော်လွှားဖို့ ဒီအပတ်မှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်ပွဲကို အနိုင်ယူခြင်းနဲ့ စတင်ကာ ပွဲကြပ်ကာလကို ကျော်ဖြတ်ပြရမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာ ပံုစံေကာင္းေတြနဲ႔အတူ ရလဒ္ေကာင္းေတြ ဆက္တိုက္ ယူလာျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ ဖိအားေပးလာတဲ့ ရွက္ဖီးက ခ်ယ္ဆီးကိုပါ စိန္ေခၚတဲ့ စကားေတြ ေျပာလာခဲ့ပါျပီ။

ပရီးမီးယားလိဂ္ တန္းတက္ကလပ္ဟာ ေျခစြမ္းနဲ႔ စြမ္းေဆာင္ရည္ ေကာင္းေနျပီး ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ဘုန္းေမာက္နဲ႔ပြဲကို ၂-၁ နဲ႔ အႏုိင္ရတာေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာကို တက္လွမ္းလာကာ ခ်ယ္ဆီးနဲ႔ ၂ မွတ္အကြာကို ေရာက္လာခဲ့တာျဖစ္ပါတယ္။

ရွက္ဖီးအသင္းေခါင္းေဆာင္က ဘုန္းေမာက္ပြဲအျပီးမွာ ” က်ေနာ္တို႔ အထက္က အသင္းေတြကို ဂရုတစိုက္ထား ၾကည့္ရႈေနျပီး သူတို႔ကို လုိက္မွီေအာင္ ၾကိဳးစားသြားမွာပါ ” လို႔ ခ်ယ္ဆီးကို ရည္ရြယ္တဲ့ စကားကို ေျပာဆိုခဲ့တာျဖစ္တယ္။

မန္ေနဂ်ာဝိုင္ဒါကလည္း “ က်ေန္ာတို႔ ပိုျပီး လိုခ်င္ပါတယ္။ က်ေနာ္က သက္ေသာင့္သက္သာနဲ႔ ေနရာတာကို ႏွစ္သက္တဲ့ မန္ေနဂ်ာမဟုတ္သလို က်ေန္ာတို႔အသင္းကလည္း ေရာက္ေနတဲ့ ေနရာမွာ တင္းတိမ္ေနတာ မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္မွာ က်င္လယ္ရတဲ့ ပထမဆံုး ရာသီကို က်ေန္ာတုိ႔ ေပ်ာ္ရႊင္မိပါတယ္။

ပြဲေကာင္းေတြ ေရာက္လာဖို႔ ရွိေနပါတယ္။ အဲ့လိုပြဲေတြကို က်ေန္ာတုိ႔ ပိုလိုခ်င္ပါတယ္။ ကစားသမားေတြလည္း ဒီအေၾကာင္းကို သိထားၾကျပီး သူတို႔ကလည္း က်ေန္ာလိုပဲ ျဖစ္ေနမွာပါ။ သူတို႔ ဒီရာသီမွာ အခုထက္ ပိုတဲ့ အဆင့္ကို လိုခ်င္တယ္ဆိုတာ အသင္းသားေတြ က်ေနာ္ကို ေျပာျပစရာ မလိုပါဘူး။ သူတို႔နည္းတူ က်ေနာ္လည္း လိုခ်င္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဖိအားေတြ ေပးလာတဲ့ ကလပ္အသင္းေတြရဲ႕ အႏၱရာယ္ကေန ေက်ာ္လႊားဖို႔ ဒီအပတ္မွာ ရင္ဆုိင္ရမယ့္ ယူႏုိက္တက္ပြဲကို အႏုိင္ယူျခင္းနဲ႔ စတင္ကာ ပြဲၾကပ္ကာလကို ေက်ာ္ျဖတ္ျပရမွာ ျဖစ္ပါတယ္။