အေဂျက်က ဇီးယက်စ်၊ ဆန်ချို၊ အာဆင်နယ်ပွဲ လော့တပ်ချိစ် ပါဝင်ဖို့နဲ့ ချယ်ဆီး နံနက်ခင်းသတင်းများ

ချယ်ဆီးအသင်းဟာ အေးဂျက်အသင်း ကွင်းလယ်လူ ဇီးယက်စ်ကို လမ်းပတ်ရဲ့ နွေအပြောင်းအရွှေ့ အစီအစဉ်အတွက် ခေါ်ယူပေးဖို့ စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ချယ်ဆီးအသင်းရဲ့ အဓိက ပစ်မှတ် ဆန်ချိုအတွက် နွေမှာ ဈေးအပြိုင်ပေး ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချထားပြီး ယုံကြည်ချက်လည်း ရှိနေတယ်လို့ သိရပါတယ်။

ချယ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်ဟာ ကြံ့ခိုင်မှုဆိုင်ရာ စမ်းစစ်မှုအဖြစ် တနင်္လာနေ့ အာဆင်နယ် လူငယ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ချယ်ဆီး လူငယ်အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။

အသင်း အကယ်ဒမီထွက် လူငယ်ကွင်းလယ်ကစားသမား ဘီလီ ဂေးလ်မားကို ချယ်ဆီးအသင်းက လမ်းပတ်ရဲ့ စီနီယာအသင်းကြီး လူစာရင်းထဲသို့ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ချယ်ဆီးကစားသမားဟောင်းကြီး ဘောလက်က လက်ရှိ ချယ်ဆီးအသင်းဟာ အတွေ့အကြုံ နုနယ်ပြီး ဘိုင်ယန်ကို ယှဉ်ပြိုင်ပြီး နောက်တစ်ဆင့်ကို တက်ဖို့က မန်နေဂျာကလည်း ဝါနုတယ်လို့ သုံးသပ်သွားပါတယ်။

ဆာဆူလိုအို စီအီးအိုက ၎င်းတို့အသင်းမှ ချယ်ဆီးကစားသမားဟောင်း ဘိုဂါကိစ္စကို ဆွေးနွေးဖို့ ဒီအပတ်မှာ ချယ်ဆီး တာဝန်ရှိသူတွေနဲ့ တွေ့မယ်လို့ သိရပါတယ်။ ချယ်ဆီးဘက်က ဘိုဂါကို ပေါင် ၁၃ သန်းနဲ့ ပြန်လည် ခေါ်ယူခွင့် ပိုင်ဆိုင်ထားပါတယ်။

လိုင်ယွန်အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်မှူး ဒမ်ဘီလီကို နွေမှာ ရောင်းထုတ်မှာဖြစ်ပြီး ချယ်ဆီး၊ ယူနိုက်တက်တို့ ဈေးအပြိုင်ကမ်းလှမ်းမှုတွေ လုပ်လာဖို့ မျှော်လင့်နေပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ေအးဂ်က္အသင္း ကြင္းလယ္လူ ဇီးယက္စ္ကို လမ္းပတ္ရဲ႕ ေႏြအေျပာင္းအေရႊ႔ အစီအစဥ္အတြက္ ေခၚယူေပးဖို႔ ေစာင့္ၾကည့့္မႈေတြ လုပ္ေနတယ္လုိ႔ သိရပါတယ္။

ယူႏုိက္တက္ဟာ ခ်ယ္ဆီးအသင္းရဲ႕ အဓိက ပစ္မွတ္ ဆန္ခ်ိဳအတြက္ ေႏြမွာ ေစ်းအျပိဳင္ေပး ေခၚယူဖို႔ ဆံုးျဖတ္ခ်က္ ခ်ထားျပီး ယံုၾကည္ခ်က္လည္း ရွိေနတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူ ေလာ့တပ္ခ်ိစ္ဟာ ၾကံ႕ခိုင္မႈဆိုင္ရာ စမ္းစစ္မႈအျဖစ္ တနလၤာေန႔ အာဆင္နယ္ လူငယ္အသင္းနဲ႔ ယွဥ္ျပိဳင္မယ့္ ခ်ယ္ဆီး လူငယ္အသင္းအတြက္ ပါဝင္ကစားခဲ့ပါတယ္။

အသင္း အကယ္ဒမီထြက္ လူငယ္ကြင္းလယ္ကစားသမား ဘီလီ ေဂးလ္မားကို ခ်ယ္ဆီးအသင္းက လမ္းပတ္ရဲ႕ စီနီယာအသင္းၾကီး လူစာရင္းထဲသို႔ ထည့္သြင္းလိုက္ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးကစားသမားေဟာင္းၾကီး ေဘာလက္က လက္ရွိ ခ်ယ္ဆီးအသင္းဟာ အေတြ႔အၾကံဳ ႏုနယ္ျပီး ဘိုင္ယန္ကို ယွဥ္ျပိဳင္ျပီး ေနာက္တစ္ဆင့္ကို တက္ဖို႔က မန္ေနဂ်ာကလည္း ဝါႏုတယ္လို႔ သံုးသပ္သြားပါတယ္။

ဆာဆူလိုအို စီအီးအိုက ၄င္းတို႔အသင္းမွ ခ်ယ္ဆီးကစားသမားေဟာင္း ဘိုဂါကိစၥကို ေဆြးေႏြးဖို႔ ဒီအပတ္မွာ ခ်ယ္ဆီး တာဝန္ရွိသူေတြနဲ႔ ေတြ႔မယ္လို႔ သိရပါတယ္။ ခ်ယ္ဆီးဘက္က ဘိုဂါကို ေပါင္ ၁၃ သန္းနဲ႔ ျပန္လည္ ေခၚယူခြင့္ ပိုင္ဆိုင္ထားပါတယ္။

လိုင္ယြန္အသင္းဟာ ၄င္းတို႔ရဲ႕ တိုက္စစ္မွဴး ဒမ္ဘီလီကို ေႏြမွာ ေရာင္းထုတ္မွာျဖစ္ျပီး ခ်ယ္ဆီး၊ ယူႏုိက္တက္တို႔ ေစ်းအျပိဳင္ကမ္းလွမ္းမႈေတြ လုပ္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။