မိုရာတာလက်သစ်လို့ ခေါ်နေကြတဲ့ တိုက်စစ် ပစ်မှတ်၊ ဆန်ချို တန်ကြေး နဲ့ ချယ်ဆီး ညနေခင်းသတင်းများ
ဒေါ့မွန် တိုက်စစ်သမား ဆန်ချိုကို လာမယ့်နွေမှာ ခေါ်ထုတ်သွားဖို့ ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၈ သန်းလောက် သုံးရလိမ့်မယ်လို့ ဂျာမန် ဘောလုံးကျွမ်းကျင်သူ ကီဗင် ဟက်ချက်က မှတ်ချက်ပြုလိုက်ပါတယ်။ ချယ်ဆီးက လာမယ့်နွေမှာ ဆန်ချိုကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။
ချယ်ဆီးအသင်းဟာ ဘုန်းမောက်ခံစစ်မှူး ချယ်ဆီးအသင်းသားဟောင်း အကီကို ပြန်ခေါ်ဖို့ ချိတ်ဆက်နေပြီး အကီကို အာဆင်နယ်လည်း ဝင်ရောက်ကြိုးပမ်းဖို့ ပေါမာဆန်က တိုက်တွန်းလိုက်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးသစ် အစ်ဟာလိုက အသင်းနဲ့အတူ စပိန် စခန်းသွင်းလေ့ကျင့်မှုသို့ လိုက်ပါခွင့် မရသော်လည်း အားလပ်ရက် အပြီး ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ တခါတည်း ပါဝင်ကစားမယ်လို့ ယူနိုက်တက် နည်းပြ ဆိုးရှားက အတည်ပြုသွားပါတယ်။
ချယ်ဆီးအသင်းက ဟော်လန်ကလပ် ဖီယွန်နုအသင်းမှ တူရကီသား ကွင်းလယ်ကစားသမား အော်ကွန်း ကော်ကျူးကိုလည်း အာဆင်နယ်နဲ့ အပြိုင် ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။
ဝုဗ်နဲ့ အက်ဖ်အေ လူငယ်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ချယ်ဆီး ကွင်းလယ်လူငယ် တီနို အန်ဂျိုရင်း ဟာ လော့ဖ်တပ်ချိစ် ကစားဟန်နဲ့ ဆင်တူပြီး ကော့ဘ်ဟမ်းမှ အလားအလာအကောင်းဆုံး လူငယ် အဖြစ် ရေပန်းစားနေပါတယ်။
ဘိုင်ယန်ကို ဂိုးမရှိ သရေကျသွားတဲ့ ပွဲ အပြီးမှာ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို နောက်ထပ် မိုရာတာ တစ်ယောက်လို့ ချယ်ဆီး ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ ချယ်ဆီး ချိတ်ဆက်နေတဲ့ တိုက်စစ်မှူးတွေထဲ တီမိုဝါနာလည်း ပါဝင်နေတာပါ။