ချယ်ဆီးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက် အရေးပါလာမယ့် ပွဲစဉ်များ

နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် အဆင့် ၄ တစ်နေရာ အပြိုင် ကြိုးစားနေတဲ့ အသင်းတွေက ချယ်ဆီးနဲ့ စပါးအသင်းတင် မဟုတ်တော့ပါဘူး။

အမှတ်ပေးဇယား ထိပ်ဆုံး နှစ်နေရာမှာ ရှိနေတဲ့ လီဗာပူးနဲ့ မန်စီးတီးကို ကျန်အသင်းတွေ အမှီလိုက်ဖို့ ခက်ခဲနေပြီ ဖြစ်သလို လက်စတာ ကလည်း အဆင့် ၄ နေရာက ချယ်ဆီးထက် ၈ မှတ် အသာရကာ အမှားမခံဘဲ ကြိုးစားနေတာကြောင့် အဆင့် ၄ တစ်နေရာ အတွက် အပြိုင် အသင်းတွေ များပြားလာပါတယ်။

ချယ်ဆီးအသင်းဟာ နိုဝင်ဘာလထဲမှာ မြောက်လန်ဒန် ပြိုင်ဘက်အသင်းတွေထက် ၁၂ မှတ် အသာ ရထားခဲ့သော်လည်း လက်ရှိ အချိန်မှာတော့ အမှတ် ကွာဟချက်က စပါးနဲ့ လေးမှတ်သာ ကွာတော့သလို ရှက်ဖီးလ်ကလည်း ၂ မှတ် အကွာ အဆင့် ၅ နေရာက လိုက်လံ ဖိအားပေး နေပါတယ်။ ဒီတလောပိုင်းမှာ ချယ်ဆီးအသင်းရဲ့ ကျဆင်းလာတဲ့ ရလဒ်တွေက အခြားအသင်းတွေကို ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တံခါးဖွင့်ထားသလို ဖြစ်လာခဲ့ပြီး အမှားခံလို့ မရတဲ့ အနေအထား ရောက်လာပြီ ဖြစ်ပါတယ်။

အဆင့် ၄ နေရာ အပြိုင်လိုက်နေတဲ့ အသင်းတွေနဲ့ ချယ်ဆီးအသင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေက လမ်းပတ်အသင်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ဖြစ်သွားနိုင်တာကြောင့် အရေးပါတဲ့ ပွဲစဉ်များကို လန်ဒန် သတင်းဌာနက စုစည်းပေးထားပါတယ်။

  • ဖေဖော်ဝါရီ ၁၇ (တနင်္လာနေ့) – ချယ်ဆီး Vs မန်ချက်စတာယူနိုက်တက်
  • ဖေဖော်ဝါရီ ၂၂ (စနေနေ့) – ချယ်ဆီး Vs စပါး
  • မတ် ၁ (တနင်္ဂနွေနေ့) – အဲဗာတန် Vs မန်ချက်စတာယူနိုက်တက်၊ စပါး Vs ဝုဗ်
  • မတ် ၈ (တနင်္ဂနွေနေ့) – ချယ်ဆီး Vs အဲဗာတန်၊ မန်ချက်စတာယူနိုက်တက် Vs မန်စီးတီး
  • မတ် ၁၅ (တနင်္ဂနွေနေ့) – စပါး Vs မန်ချက်စတာယူနိုက်တက်
  • မတ် ၁၆ (တနင်္လာနေ့) – အဲဗာတန် Vs လီဗာပူး
  • မတ် ၂၁ (စနေနေ့) – ချယ်ဆီး Vs မန်စီးတီး၊ မန်ချက်စတာယူနိုက်တက် Vs ရှက်ဖီး
  • ဧပြီ ၄ (စနေနေ့) – ရှက်ဖီး Vs စပါး
  • ဧပြီ ၁၁ (စနေနေ့) – စပါး Vs အဲဗာတန်၊ ဝုဗ် Vs အာဆင်နယ်
  • ဧပြီ ၁၈ (စနေနေ့) – ရှက်ဖီး Vs ဝုဗ်
  • ဧပြီ ၂၅ (စနေနေ့) – ရှက်ဖီး Vs ချယ်ဆီး၊ စပါး Vs အာဆင်နယ်
  • မေ ၉ (စနေနေ့) – လီဗာပူး Vs ချယ်ဆီး၊ ရှက်ဖီး Vs အဲဗာတန်၊ စပါး Vs လက်စတာ
  • မေ ၁၇ (တနင်္ဂနွေနေ့) – ချယ်ဆီး Vs ဝုဗ်၊ ပဲလေ့စ် Vs စပါး၊ အဲဗာတန် Vs ဘုန်းမောက်၊ လက်စတာ Vs မန်ယူနိုက်တက်၊ ဆောက်သမ်တန် Vs ရှက်ဖီး

ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာက ပွဲစဉ် ၃၈ မေ ၁၇ ရက်နေ့ထိ အကြိတ်အနယ် ဖြစ်ဖွယ် ရှိပြီး ထိုနေ့မှာ ချယ်ဆီးက ခက်ခဲတဲ့ ပြိုင်ဘက် ဝုဗ်ကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ အဆင့် ၄ နေရာ အတွက် အပြိုင် ဖြစ်နေတဲ့ထဲက ကျန်အသင်းများကလည်း ခက်ခဲတဲ့ ပွဲစဉ်တွေ ကိုယ်စီ ယှဉ်ပြိုင် ကစားကြရမှာပါ။

Zawgyi – ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္ အဆင့္ ၄ တစ္ေနရာ အျပိဳင္ ၾကိဳးစားေနတဲ့ အသင္းေတြက ခ်ယ္ဆီးနဲ႕ စပါးအသင္းတင္ မဟုတ္ေတာ့ပါဘူး။

အမွတ္ေပးဇယား ထိပ္ဆံုး နွစ္ေနရာမွာ ရွိေနတဲ့ လီဗာပူးနဲ႕ မန္စီးတီးကို က်န္အသင္းေတြ အမွီလိုက္ဖို႔ ခက္ခဲေနျပီ ျဖစ္သလို လက္စတာ ကလည္း အဆင့္ ၄ ေနရာက ခ်ယ္ဆီးထက္ ၈ မွတ္ အသာရကာ အမွားမခံဘဲ ၾကိဳးစားေနတာေၾကာင့္ အဆင့္ ၄ တစ္ေနရာ အတြက္ အျပိဳင္ အသင္းေတြ မ်ားျပားလာပါတယ္။

ခ်ယ္ဆီးအသင္းဟာ နုိ၀င္ဘာလထဲမွာ ေျမာက္လန္ဒန္ ျပိဳင္ဘက္အသင္းေတြထက္ ၁၂ မွတ္ အသာ ရထားခဲ့ေသာ္လည္း လက္ရွိ အခ်ိန္မွာေတာ့ အမွတ္ ကြာဟခ်က္က စပါးနဲ႕ ေလးမွတ္သာ ကြာေတာ့သလို ရွက္ဖီးလ္ကလည္း ၂ မွတ္ အကြာ အဆင့္ ၅ ေနရာက လိုက္လံ ဖိအားေပး ေနပါတယ္။ ဒီတေလာပိုင္းမွာ ခ်ယ္ဆီးအသင္းရဲ႕ က်ဆင္းလာတဲ့ ရလဒ္္ေတြက အျခားအသင္းေတြကို ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ တံခါးဖြင့္ထားသလို ျဖစ္လာခဲ့ျပီး အမွားခံလို႔ မရတဲ့ အေနအထား ေရာက္လာျပီ ျဖစ္ပါတယ္။

အဆင့္ ၄ ေနရာ အျပိဳင္လိုက္ေနတဲ့ အသင္းေတြနဲ႕ ခ်ယ္ဆီးအသင္းရဲ႕ ထိပ္တိုက္ေတြ႔ဆံုမႈေတြက လမ္းပတ္အသင္းရဲ႕ ကံၾကမၼာကို အဆံုးအျဖတ္ ျဖစ္သြားနုိင္တာေၾကာင့္ အေရးပါတဲ့ ပြဲစဥ္မ်ားကို လန္ဒန္ သတင္းဌာနက စုစည္းေပးထားပါတယ္။

  • ေဖေဖာ္၀ါရီ ၁၇ (တနလၤာေန႔) – ခ်ယ္ဆီး Vs မန္ခ်က္စတာယူနိုက္တက္
  • ေဖေဖာ္၀ါရီ ၂၂ (စေနေန႔) – ခ်ယ္ဆီး Vs စပါး
  • မတ္ ၁ (တနဂၤေႏြေန႔) – အဲဗာတန္ Vs မန္ခ်က္စတာယူနုိက္တက္၊ စပါး Vs ၀ုဗ္
  • မတ္ ၈ (တနဂၤေႏြေန႔) – ခ်ယ္ဆီး Vs အဲဗာတန္၊ မန္ခ်က္စတာယူနိုက္တက္ Vs မန္စီးတီး
  • မတ္ ၁၅ (တနဂၤေႏြေန႔) – စပါး Vs မန္ခ်က္စတာယူနိုက္တက္
  • မတ္ ၁၆ (တနလၤာေန႔) – အဲဗာတန္ Vs လီဗာပူး
  • မတ္ ၂၁ (စေနေန႔) – ခ်ယ္ဆီး Vs မန္စီးတီး၊ မန္ခ်က္စတာယူနိုက္တက္ Vs ရွက္ဖီး
  • ဧျပီ ၄ (စေနေန႔) – ရွက္ဖီး Vs စပါး
  • ဧျပီ ၁၁ (စေနေန႔) – စပါး Vs အဲဗာတန္၊ ၀ုဗ္ Vs အာဆင္နယ္
  • ဧျပီ ၁၈ (စေနေန႔) – ရွက္ဖီး Vs ၀ုဗ္
  • ဧျပီ ၂၅ (စေနေန႔) – ရွက္ဖီး Vs ခ်ယ္ဆီး၊ စပါး Vs အာဆင္နယ္
  • ေမ ၉ (စေနေန႔) – လီဗာပူး Vs ခ်ယ္ဆီး၊ ရွက္ဖီး Vs အဲဗာတန္၊ စပါး Vs လက္စတာ
  • ေမ ၁၇ (တနဂၤေႏြေန႔) – ခ်ယ္ဆီး Vs ၀ုဗ္၊ ပဲေလ့စ္ Vs စပါး၊ အဲဗာတန္ Vs ဘုန္းေမာက္၊ လက္စတာ Vs မန္ယူနိုက္တက္၊ ေဆာက္သမ္တန္ Vs ရွက္ဖီး

ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာက ပြဲစဥ္ ၃၈ ေမ ၁၇ ရက္ေန႔ထိ အၾကိတ္အနယ္ ျဖစ္ဖြယ္ ရွိျပီး ထိုေန႔မွာ ခ်ယ္ဆီးက ခက္ခဲတဲ့ ျပိဳင္ဘက္ ၀ုဗ္ကို ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ အဆင့္ ၄ ေနရာ အတြက္ အျပိဳင္ ျဖစ္ေနတဲ့ထဲက က်န္အသင္းမ်ားကလည္း ခက္ခဲတဲ့ ပြဲစဥ္ေတြ ကိုယ္စီ ယွဥ္ျပိဳင္ ကစားၾကရမွာပါ။