ချယ်ဆီးအသင်း ဝဘ်ဆိုဒ်မှာ စိတ်လှုပ်ရှားစွာ ဖြေဆိုမှု ပြုလုပ်သွားတဲ့ ကွင်းလယ်ကြယ်ပွင့် ဂလယ်ဟာ

ချယ်ဆီး အကယ်ဒမီကြယ်ပွင့်ဖြစ်သူ ဂလယ်ဟာက ရာသီစမှာ ကိုဟမ်ကနေ ထွက်ခွာပြီး ချန်ပီယံရှစ်ကလပ် ချာတန်အသင်းကို အငှားထွက်ရတာက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

ဂလယ်ဟာက လက်ရှိမှာ ဆွမ်ဆီးအသင်းထံ ပြောင်းကစားနေပြီဖြစ်ပေမယ့် သူ့ရဲ့ ပထမဆုံး အတွေ့အကြုံတွေကို ချာတန်မှာ ရခဲ့တာဖြစ်တယ်။ ပွဲထွက်ကစားသမားဘဝ ပထမဆုံးသော သွင်းဂိုးကို ရရှိတဲ့ ခံစားချက်ကလည်း မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်ဆိုတာကို ဂလယ်ဟာက ချယ်ဆီးအသင်းဝဘ်ဆိုဒ်ကနေ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

‘ ချာတန်ကို အငှားထွက်ရတဲ့ ပထမဆုံးနေ့က ကျနော် လန့်နေမိတယ်။ ဘာလို့လည်းဆိုတော့ ကျနော် ကစားနေကျ နေရာ မဟုတ်ဘူးလေ။ ကျနော်က နေ့တိုင်းမှာ ကိုဟမ်လေ့ကျင့်ရေးမှာ လေ့ကျင့်ပြီး တိုးတက်မှုတွေ ရှာဖွေခဲ့သူပါ။ ချာတန်ကို အငှားထွက်ချိန် အဝတ်လဲခန်းထဲ ဝင်ရောက်သွားတော့ အသံတွေ ဆူညံနေတာပါပဲ။

ကျနော် မသိတဲ့လူတွေ အများကြီး ရှိပေမယ့် သိပ်မကြာပဲ အသားကျသွားတာပါပဲ။ ဥမင်ထဲကနေ ထွက်ခွာချိန်မှာ ပရိသတ်တွေရဲ့ အားပေးသံတွေကို ကြားရတဲ့အခါ စိတ်လှုပ်ရှားမိတော့တာပေါ့။ ချာတန်မှာ လူတိုင်းက ကျနော်ကို ကြိုဆိုခဲ့ကြပြီး နှစ်ပွဲလောက်ကြာတော့ ချာတန်ပရိသတ်တွေက ကျနော် နာမည်ကို တီကြွေး အားပေးကြတော့တာပဲ။

ပထမဆုံး ဂိုးသွင်းခဲ့တုန်းက တကယ်ကို ထူးခြားတယ်လို့ ခံစားခဲ့ရတယ်။ အရမ်းကောင်းတဲ့ ခံစားချက်ဖြစ်ပြီး ကျနော် မိဘတွေနဲ့ အကိုတို့ကလည်း အဲ့ပွဲမှာ ရှိနေတော့ ကစားသမားဘဝ အကောင်းဆုံး ခံစားချက်လို့ပဲ ပြောရမှာပေါ့။

ဂိုးဝင်သွားတုန်းက သူတို့တွေ ငိုကြတော့တာပဲ။ ဒီခံစားချက်က ပြောပြဖို့ ခက်ပါတယ်။ မယုံနိုင်လောက်အောင်ဖြစ်ပြီး ပိုကြိုးစားဖို့ တွန်းအားဖြစ်ခဲ့ပါတယ် ’ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီး အကယ္ဒမီၾကယ္ပြင့္ျဖစ္သူ ဂလယ္ဟာက ရာသီစမွာ ကိုဟမ္ကေန ထြက္ခြာျပီး ခ်န္ပီယံရွစ္ကလပ္ ခ်ာတန္အသင္းကို အငွားထြက္ရတာက အရမ္းကို စိတ္လႈပ္ရွားစရာ ေကာင္းခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဂလယ္ဟာက လက္ရွိမွာ ဆြမ္ဆီးအသင္းထံ ေျပာင္းကစားေနျပီျဖစ္ေပမယ့္ သူ႔ရဲ႕ ပထမဆံုး အေတြ႔အၾကံဳေတြကို ခ်ာတန္မွာ ရခဲ့တာျဖစ္တယ္။ ပြဲထြက္ကစားသမားဘဝ ပထမဆံုးေသာ သြင္းဂိုးကို ရရွိတဲ့ ခံစားခ်က္ကလည္း မယံုႏုိင္ေအာင္ ျဖစ္ခဲ့ရတယ္ဆိုတာကို ဂလယ္ဟာက ခ်ယ္ဆီးအသင္းဝဘ္ဆိုဒ္ကေန ေဖာ္ျပသြားခဲ့တာျဖစ္ပါတယ္။

‘ ခ်ာတန္ကို အငွားထြက္ရတဲ့ ပထမဆံုးေန႔က က်ေနာ္ လန္႔ေနမိတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ ကစားေနက် ေနရာ မဟုတ္ဘူးေလ။ က်ေနာ္က ေန႔တိုင္းမွာ ကိုဟမ္ေလ့က်င့္ေရးမွာ ေလ့က်င့္ျပီး တိုးတက္မႈေတြ ရွာေဖြခဲ့သူပါ။ ခ်ာတန္ကို အငွားထြက္ခ်ိန္ အဝတ္လဲခန္းထဲ ဝင္ေရာက္သြားေတာ့ အသံေတြ ဆူညံေနတာပါပဲ။

က်ေနာ္ မသိတဲ့လူေတြ အမ်ားၾကီး ရွိေပမယ့္ သိပ္မၾကာပဲ အသားက်သြားတာပါပဲ။ ဥမင္ထဲကေန ထြက္ခြာခ်ိန္မွာ ပရိသတ္ေတြရဲ႕ အားေပးသံေတြကို ၾကားရတဲ့အခါ စိတ္လႈပ္ရွားမိေတာ့တာေပါ့။ ခ်ာတန္မွာ လူတိုင္းက က်ေနာ္ကို ၾကိဳဆိုခဲ့ၾကျပီး ႏွစ္ပြဲေလာက္ၾကာေတာ့ ခ်ာတန္ပရိသတ္ေတြက က်ေနာ္ နာမည္ကို တီေၾကြး အားေပးၾကေတာ့တာပဲ။

ပထမဆံုး ဂိုးသြင္းခဲ့တုန္းက တကယ္ကို ထူးျခားတယ္လို႔ ခံစားခဲ့ရတယ္။ အရမ္းေကာင္းတဲ့ ခံစားခ်က္ျဖစ္ျပီး က်ေနာ္ မိဘေတြနဲ႔ အကိုတို႔ကလည္း အဲ့ပြဲမွာ ရွိေနေတာ့ ကစားသမားဘဝ အေကာင္းဆံုး ခံစားခ်က္လို႔ပဲ ေျပာရမွာေပါ့။

ဂိုးဝင္သြားတုန္းက သူတို႔ေတြ ငိုၾကေတာ့တာပဲ။ ဒီခံစားခ်က္က ေျပာျပဖို႔ ခက္ပါတယ္။ မယံုႏိုင္ေလာက္ေအာင္ျဖစ္ျပီး ပိုၾကိဳးစားဖို႔ တြန္းအားျဖစ္ခဲ့ပါတယ္ ’ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။