မအိုသေးတဲ့ ပီတာချက်၊ ဝီလီယံ၊ ပေါ်တူဂီ ကွင်းလယ်ပစ်မှတ်နဲ့ ချယ်ဆီး ညနေခင်း သတင်းများ

ချယ်ဆီးအသင်းမှာ အားကစား ဒါရိုက်တာ အဖြစ် တာဝန်ယူထားတဲ့အပြင် ဝါသနာ အရ အင်္ဂလန် ရေခဲပြင် ဟော်ကီလိဂ် ဒုတိယတန်း ကလပ်မှာ ဝင်ကစားနေတဲ့ ဂိုးသမားကြီး ပီတာချက်က လိဂ်မှာ ဇန်နဝါရီလ အကောင်းဆုံး ကစားသမားဆု ပါ ရရှိခဲ့ပါတယ်။ ပီတာချက်ကတော့ သူ မအိုသေးကြောင်း အစွမ်းပြနေဆဲပါ။

စပို့တင်း လစ္စဘွန်းမှာ ကစားနေတဲ့ လီဗာပူးကစားသမားဟောင်း ရာဖေးလ် ကမာချိုကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ခေါ်ယူလိုနေကြပြီး ချယ်ဆီးအသင်းလည်း ပါဝင်နေပါတယ်။ ကမာချိုကို အလိုရှိနေတဲ့အသင်းတွေကတော့ ချယ်ဆီး အပြင် စပါး၊ အာဆင်နယ်၊ ယူနိုက်တက်နဲ့ အဲဗာတန်တို့ ဖြစ်ပါတယ်။

လာမယ့်နွေမှာ ချယ်ဆီး ခေါ်ယူဖွယ် ရှိတဲ့ ကစားသမား ၆ ဦးကို ဘွန်ကီဒိုင်တွေက ကြေးဖွင့်မှုတွေ ပြုလုပ်လာပါတယ်။ ထို ၆ ဦးကတော့ ဆန်ချို၊ အကီ၊ ဇာဟာ၊ ဒရိုင်းမာတင်၊ ဘန်ချေးဝဲလ်နဲ့ ကာဗာနီတို့ ဖြစ်ပါတယ်။ အလေးပေးမှု အများဆုံးကတော့ ဆန်ချို ဖြစ်ပြီး 4/1 လို့ သတ်မှတ်ထားကြပါတယ်။

ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူမှု မလုပ်ခဲ့တဲ့ ချယ်ဆီးအသင်းကို လာမယ့်နွေမှာ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ပရိသတ်တွေက စတင် တိုက်တွန်းနေပြီး ချယ်ဆီး ပရိသတ်တွေ ခေါ်ယူပေးဖို့ တောင်းဆိုနေသူတွေထဲ ရီးရဲလ်ဘက်တစ်မှ ပြင်သစ်သား ကွင်းလယ်ဖန်တီးရှင် ဖယ်ကီရာ ပါဝင်လာပါတယ်။

ချယ်ဆီးအသင်းရဲ့ အဆင့် ၄ နေရာကို ခြိမ်းခြောက်လာနိုင်တာက စပါးနဲ့ ယူနိုက်တက်တို့တင် မကဘဲ ရှက်ဖီးယူနိုက်တက်လည်း ပါဝင်လာ ပါတယ်။ ရှက်ဖီးက ညက ဘုန်းမောက်ကို နိုင်လိုက်ပြီး ရမှတ် ၃၉ မှတ်ရှိလာကာ အဆင့် ၅ နေရာသို့ ရောက်ရှိလာပါတယ်။

ချယ်ဆီးအသင်းဟာ ရာသီကုန်မှ တိုက်စစ်သမား ဝီလီယံကို လက်လွှတ်လိုက်ရင် အသင်းအတွက် ဆုံးရှုံးမှုကြီး ရင်ဆိုင်ရလိမ့်မယ်လို့ လန်ဒန် သတင်းဌာနက သုံးသပ်ထားပါတယ်။ ဝီလီယံကို ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်တွေ အတွင်း ဘာစီလိုနာအသင်းက ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးက လက်မခံခဲ့ပါဘူး။

Zawgyi – ခ်ယ္ဆီးအသင္းမွာ အားကစား ဒါရိုက္တာ အျဖစ္ တာ၀န္ယူထားတဲ့အျပင္ ၀ါသနာ အရ အဂၤလန္ ေရခဲျပင္ ေဟာ္ကီလိဂ္ ဒုတိယတန္း ကလပ္မွာ ၀င္ကစားေနတဲ့ ဂိုးသမားၾကီး ပီတာခ်က္က လိဂ္မွာ ဇန္န၀ါရီလ အေကာင္းဆံုး ကစားသမားဆု ပါ ရရွိခဲ့ပါတယ္။ ပီတာခ်က္ကေတာ့ သူ မအိုေသးေၾကာင္း အစြမ္းျပေနဆဲပါ။

စပို႔တင္း လစၥဘြန္းမွာ ကစားေနတဲ့ လီဗာပူးကစားသမားေဟာင္း ရာေဖးလ္ ကမာခ်ိဳကို ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ေတြ ေခၚယူလိုေနၾကျပီး ခ်ယ္ဆီးအသင္းလည္း ပါ၀င္ေနပါတယ္။ ကမာခ်ိဳကို အလိုရွိေနတဲ့အသင္းေတြကေတာ့ ခ်ယ္ဆီး အျပင္ စပါး၊ အာဆင္နယ္၊ ယူနိုက္တက္နဲ႕ အဲဗာတန္တို႔ ျဖစ္ပါတယ္။

လာမယ့္ေႏြမွာ ခ်ယ္ဆီး ေခၚယူဖြယ္ ရွိတဲ့ ကစားသမား ၆ ဦးကို ဘြန္ကီဒိုင္ေတြက ေၾကးဖြင့္မႈေတြ ျပဳလုပ္လာပါတယ္။ ထုိ ၆ ဦးကေတာ့ ဆန္ခ်ိဳ၊ အကီ၊ ဇာဟာ၊ ဒရိုင္းမာတင္၊ ဘန္ေခ်း၀ဲလ္နဲ႕ ကာဗာနီတို႔ ျဖစ္ပါတယ္။ အေလးေပးမႈ အမ်ားဆံုးကေတာ့ ဆန္ခ်ိဳ ျဖစ္ျပီး 4/1 လို႔ သတ္မွတ္ထားၾကပါတယ္။

ဇန္န၀ါရီမွာ ကစားသမားသစ္ ေခၚယူမႈ မလုပ္ခဲ့တဲ့ ခ်ယ္ဆီးအသင္းကို လာမယ့္ေႏြမွာ လႈပ္ရွားမႈေတြ ျပဳလုပ္ဖို႔ ပရိသတ္ေတြက စတင္ တိုက္တြန္းေနျပီး ခ်ယ္ဆီး ပရိသတ္ေတြ ေခၚယူေပးဖို႔ ေတာင္းဆိုေနသူေတြထဲ ရီးရဲလ္ဘက္တစ္မွ ျပင္သစ္သား ကြင္းလယ္ဖန္တီးရွင္ ဖယ္ကီရာ ပါ၀င္လာပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အဆင့္ ၄ ေနရာကို ျခိမ္းေျခာက္လာနိုင္တာက စပါးနဲ႕ ယူနိုက္တက္တို႔တင္ မကဘဲ ရွက္ဖီးယူနုိက္တက္လည္း ပါ၀င္လာ ပါတယ္။ ရွက္ဖီးက ညက ဘုန္းေမာက္ကို နုိင္လိုက္ျပီး ရမွတ္ ၃၉ မွတ္ရွိလာကာ အဆင့္ ၅ ေနရာသို႔ ေရာက္ရွိလာပါတယ္။

ခ်ယ္ဆီးအသင္းဟာ ရာသီကုန္မွ တိုက္စစ္သမား ၀ီလီယံကို လက္လႊတ္လိုက္ရင္ အသင္းအတြက္ ဆံုးရွံဳးမႈၾကီး ရင္ဆိုင္ရလိမ့္မယ္လို႔ လန္ဒန္ သတင္းဌာနက သံုးသပ္ထားပါတယ္။ ၀ီလီယံကို ဇန္န၀ါရီ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ေတြ အတြင္း ဘာစီလိုနာအသင္းက ေပါင္ သန္း ၂၀ နဲ႕ ကမ္းလွမ္းခဲ့ေပမယ့္ ခ်ယ္ဆီးက လက္မခံခဲ့ပါဘူး။