မာတီနက်စ်နဲ့ သတင်းထွက်နေပေမယ့် လာလီဂါတိုက်စစ်သမားကို ခေါ်ယူပေးဖို့ ပရိသတ်တွေ တောင်းဆို

ချယ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူဖို့ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေမယ့် နွေအပြောင်းအရွှေ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်တယ်။

အထူးသဖြင့် တိုက်စစ်ပိုင်းကို အင်အားဖြည့်နိုင်ပြီး အင်တာမီလန်တိုက်စစ်မှူး မာတီနက်စ်၊ လိုက်ဇစ်မှ တီမိုဝါနာ၊ နာပိုလီမှ မာတင်၊ လိုင်ယွန်မှ ဒမ်ဘီလီလို ကစားသမားတွေနဲ့ သတင်းထွက်နေတာဖြစ်တယ်။ ဝါရင့် ကစားသမားကြီးတွေဖြစ်တဲ့ ပက်ဒရို၊ ဂျရူးတို့ ထွက်ခွာမှာဖြစ်လို့လည်း တိုက်စစ်ပိုင်းကို သေချာပေါက် အားဖြည့်ဖို့ ရှိနေတာပါ။

နွေအပြောင်းအရွှေ့တုန်းက ကစားသမား ရောင်းထုတ်မှုကနေ ပေါင် ၁၅၀ သန်း ဝန်းကျင် ဝင်ငွေရှိထားတဲ့ ချယ်ဆီးဟာ အဆိုပါ ငွေကြေးတွေကို ကလပ်အသင်း လူသစ်ခေါ်ယူမှုအတွက် ပြန်လည် အသုံးပြုသွားမယ်လို့ မျှော်လင့်ရတာဖြစ်တယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွက် ပရိသတ်တွေဘက်က ထူးထူးခြားခြား ဆန္ဒပြုမှု ပေါ်ထွက်လာနေခဲ့ပါတယ်။

လန်ဒန်သတင်းဌာနက ဖော်ပြရာမှာ ပရိသတ်တွေဘက်က လာလီဂါကလပ် ဘက်တစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်သမား နာဘီ ဖယ်ကီရာကို ခေါ်ယူဖို့ အသင်းကို တောင်းဆိုမှုတွေ ရှိလာနေခဲ့တာဖြစ်တယ်။

ပြင်သစ်ကလပ် လိုင်ယွန်အသင်း တိုက်စစ်သမားဟောင်းဟာ နွေအပြောင်းအရွှေ့မှာ ဘက်တစ်ကို ရောက်ခဲ့သူဖြစ်ပြီး အဓိက ကစားသမားဖြစ်လာခဲ့တာပါ။ ဖယ်ကီရာဟာ ကမ္ဘာဖလားတုန်းက ရွေးချယ်ခံခဲ့ရသေးတာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ လီဗာပူးတို့နဲ့လည်း သတင်းကြီးနေခဲ့တာဖြစ်တယ်။

တိုက်စစ်မှူးအဖြစ် တီမိုဝါနာကို ပရိသတ်တွေ အလိုရှိနေကာ တောင်ပံတစ်ဘက်အတွက်ကော ကွင်းလယ်တိုက်စစ်နေရာအတွက်မှာပါ အသုံးဝင်တဲ့ ဖယ်ကီရာကိုပါ ခေါ်ယူပေးဖို့ အသင်းပရိသတ်တွေဘက်က အလိုရှိနေတယ်လို့ သိရပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကစားသမားေခၚယူဖို႔ လုပ္ေဆာင္ႏုိင္ခဲ့ျခင္း မရွိေပမယ့္ ေႏြအေျပာင္းအေရႊ႔အတြက္ ၾကိဳတင္ ျပင္ဆင္မႈေတြ ျပဳလုပ္ေနတာျဖစ္တယ္။

အထူးသျဖင့္ တိုက္စစ္ပိုင္းကို အင္အားျဖည့္ႏုိင္ျပီး အင္တာမီလန္တိုက္စစ္မွဴး မာတီနက္စ္၊ လိုက္ဇစ္မွ တီမိုဝါနာ၊ နာပိုလီမွ မာတင္၊ လိုင္ယြန္မွ ဒမ္ဘီလီလို ကစားသမားေတြနဲ႔ သတင္းထြက္ေနတာျဖစ္တယ္။ ဝါရင့္ ကစားသမားၾကီးေတြျဖစ္တဲ့ ပက္ဒရို၊ ဂ်ရူးတို႔ ထြက္ခြာမွာျဖစ္လို႔လည္း တိုက္စစ္ပိုင္းကို ေသခ်ာေပါက္ အားျဖည့္ဖို႔ ရွိေနတာပါ။

ေႏြအေျပာင္းအေရႊ႔တုန္းက ကစားသမား ေရာင္းထုတ္မႈကေန ေပါင္ ၁၅၀ သန္း ဝန္းက်င္ ဝင္ေငြရွိထားတဲ့ ခ်ယ္ဆီးဟာ အဆိုပါ ေငြေၾကးေတြကို ကလပ္အသင္း လူသစ္ေခၚယူမႈအတြက္ ျပန္လည္ အသံုးျပဳသြားမယ္လို႔ ေမွ်ာ္လင့္ရတာျဖစ္တယ္။ ဒါေပမယ့္ ဒီရက္ပိုင္းအတြက္ ပရိသတ္ေတြဘက္က ထူးထူးျခားျခား ဆႏၵျပဳမႈ ေပၚထြက္လာေနခဲ့ပါတယ္။

လန္ဒန္သတင္းဌာနက ေဖာ္ျပရာမွာ ပရိသတ္ေတြဘက္က လာလီဂါကလပ္ ဘက္တစ္အသင္းမွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္သမား နာဘီ ဖယ္ကီရာကို ေခၚယူဖို႔ အသင္းကို ေတာင္းဆိုမႈေတြ ရွိလာေနခဲ့တာျဖစ္တယ္။

ျပင္သစ္ကလပ္ လိုင္ယြန္အသင္း တိုက္စစ္သမားေဟာင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ ဘက္တစ္ကို ေရာက္ခဲ့သူျဖစ္ျပီး အဓိက ကစားသမားျဖစ္လာခဲ့တာပါ။ ဖယ္ကီရာဟာ ကမၻာဖလားတုန္းက ေရြးခ်ယ္ခံခဲ့ရေသးတာျဖစ္ျပီး ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္၊ လီဗာပူးတို႔နဲ႔လည္း သတင္းၾကီးေနခဲ့တာျဖစ္တယ္။

တိုက္စစ္မွဴးအျဖစ္ တီမိုဝါနာကို ပရိသတ္ေတြ အလိုရွိေနကာ ေတာင္ပံတစ္ဘက္အတြက္ေကာ ကြင္းလယ္တိုက္စစ္ေနရာအတြက္မွာပါ အသံုးဝင္တဲ့ ဖယ္ကီရာကိုပါ ေခၚယူေပးဖို႔ အသင္းပရိသတ္ေတြဘက္က အလိုရွိေနတယ္လို႔ သိရပါတယ္။