ချယ်ဆီးအသင်းခေါင်းဆောင်ကြီးရဲ့ စိတ်ဓါတ်နဲ့ ဆုဖလားဆာလောင်မှုကို ကွီတာ ဖွင့်ချ

လက်ရှိ ချယ်ဆီးအသင်းအတွက် ကီတာက အသင်းခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ပရိသတ်နဲ့ အဝတ်လဲခန်းက ကစားသမားတွေကြား ပေါင်းကူးပေးသူအဖြစ် လုပ်ကိုင်ပေးနေတာပါ။

သူကတော့ ချယ်ဆီးကစားသမားဘဝ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်နဲ့ လုပ်ဆောင်ချက်တွေကို အသင်းဂန္တဝင်ကြီး ဂျွန်တယ်ရီထံကနေ သင်ယူခဲ့ရတယ်ဆိုတဲ့အကြောင်းကို ကလပ်အသင်း ဝဘ်ဆိုဒ်ကနေ ရှင်းပြသွားခဲ့ပါသေးတယ်။

ကီတာက ပြောပြရာမှာ “ အသင်းကို ကျနော် စရောက်တဲ့ ပထမဆုံး နေ့ရက်ကတည်းက ကျနော် လိုအပ်တာမှန်သမျှ ကူညီဖို့ကို သူက အဆင်သင့်ဖြစ်နေတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာ သူ့ရဲ့ စိတ်ဓါတ်ထက်သန်မှုနဲ့ ပြိုင်ဆိုင်မှု နည်းလမ်းတွေကို ကျနေ်ာ မြင်တွေ့ခွင့်ရခဲ့တယ်။

ကျနော် ချယ်ဆီးကိုရောက်လာတော့ ကလပ်အသင်းက ချန်ပီယံလိဂ်ဖလားနဲ့တကွ ဆုဖလားတွေ အားလုံးကို အနိုင်ရထားခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ ဆုဖလားတွေကို အောင်မြင်လိုစိတ် ရှိနေဆဲနဲ့ ဆာလောင်နေဆဲ ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဂျွန်တယ်ရီကြီးရဲ့ လွှမ်းမိုးမှုဟာ ကွီတာအပေါ်မှာ သက်ရောက်မှု များခဲ့မယ်ဆိုတာ သေချာပါတယ်။ အဝတ်လဲခန်းထဲက တယ်ရီရဲ့ ဦးဆောင်မှုမျိုးကို လုပ်ပေးနိုင်ဖို့ အရေးကြီးလှသလို အကယ်ဒမီထွက် စစ်စစ်ဖြစ်တဲ့ အသင်းခေါင်းဆောင်ကြီးရဲ့ ဦးဆောင်မှုကို နောက်မျိုးဆက်ထံ လက်ဆင့်ကမ်းပေးဖို့ ကွီတာ လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြရအောင်ပါ။

ZAWGYI

လက္ရွိ ခ်ယ္ဆီးအသင္းအတြက္ ကီတာက အသင္းေခါင္းေဆာင္ေကာင္းတစ္ဦးအျဖစ္ ပရိသတ္နဲ႔ အဝတ္လဲခန္းက ကစားသမားေတြၾကား ေပါင္းကူးေပးသူအျဖစ္ လုပ္ကိုင္ေပးေနတာပါ။

သူကေတာ့ ခ်ယ္ဆီးကစားသမားဘဝ အသင္းေခါင္းေဆာင္တစ္ေယာက္ရဲ႕ တာဝန္နဲ႔ လုပ္ေဆာင္ခ်က္ေတြကို အသင္းဂႏၱဝင္ၾကီး ဂၽြန္တယ္ရီထံကေန သင္ယူခဲ့ရတယ္ဆိုတဲ့အေၾကာင္းကို ကလပ္အသင္း ဝဘ္ဆိုဒ္ကေန ရွင္းျပသြားခဲ့ပါေသးတယ္။

ကီတာက ေျပာျပရာမွာ “ အသင္းကို က်ေနာ္ စေရာက္တဲ့ ပထမဆံုး ေန႔ရက္ကတည္းက က်ေနာ္ လိုအပ္တာမွန္သမွ် ကူညီဖို႔ကို သူက အဆင္သင့္ျဖစ္ေနတယ္။ ေလ့က်င့္ေရးအစီအစဥ္မွာ သူ႔ရဲ႕ စိတ္ဓါတ္ထက္သန္မႈနဲ႔ ျပိဳင္ဆိုင္မႈ နည္းလမ္းေတြကို က်ေန္ာ ျမင္ေတြ႔ခြင့္ရခဲ့တယ္။

က်ေနာ္ ခ်ယ္ဆီးကိုေရာက္လာေတာ့ ကလပ္အသင္းက ခ်န္ပီယံလိဂ္ဖလားနဲ႔တကြ ဆုဖလားေတြ အားလံုးကို အႏုိင္ရထားခဲ့ပါျပီ။ ဒါေပမယ့္ သူကေတာ့ ဆုဖလားေတြကို ေအာင္ျမင္လိုစိတ္ ရွိေနဆဲနဲ႔ ဆာေလာင္ေနဆဲ ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဂၽြန္တယ္ရီၾကီးရဲ႕ လႊမ္းမိုးမႈဟာ ကီြတာအေပၚမွာ သက္ေရာက္မႈ မ်ားခဲ့မယ္ဆိုတာ ေသခ်ာပါတယ္။ အဝတ္လဲခန္းထဲက တယ္ရီရဲ႔ ဦးေဆာင္မႈမ်ိဳးကို လုပ္ေပးႏုိင္ဖို႔ အေရးၾကီးလွသလို အကယ္ဒမီထြက္ စစ္စစ္ျဖစ္တဲ့ အသင္းေခါင္းေဆာင္ၾကီးရဲ႕ ဦးေဆာင္မႈကို ေနာက္မ်ိဳးဆက္ထံ လက္ဆင့္ကမ္းေပးဖို႔ ကီြတာ လုပ္ေဆာင္ေပးႏုိင္မယ္လို႔ ယံုၾကည္ၾကရေအာင္ပါ။