ဂျူဗင်တပ်ကို ငြင်းစရာ မရှိဘူး ဆိုလိုက်ပြီး ဂျော်ဂျင်ဟို ဆုံးဖြတ်မယ့်အချိန် အေးဂျင့် အသိပေး

ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ဖြစ်သူ ဂျာအို ဆန်းတို့စ်က လာမယ့်နွေမှာ ကစားသမား ချယ်ဆီးကနေ ထွက်ခွာနိုင်တဲ့ အကြောင်း ထပ်မံ ဖွင့်ဟလာပြန်ပြီး ဂျူဗင်တပ်က ရေပန်းစားနေတဲ့ အကြောင်းကိုလည်း ငြင်းဆန်ခြင်း မပြုခဲ့ပါဘူး။

ချယ်ဆီးကွင်းလယ်ကစားသမားကို နည်းပြဟောင်း ဆာရီက ၂၀၁၈ မှာ စတန်းဖို့ဘရစ်ချ်သို့ ခေါ်ခဲ့တာ ဖြစ်ပြီး အီတလီသား မန်နေဂျာကြီး ရှိရာ ဂျူဗင်တပ်သို့ ဂျော်ဂျင်ဟိုက လိုက်ပါသွားဖို သတင်းကြီးလာပြန်တာ ဖြစ်ပါတယ်။ ဒီသတင်းများ အပေါ် ဂျော်ဂျင်ဟို အေးဂျင့် ဖြစ်သူက အီတလီသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျင်ဟို အတွက် ကမ်းလှမ်းမှု အချို့ ရှိထားကြောင်း အေးဂျင့် ဆန်းတို့စ် က ဝန်ခံခဲ့တဲ့အပြင် ဂျူဗင်တပ်ကိုလည်း ငြင်းစရာ မရှိဘူးလို့ ဖြေကြားခဲ့တာကြောင့် အီတလီသားရဲ့ အပြောင်းအရွှေ့ သတင်းများ ပိုပွဲဆူလာဦးမှာပါ။

” အပြောင်းအရွှေ့ ကာလ ဈေးကွက်ထဲမှာကတော့ ဘာမဆို ဖြစ်သွားနိုင်တာပဲ။ ဂျူဗင်တပ် ဆိုလည်း ကျနော်က ဘာလို့ မဖြစ်နိုင်ရမလဲ လို့ ပြန်ပြောရမှာ။ ဂျော်ဂျင်ဟိုက ချယ်ဆီးနဲ့ သုံးနှစ် စာချုပ် ရှိတယ် ဒီတော့ လက်ရှိကလပ်ကို ဦးစာပေးမှာ သေချာတဲ့ အချက်ပါ။ ဒါပေမယ့် ဇူလိုင်မှာတော့ အသင်းမှာ ဆက်နေရမလား ထွက်ခွာရမလား ပြန် စိစစ် သုံးသပ်မှာ ဖြစ်တယ်။

အဲဒီ အချိန်ကျရင် အီတလီက၊ ပြင်သစ်နဲ့ အင်္ဂလန်က ရောက်လာမယ့် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ အသင့် ရှိမှာပါ။ ဂျူဗင်တပ်ကိုလည်း ကျနောတို့ ဘာလို့ မရွေးချယ်ရမလဲ။ သူက အီတလီမှာ အရေးအပါဆုံး ကလပ်အသင်း ဖြစ်တယ် ဒီတလော နှစ်တွေမှာ ချန်ပီယံ အဖြစ်ထားဆုံး အသင်းပါ။ ကျနော်တို့ နိုး လို့ ငြင်းဖို့ ခက်ပါတယ်။ ” လို့ အေးဂျင့် ဆန်းတို့စ်က ပြောကြားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ နာပိုလီမှာ နည်းပြဆာရီနဲ့ အတူ တောက်ပလာခဲ့သူ ဖြစ်ပြီး ဆာရီကြောင့်လည်း လန်ဒန်သို့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အပြောင်းအလဲ ဖြစ်ပြီးနောက် လမ်းပတ် အသင်းမှာလည်း ဂျော်ဂျင်ဟိုက အရေးကြီး ကစားသမား အဖြစ် ချယ်ဆီးအသင်းမှာ ဆက်လက် ပါဝင်နေဆဲပါ။

Zawgyi – ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ ျဖစ္သူ ဂ်ာအို ဆန္းတို႔စ္က လာမယ့္ေႏြမွာ ကစားသမား ခ်ယ္ဆီးကေန ထြက္ခြာနုိင္တဲ့ အေၾကာင္း ထပ္မံ ဖြင့္ဟလာျပန္ျပီး ဂ်ဴဗင္တပ္က ေရပန္းစားေနတဲ့ အေၾကာင္းကိုလည္း ျငင္းဆန္ျခင္း မျပဳခဲ့ပါဘူး။

ခ်ယ္ဆီးကြင္းလယ္ကစားသမားကို နည္းျပေဟာင္း ဆာရီက ၂၀၁၈ မွာ စတန္းဖို႔ဘရစ္ခ်္သို႔ ေခၚခဲ့တာ ျဖစ္ျပီး အီတလီသား မန္ေနဂ်ာၾကီး ရွိရာ ဂ်ဴဗင္တပ္သို႔ ေဂ်ာ္ဂ်င္ဟိုက လိုက္ပါသြားဖို သတင္းၾကီးလာျပန္တာ ျဖစ္ပါတယ္။ ဒီသတင္းမ်ား အေပၚ ေဂ်ာ္ဂ်င္ဟို ေအးဂ်င့္ ျဖစ္သူက အီတလီသတင္းဌာနနဲ႕ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟို အတြက္ ကမ္းလွမ္းမႈ အခ်ိဳ႕ ရွိထားေၾကာင္း ေအးဂ်င့္ ဆန္းတို႔စ္ က ၀န္ခံခဲ့တဲ့အျပင္ ဂ်ဴဗင္တပ္ကိုလည္း ျငင္းစရာ မရွိဘူးလို႔ ေျဖၾကားခဲ့တာေၾကာင့္ အီတလီသားရဲ႕ အေျပာင္းအေရႊ႕ သတင္းမ်ား ပိုပြဲဆူလာဦးမွာပါ။

” အေျပာငး္အေရႊ႕ ကာလ ေစ်းကြက္ထဲမွာကေတာ့ ဘာမဆို ျဖစ္သြားနုိင္တာပဲ။ ဂ်ဴဗင္တပ္ ဆိုလည္း က်ေနာ္က ဘာလို႔ မျဖစ္နုိင္ရမလဲ လို႔ ျပန္ေျပာရမွာ။ ေဂ်ာ္ဂ်င္ဟိုက ခ်ယ္ဆီးနဲ႕ သံုးနွစ္ စာခ်ဳပ္ ရွိတယ္ ဒီေတာ့ လက္ရွိကလပ္ကို ဦးစာေပးမွာ ေသခ်ာတ့ဲ အခ်က္ပါ။ ဒါေပမယ့္ ဇူလိုင္မွာေတာ့ အသင္းမွာ ဆက္ေနရမလား ထြက္ခြာရမလား ျပန္ စိစစ္ သံုးသပ္မွာ ျဖစ္တယ္။

အဲဒီ အခ်ိန္က်ရင္ အီတလီက၊ ျပင္သစ္နဲ႕ အဂၤလန္က ေရာက္လာမယ့္ ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားဖို႔ အသင့္ ရွိမွာပါ။ ဂ်ဴဗင္တပ္ကိုလည္း က်ေနာတို႔ ဘာလို႔ မေရြးခ်ယ္ရမလဲ။ သူက အီတလီမွာ အေရးအပါဆံုး ကလပ္အသင္း ျဖစ္တယ္ ဒီတေလာ နွစ္ေတြမွာ ခ်န္ပီယံ အျဖစ္ထားဆံုး အသင္းပါ။ က်ေနာ္တို႔ နုိး လို႔ ျငင္းဖို႔ ခက္ပါတယ္။ ” လို႔ ေအးဂ်င့္ ဆန္းတို႕စ္က ေျပာၾကားခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟုိဟာ နာပိုလီမွာ နည္းျပဆာရီနဲ႕ အတူ ေတာက္ပလာခဲ့သူ ျဖစ္ျပီး ဆာရီေၾကာင့္လည္း လန္ဒန္သို႔ ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။ နည္းျပ အေျပာင္းအလဲ ျဖစ္ျပီးေနာက္ လမ္းပတ္ အသင္းမွာလည္း ေဂ်ာ္ဂ်င္ဟိုက အေရးၾကီး ကစားသမား အျဖစ္ ခ်ယ္ဆီးအသင္းမွာ ဆက္လက္ ပါ၀င္ေနဆဲပါ။