ကြံ့ခိုင်မှုဆိုင်ရာ သတင်းကောင်းနဲ့အတူ မကြာမီ ချယ်ဆီးထံက မျှော်လင့်ရမယ့် ကိစ္စကြီးများ

ဖေဖော်ဝါရီ အားလပ်ရက် ကုန်ဆုံးပြီးရင်တော့ ချယ်ဆီးအသင်းဟာ ဒီရာသီရဲ့ စိတ်ခေါ်မှု အပြင်းထန်ဆုံး ကာလတွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီအတွက် ကြံ့ခိုင်မှုဆိုင်ရာ အကောင်းမြင်နိုင်ခြင်းနဲ့အတူ အချက် သုံးချက်ကို ဖော်ပြသွားပါမယ်။

၁ – ထိပ်ဆုံးလေးသင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှာ စတင်ပြီ

ဖေဖော်ဝါရီ အားလပ်ရက်အပြီး ချယ်ဆီးဟာ ယူနိုက်တက်နဲ့ အမှတ်ပေးပွဲ ကစားရမှာဖြစ်တယ်။ ဒီပွဲပြီးရင် စပါး၊ ဘိုင်ယန်၊ လီဗာပူး၊ အဲဗာတန်တို့ကိုလည်း ဆက်တိုက် တွေ့ရမှာဖြစ်လို့ ချယ်ဆီးအတွက် ခက်ခဲတဲ့ ပွဲစဉ်တွေ ဖြစ်လာမှာဖြစ်တယ်။ ကြားမှာ ဘုန်းမောက်ပွဲတစ်ပွဲပဲ အသင်းငယ်ရှိပေမယ့် ၎င်းတို့ကလည်း တန်းဆင်းဇုန် တိုက်ပွဲကြောင့် ရုန်းကန်ကစားနိုင်ပါတယ်။

၂ – ပူလီဆစ်နဲ့ လော့တပ်ချိစ် ပြန်လာပြီ

ဘရိုက်တန်နဲ့ သရေကျတဲ့ ပွဲနောက်ပိုင်း တိုက်စစ်သမား ပူလီဆစ်ဟာ ချယ်ဆီးအတွက် ပွဲထွက်ပေးနိုင်ခြင်း မရှိပါဘူး။ လော့တပ်ချိစ်ကလည်း မနှစ်က ဒဏ်ရာရပြီးကတည်းက ပါဝင်နိုင်ခြင်း မရှိတာဖြစ်တယ်။ နှစ်ဦးလုံးဟာ ရာနှုန်းပြည့် ကြံ့ခိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး လော့တပ်ချိစ်ကို လူငယ်ပွဲတွေမှာတောင် ထည့်သုံးထားပြီးပြီဖြစ်ပါတယ်။ သူတို့ ပြန်ကစားနိုင်မှာက ချယ်ဆီးအတွက် အားတက်စရာပါပဲ။

၃- အကောင်းဆုံးအသင်းတွေကို ပရိသတ်တွေရှေ့မှာ အံတုမယ်

ချယ်ဆီးအတွက် ကျေနပ်စရာတစ်ခုက ယူနိုက်တက်နဲ့ စတင်ရမယ့် ပွဲကစလို့ ၁၆ ရက်အတွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲအများစုက အိမ်ကွင်းပွဲတွေပါ။ ကြားမှာ ဘုန်းမောက်ပွဲတစ်ပွဲကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာကလွဲလို့ ယူနိုက်တက်၊ စပါး၊ ဘိုင်ယန်၊ လီဗာပူး၊ အဲဗာတန်ပွဲတွေကို အိမ်ကွင်းတွေပဲ ဆက်တိုက် ကစားရမှာဖြစ်ပါတယ်။

ချယ်ဆီးအသင်းနဲ့ အသင်းပရိသတ်တွေကြား ပေါင်းစည်းရမယ့် ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အသင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့ ဒီကာလကို ကြံ့ကြံ့ခံနိုင်မှပဲ ချယ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ဆက်လက် ဆုပ်ကိုင်သွားနိုင်မှာပါ။

ZAWGYI

ေဖေဖာ္ဝါရီ အားလပ္ရက္ ကုန္ဆံုးျပီးရင္ေတာ့ ခ်ယ္ဆီးအသင္းဟာ ဒီရာသီရဲ႕ စိတ္ေခၚမႈ အျပင္းထန္ဆံုး ကာလေတြကို ရင္ဆုိင္ရေတာ့မွာျဖစ္ပါတယ္။ ဒီအတြက္ ၾကံ႕ခိုင္မႈဆိုင္ရာ အေကာင္းျမင္ႏုိင္ျခင္းနဲ႔အတူ အခ်က္ သံုးခ်က္ကို ေဖာ္ျပသြားပါမယ္။

၁ – ထိပ္ဆံုးေလးသင္းျပိဳင္ပြဲကို ေဖေဖာ္ဝါရီ ၁၇ ရက္မွာ စတင္ျပီ

ေဖေဖာ္ဝါရီ အားလပ္ရက္အျပီး ခ်ယ္ဆီးဟာ ယူႏုိက္တက္နဲ႔ အမွတ္ေပးပြဲ ကစားရမွာျဖစ္တယ္။ ဒီပြဲျပီးရင္ စပါး၊ ဘိုင္ယန္၊ လီဗာပူး၊ အဲဗာတန္တို႔ကိုလည္း ဆက္တိုက္ ေတြ႔ရမွာျဖစ္လို႔ ခ်ယ္ဆီးအတြက္ ခက္ခဲတဲ့ ပြဲစဥ္ေတြ ျဖစ္လာမွာျဖစ္တယ္။ ၾကားမွာ ဘုန္းေမာက္ပြဲတစ္ပြဲပဲ အသင္းငယ္ရွိေပမယ့္ ၄င္းတို႔ကလည္း တန္းဆင္းဇုန္ တိုက္ပြဲေၾကာင့္ ရုန္းကန္ကစားႏုိင္ပါတယ္။

၂ – ပူလီဆစ္နဲ႔ ေလာ့တပ္ခ်ိစ္ ျပန္လာျပီ

ဘရိုက္တန္နဲ႔ သေရက်တဲ့ ပြဲေနာက္ပိုင္း တိုက္စစ္သမား ပူလီဆစ္ဟာ ခ်ယ္ဆီးအတြက္ ပြဲထြက္ေပးႏုိင္ျခင္း မရွိပါဘူး။ ေလာ့တပ္ခ်ိစ္ကလည္း မႏွစ္က ဒဏ္ရာရျပီးကတည္းက ပါဝင္ႏုိင္ျခင္း မရွိတာျဖစ္တယ္။ ႏွစ္ဦးလံုးဟာ ရာႏႈန္းျပည့္ ၾကံ႔ခိုင္ဖို႔ နီးစပ္ေနျပီျဖစ္ျပီး ေလာ့တပ္ခ်ိစ္ကို လူငယ္ပြဲေတြမွာေတာင္ ထည့္သံုးထားျပီးျပီျဖစ္ပါတယ္။ သူတို႔ ျပန္ကစားႏုိင္မွာက ခ်ယ္ဆီးအတြက္ အားတက္စရာပါပဲ။

၃- အေကာင္းဆံုးအသင္းေတြကို ပရိသတ္ေတြေရွ႔မွာ အံတုမယ္

ခ်ယ္ဆီးအတြက္ ေက်နပ္စရာတစ္ခုက ယူႏုိက္တက္နဲ႔ စတင္ရမယ့္ ပြဲကစလို႔ ၁၆ ရက္အတြင္းမွာ ယွဥ္ျပိဳင္ကစားရမယ့္ ပြဲအမ်ားစုက အိမ္ကြင္းပြဲေတြပါ။ ၾကားမွာ ဘုန္းေမာက္ပြဲတစ္ပြဲကို အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္ရမွာကလြဲလို႔ ယူႏုိက္တက္၊ စပါး၊ ဘိုင္ယန္၊ လီဗာပူး၊ အဲဗာတန္ပြဲေတြကို အိမ္ကြင္းေတြပဲ ဆက္တိုက္ ကစားရမွာျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႔ အသင္းပရိသတ္ေတြၾကား ေပါင္းစည္းရမယ့္ ကာလကို ေရာက္ရွိလာျပီျဖစ္ျပီး အသင္းပရိသတ္ေတြရဲ႔ အားေပးမႈနဲ႔ ဒီကာလကို ၾကံ႔ၾကံ႕ခံႏုိင္မွပဲ ခ်ယ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကို ဆက္လက္ ဆုပ္ကိုင္သြားႏုိင္မွာပါ။