ဆောင်းပါး | ချယ်ဆီးရဲ့ ဖြစ်နိုင်ဖွယ် ဂိုးသမား ပစ်မှတ်များကို ဆန်းစစ်ခြင်း

ချယ်ဆီးအသင်း မန်နေဂျာ ဖရန့်လမ်းပတ်ဟာ လက်ရှိ ဦးစားပေး ဂိုးသမား ကီပါကို ကျေနပ်အားရမှု မရှိတာကြောင့် လာမယ့်နွေမှာ ဂိုးသမား သစ် ခေါ်ဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး ဖြစ်ပါတယ်။

ဂိုးသမား တစ်ယောက် အတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ကျော် ပေးကာ ခေါ်ခဲ့ရတဲ့ စပိန်သား ဂိုးသမား ကီပါကို ရောင်းချဖို့ ချယ်ဆီးအသင်းနဲ့ နည်းပြ လမ်းပတ်တို့ သဘောတူညီမှု မရသည့်တိုင် ဂိုးသမားသစ်ကတော့ လမ်းပတ် ကျေနပ်အောင် ရှာဖွေပေးရဖို့ ရှိနေတာပါ။

ချယ်ဆီးအသင်း ပစ်မှတ်ထား ခေါ်ယူဖွယ် ရှိတဲ့ ဂိုးသမားတွေကို ဒေးလီးမေးလ်က စုစည်း သုံးသပ်ပေးထားတာ ပြန် ဖော်ပြပေးပါမယ်။

အိုနာနာ (အေဂျက်)

အေဂျက် ဂိုးသမားဟာ အသင်းဟောင်း ဘာစီလိုနာထံ ပြန်ဖို့လည်း စကားစထားသလို ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားမှု ရှိပါတယ်။ အသက် ၂၃ နှစ် အရွယ် ကင်မရွန်းသားဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက် အေဂျက်အသင်းမျာ အရေးပါခဲ့သူ ဖြစ်ပြီး ဘလွန်းဒီအောဆုမှာ အကောင်းဆုံး ဂိုးသမား ဆန်ကာတင်ထိ ဝင်ခဲ့ပါတယ်။

အင်္ဂလန် ပြောင်းလာလိုတဲ့ အိုနာနာ အတွက် စတန်းဖို့ ဘရစ်ချ်က ပြီးပြည့်စုံတဲ့ အသင်း ဖြစ်ပေမယ့် စပါးအသင်းကိုလည်း လက်ခံ စဉ်းစားဖွယ်တော့ ရှိပါတယ်။

နစ်ပုတ် (ဘန်လေ)

အသက် ၂၇ နှစ် အရွယ် အင်္ဂလန်သားဟာ ဘန်လေမှာတော့ နံပါတ် တစ် ဂိုးသမားနေရာ သိမ်းပိုင်ထားပြီး ဝါရင့် ဂိုးသမားတွေ ဖြစ်တဲ့ ဂျိုးဟတ်နဲ့ တွမ် ဟိတန်ကို ကျော်တက်ထားတာပါ။ ဒါကြောင့်လည်း ဘန်လေက ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားပြီး အသင်းမှာ ဆက်ထိန်းထားဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမယ့် ဂိုးကာကွယ်မှုနှုန်း အချက်အလက်များမှာ နစ်ပုတ်က ကီပါထက် နည်းနည်းလောက်သာ သာတာ ဖြစ်လို့ ချယ်ဆီး ဘုတ်အဖွဲ့က အင်္ဂလန်သား အရည်အချင်းကို မေးခွန်း ထုတ်ဖွယ် ရှိပါတယ်။

မာတင် ဒူဘရာကာ (နယူးကာဆယ်)

ပရီးမီးယားလိဂ် ဂိုးကာကွယ်မှုနှုန်းမှာ နစ်ပုတ်၊ ကီပါတို့ထက် များစွာ သာလွန်မှု ပြသနိုင်တာကတော့ နယူးကာဆယ် နံပါတ် တစ် ဂိုးသမား မာတင် ဒူဘရာကာ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယား လက်ရွေးစင်ဟာ သွင်းဂိုးနည်းပြီး ဇယားအလယ်နားမှာ ရုန်းနေတဲ့ နယူးကာဆယ်ကို များစွာ ဆယ်တင်ပေးနေသူပါ။

နည်းပြ စတိဗ်ဘရုစ်ရဲ့ အသင်းမှာတော့ မာတင်က မရှိမဖြစ် အရေးပါသူ ဖြစ်ပြီး နယူကာဆယ်နဲ့ ၂၀၂၅ ထိ ကာလရှည် စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းကို အလိုရှိရင် ချယ်ဆီးအသင်း ငွေများများ သုံးရမှာပါ။

မိုက် မစ်ဂ်နန် (လိုင်လီ)

လိုင်လီ ဂိုးသမားက လမ်းပတ် စောင့်ကြည့်နေသူတွေထဲ ပါဝင်ပါတယ်။ ပြင်သစ်သားဟာ ၂၀၁၅ ပီအက်စ်ဂျီကနေ ရောက်ရှိလာပြီးနောက် လီဂူးဝမ်းကလပ် အတွက် ပွဲ ၁၀၀ ကျော် ကစားထားပါတယ်။

အသက် ၂၄ နှစ် အရွယ် ဂိုးသမားက ဒီရာသီ လိဂ်မှာ ကလင်းရှိ ၈ ပွဲ ရယူပေးထားပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ချယ်ဆီးနဲ့ တွေ့စဉ်က နှစ်ပွဲမှာ လေးဂိုး ပေးထားခဲ့ရပါတယ်။ မစ်ဂ်နန်ရဲ့ စာချုပ်က နှစ်နှစ်သာ ကျန်ရှိတာ ဖြစ်လို့ ချယ်ဆီး ဈေးချိုချိုနဲ့ ခေါ်ယူနိုင်ဖွယ် ရှိသူပါ။

ဗင်းဆင့် ဂွာအီတာ (ခရစ္စတယ်ပဲလေ့စ်)

ချယ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဂွာအီတာ ကို ခေါ်ဖို့ ဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ ပါသေးတယ်။ ၎င်းနဲ့ ပဲလေ့စ် စာချုပ်က ၂၀၂၁ မှာ ကုန်မှာ ဖြစ်လို့ အသက် ၃၃ နှစ် အရွယ် ဂိုးသမားကို မန်စီးတီးလို ကလပ်ကပါ မျက်စိကျနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ် ရှက်ဖီးနဲ့ပွဲမှာ အမှား ပြုလုပ်ခဲ့တာကြောင့် ဂွာအီတာ ကို ချိန်ရွယ်နေတဲ့ ကလပ်အသင်းများ တွေဝေဖွယ် ရှိနေပါတယ်။

ဒွန်နာရူမာ (အေစီမီလန်)

ဘူဖွန် လက်သစ် အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ဒွန်နာရူမာ က အသက် ၁၆ နှစ်သားတည်းက အေစီမီလန်မှာ ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။ အသက် ၂၀ အရွယ် အီတလီသားဟာ ထွန်းတောက်လာမယ့် ကြယ်ပွင့် အဖြစ် မျှော်လင့်ခြင်း ခံထားရကာ စီးရီးအေမှာ ၁၆၅ ပွဲ ထိ ကစားပြီး ဖြစ်ပါတယ်။

ဒွန်နာရူမာ စာချုပ်က နောက်ရာသီကုန် မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၎င်းကို ခေါ်ဖို့ ကလပ်အသင်းများစွာ ချိတ်ဆက်မှု ရှိထားပါတယ်။ ဒွန်နာရူမာ ရဲ့ အရည်အချင်းက သံသယ ဖြစ်ဖွယ် မရှိပေမယ့် ဈေးကြီးတဲ့ ခေါ်ယူမှု ဖြစ်မှာကြောင့် ချယ်ဆီး ဘုတ်အဖွဲ့ စဉ်းစားဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း မန္ေနဂ်ာ ဖရန္႔လမ္းပတ္ဟာ လက္ရွိ ဦးစားေပး ဂိုးသမား ကီပါကို ေက်နပ္အားရမႈ မရွိတာေၾကာင့္ လာမယ့္ေႏြမွာ ဂိုးသမား သစ္ ေခၚဖို႔ ဘုတ္အဖြဲ႕ထံ ေတာင္းဆိုထားျပီး ျဖစ္ပါတယ္။

ဂိုးသမား တစ္ေယာက္ အတြက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၇၀ ေက်ာ္ ေပးကာ ေခၚခဲ့ရတဲ့ စပိန္သား ဂိုးသမား ကီပါကို ေရာင္းခ်ဖို႔ ခ်ယ္ဆီးအသင္းနဲ႕ နည္းျပ လမ္းပတ္တို႔ သေဘာတူညီမႈ မရသည့္တိုင္ ဂိုးသမားသစ္ကေတာ့ လမ္းပတ္ ေက်နပ္ေအာင္ ရွာေဖြေပးရဖို႔ ရွိေနတာပါ။

ခ်ယ္ဆီးအသင္း ပစ္မွတ္ထား ေခၚယူဖြယ္ ရွိတဲ့ ဂိုးသမားေတြကို ေဒးလီးေမးလ္က စုစည္း သံုးသပ္ေပးထားတာ ျပန္ ေဖာ္ျပေပးပါမယ္။

အိုနာနာ (ေအဂ်က္)

ေအဂ်က္ ဂိုးသမားဟာ အသင္းေဟာင္း ဘာစီလိုနာထံ ျပန္ဖို႔လည္း စကားစထားသလို ပရီးမီးယားလိဂ္သို႔ ေျပာင္းေရႊ႕ဖို႔လည္း စိတ္၀င္စားမႈ ရွိပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ ကင္မရြန္းသားဟာ ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ေရာက္ ေအဂ်က္အသင္းမ်ာ အေရးပါခဲ့သူ ျဖစ္ျပီး ဘလြန္းဒီေအာဆုမွာ အေကာင္းဆံုး ဂိုးသမား ဆန္ကာတင္ထိ ၀င္ခဲ့ပါတယ္။

အဂၤလန္ ေျပာင္းလာလိုတဲ့ အိုနာနာ အတြက္ စတန္းဖို႔ ဘရစ္ခ်္က ျပီးျပည့္စံုတဲ့ အသင္း ျဖစ္ေပမယ့္ စပါးအသင္းကိုလည္း လက္ခံ စဥ္းစားဖြယ္ေတာ့ ရွိပါတယ္။

နစ္ပုတ္ (ဘန္ေလ)

အသက္ ၂၇ နွစ္ အရြယ္ အဂၤလန္သားဟာ ဘန္ေလမွာေတာ့ နံပါတ္ တစ္ ဂိုးသမားေနရာ သိမ္းပိုင္ထားျပီး ၀ါရင့္ ဂိုးသမားေတြ ျဖစ္တဲ့ ဂ်ိဳးဟတ္နဲ႕ တြမ္ ဟိတန္ကို ေက်ာ္တက္ထားတာပါ။ ဒါေၾကာင့္လည္း ဘန္ေလက ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုထားျပီး အသင္းမွာ ဆက္ထိန္းထားဖို႔ ရည္ရြယ္ထားပါတယ္။

ဒါေပမယ့္ ဂိုးကာကြယ္မႈနႈန္း အခ်က္အလက္မ်ားမွာ နစ္ပုတ္က ကီပါထက္ နည္းနည္းေလာက္သာ သာတာ ျဖစ္လို႔ ခ်ယ္ဆီး ဘုတ္အဖြဲ႕က အဂၤလန္သား အရည္အခ်င္းကို ေမးခြန္း ထုတ္ဖြယ္ ရွိပါတယ္။

မာတင္ ဒူဘရာကာ (နယူးကာဆယ္)

ပရီးမီးယားလိဂ္ ဂိုးကာကြယ္မႈနႈန္းမွာ နစ္ပုတ္၊ ကီပါတို႔ထက္ မ်ားစြာ သာလြန္မႈ ျပသနိုင္တာကေတာ့ နယူးကာဆယ္ နံပါတ္ တစ္ ဂိုးသမား မာတင္ ဒူဘရာကာ ျဖစ္ပါတယ္။ ဆလိုဗက္ကီးယား လက္ေရြးစင္ဟာ သြင္းဂိုးနည္းျပီး ဇယားအလယ္နားမွာ ရုန္းေနတဲ့ နယူးကာဆယ္ကို မ်ားစြာ ဆယ္တင္ေပးေနသူပါ။

နည္းျပ စတိဗ္ဘရုစ္ရဲ႕ အသင္းမွာေတာ့ မာတင္က မရွိမျဖစ္ အေရးပါသူ ျဖစ္ျပီး နယူကာဆယ္နဲ႕ ၂၀၂၅ ထိ ကာလရွည္ စာခ်ဳပ္ ခ်ဳပ္ဆိုထားသူ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၄ငး္ကို အလိုရွိရင္ ခ်ယ္ဆီးအသင္း ေငြမ်ားမ်ား သံုးရမွာပါ။

မိုက္ မစ္ဂ္နန္ (လိုင္လီ)

လိုင္လီ ဂိုးသမားက လမ္းပတ္ ေစာင့္ၾကည့္ေနသူေတြထဲ ပါ၀င္ပါတယ္။ ျပင္သစ္သားဟာ ၂၀၁၅ ပီအက္စ္ဂ်ီကေန ေရာက္ရွိလာျပီးေနာက္ လီဂူး၀မ္းကလပ္ အတြက္ ပြဲ ၁၀၀ ေက်ာ္ ကစားထားပါတယ္။

အသက္ ၂၄ နွစ္ အရြယ္ ဂိုးသမားက ဒီရာသီ လိဂ္မွာ ကလင္းရွိ ၈ ပြဲ ရယူေပးထားပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ခ်ယ္ဆီးနဲ႕ ေတြ႔စဥ္က နွစ္ပြဲမွာ ေလးဂိုး ေပးထားခဲ့ရပါတယ္။ မစ္ဂ္နန္ရဲ႕ စာခ်ဳပ္က နွစ္နွစ္သာ က်န္ရွိတာ ျဖစ္လို႔ ခ်ယ္ဆီး ေစ်းခ်ိဳခ်ိဳနဲ႕ ေခၚယူနုိင္ဖြယ္ ရွိသူပါ။

ဗင္းဆင့္ ဂြာအီတာ (ခရစၥတယ္ပဲေလ့စ္)

ခ်ယ္ဆီးအသင္းဟာ ဇန္န၀ါရီ အေျပာငး္အေရႊ႕တုန္းက ဂြာအီတာ ကို ေခၚဖို႔ ဆက္သြယ္ ေမးျမန္းမႈေတြ ျပဳလုပ္ခဲ့ ပါေသးတယ္။ ၄င္းနဲ႕ ပဲေလ့စ္ စာခ်ဳပ္က ၂၀၂၁ မွာ ကုန္မွာ ျဖစ္လို႔ အသက္ ၃၃ နွစ္ အရြယ္ ဂိုးသမားကို မန္စီးတီးလို ကလပ္ကပါ မ်က္စိက်ေနပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့အပတ္ ရွက္ဖီးနဲ႕ပြဲမွာ အမွား ျပဳလုပ္ခဲ့တာေၾကာင့္ ဂြာအီတာ ကို ခ်ိန္ရြယ္ေနတဲ့ ကလပ္အသင္းမ်ား ေတြေ၀ဖြယ္ ရွိေနပါတယ္။

ဒြန္နာရူမာ (ေအစီမီလန္)

ဘူဖြန္ လက္သစ္ အျဖစ္ သတ္မွတ္ျခင္း ခံထားရတဲ့ ဒြန္နာရူမာ က အသက္ ၁၆ နွစ္သားတည္းက ေအစီမီလန္မွာ ပြဲထြက္ ကစားခြင့္ ရခဲ့ပါတယ္။ အသက္ ၂၀ အရြယ္ အီတလီသားဟာ ထြန္းေတာက္လာမယ့္ ၾကယ္ပြင့္ အျဖစ္ ေမွ်ာ္လင့္ျခင္း ခံထားရကာ စီးရီးေအမွာ ၁၆၅ ပြဲ ထိ ကစားျပီး ျဖစ္ပါတယ္။

ဒြန္နာရူမာ စာခ်ဳပ္က ေနာက္ရာသီကုန္ မွာ ကုန္ဆံုးမွာ ျဖစ္ျပီး ၄င္းကို ေခၚဖို႔ ကလပ္အသင္းမ်ားစြာ ခ်ိတ္ဆက္မႈ ရွိထားပါတယ္။ ဒြန္နာရူမာ ရဲ႕ အရည္အခ်င္းက သံသယ ျဖစ္ဖြယ္ မရွိေပမယ့္ ေစ်းၾကီးတဲ့ ေခၚယူမႈ ျဖစ္မွာေၾကာင့္ ခ်ယ္ဆီး ဘုတ္အဖြဲ႕ စဥ္းစားဖြယ္ ရွိပါတယ္။