အေစီမီလန်ကို ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့တဲ့ လူငယ်လေးကို ခေါ်ယူဖို့ ချယ်ဆီးဘက်က ရည်ရွယ်လာ

နွေအပြောင်းအရွှေ့မှာ ဝီဂန်အသင်းခံစစ်သမား ရော်ဘင်ဆန်ကို ခေါ်ယူဖို့ ချယ်ဆီးအသင်းကလည်း ပါဝင်လာတော့မယ်လို့ Mirror က ဖော်ပြသွားပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အေစီမီလန်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် သူ့ရဲ့ ဆေးစစ်မှုဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်ကို ကျော်လွန်သွားတာကြောင့် မပြီးမြောက်ခဲ့တာပါ။ အဆင့်မြင့်တန်း ပြိုင်ပွဲတွေမှာ ပါဝင်လိုတဲ့ ရော်ဘင်ဆန်ရဲ့ အိပ်မက် ပျက်ပြယ်ခဲ့ပေမယ့် နွေမှာ အသင်းပြောင်းဖို့ ထပ်မံ လုပ်ဆောင်လာနိုင်တာဖြစ်တယ်။

အဲဗာတန် လူငယ်ကစားသမာဟောင်းလည်းဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ရော်ဘင်ဆန်ကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်တို့က အပြိုင်အဆိုင် လက်မှတ်ထိုးလိုလာတာဖြစ်တယ်။ ချယ်ဆီးဘက်ကတော့ အမေရိကန် ဘယ်အစွန်လူကို ခေါ်ယူပြီး ဘယ်တောင်ပံမှာ ပူလီဆစ်နဲ့ တွဲဘက်ပေးဖို့ ကြံရွယ်လာခဲ့တာဖြစ်တယ်။

ဒီရာသီ ဝီဂန်အသင်းအတွက် ချန်ပီယံရှစ်မှာ ၂၉ ပွဲ ကစားပေးထားတဲ့ လူငယ်လေးကို သင့်လျှော်တဲ့ ပြောင်းရွှေ့ကြေး လက်ခံရရှိရင် ဝီဂန်ဘက်က လက်လွတ်ပေးဖွယ်ရှိတယ်။ ချယ်ဆီးဟာ ဘယ်အစွန်လူ အီမာဆန်နဲ့ အလွန်ဆိုတို့ကို လက်လွတ်ရမယ့် အရေး ရင်ဆိုင်နေရတာကြောင့် အစွန်လူသစ် ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။

ရော်ဘင်ဆန်ဟာ ဝီဂန်နဲ့ စာချုပ်နှစ်နှစ်ခွဲပဲ ရှိတော့တာပါ။ ချယ်ဆီးကတော့ သူ့အပြင် နွေအပြောင်းအရွှေ့မှာ တိုက်စစ်သမားတွေကို ဦးစားပေး ခေါ်ယူဖို့ ပြင်ဆင်ထားပြီး ဗဟိုခံစစ်ပိုင်းကိုလည်း အားဖြည့်လိုတယ်လို့ သိရတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔မွာ ဝီဂန္အသင္းခံစစ္သမား ေရာ္ဘင္ဆန္ကို ေခၚယူဖို႔ ခ်ယ္ဆီးအသင္းကလည္း ပါဝင္လာေတာ့မယ္လို႔ Mirror က ေဖာ္ျပသြားပါတယ္။

ဇန္နဝါရီအေျပာင္းအေရႊ႔တုန္းက ေအစီမီလန္ကို ေျပာင္းေရႊ႔ဖို႔ နီးစပ္ခဲ့ေပမယ့္ သူ႔ရဲ႕ ေဆးစစ္မႈဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးအခ်ိန္ကို ေက်ာ္လြန္သြားတာေၾကာင့္ မျပီးေျမာက္ခဲ့တာပါ။ အဆင့္ျမင့္တန္း ျပိဳင္ပြဲေတြမွာ ပါဝင္လိုတဲ့ ေရာ္ဘင္ဆန္ရဲ႕ အိပ္မက္ ပ်က္ျပယ္ခဲ့ေပမယ့္ ေႏြမွာ အသင္းေျပာင္းဖို႔ ထပ္မံ လုပ္ေဆာင္လာႏုိင္တာျဖစ္တယ္။

အဲဗာတန္ လူငယ္ကစားသမာေဟာင္းလည္းျဖစ္တဲ့ အသက္ ၂၂ ႏွစ္အရြယ္ ေရာ္ဘင္ဆန္ကို ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီး၊ အက္စတြန္ဗီလာ၊ နယူးကာဆယ္တို႔က အျပိဳင္အဆိုင္ လက္မွတ္ထိုးလိုလာတာျဖစ္တယ္။ ခ်ယ္ဆီးဘက္ကေတာ့ အေမရိကန္ ဘယ္အစြန္လူကို ေခၚယူျပီး ဘယ္ေတာင္ပံမွာ ပူလီဆစ္နဲ႔ တြဲဘက္ေပးဖို႔ ၾကံရြယ္လာခဲ့တာျဖစ္တယ္။

ဒီရာသီ ဝီဂန္အသင္းအတြက္ ခ်န္ပီယံရွစ္မွာ ၂၉ ပြဲ ကစားေပးထားတဲ့ လူငယ္ေလးကို သင့္ေလွ်ာ္တဲ့ ေျပာင္းေရႊ႔ေၾကး လက္ခံရရွိရင္ ဝီဂန္ဘက္က လက္လြတ္ေပးဖြယ္ရွိတယ္။ ခ်ယ္ဆီးဟာ ဘယ္အစြန္လူ အီမာဆန္နဲ႔ အလြန္ဆိုတို႔ကို လက္လြတ္ရမယ့္ အေရး ရင္ဆိုင္ေနရတာေၾကာင့္ အစြန္လူသစ္ ေခၚယူလိုေနတာလည္း ျဖစ္ပါတယ္။

ေရာ္ဘင္ဆန္ဟာ ဝီဂန္နဲ႔ စာခ်ဳပ္ႏွစ္ႏွစ္ခြဲပဲ ရွိေတာ့တာပါ။ ခ်ယ္ဆီးကေတာ့ သူ႔အျပင္ ေႏြအေျပာင္းအေရႊ႔မွာ တိုက္စစ္သမားေတြကို ဦးစားေပး ေခၚယူဖို႔ ျပင္ဆင္ထားျပီး ဗဟိုခံစစ္ပိုင္းကိုလည္း အားျဖည့္လိုတယ္လို႔ သိရတယ္။