ဆန်ချိုအတွက် ဒေါ့မွန် အသိပေးမှု၊ ပြန်တင်ရမယ့် စတန်းဖို့ဘရစ်ချ် အရှိန်အဝါနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အပြိုင် ပစ်မှတ်ထားနေတဲ့ အင်္ဂလန်ကြယ်ပွင့် ဆန်ချိုကို ဒေါ့မွန်အသင်းကတော့ ရောင်းချလိုခြင်းမရှိဘဲ ရသလောက် အသင်းမှာ ထိန်းသွားမယ်လို့ ဒေါ့မွန် အားကစားဒါရိုက်တာ က အသိပေးလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ဆောင်းရာသီ အားလပ်ရက်ပြီးရင် ယူနိုက်တက်၊ စပါးနဲ့ ဘိုင်ယန်တို့ကို သုံးပွဲဆက် အိမ်ကွင်းမှာချည်း ဧည်ံခံကစားရမှာ ဖြစ်ပါတယ်။ ချယ်ဆီး အသင်းခေါင်းဆောင် ကွီတာကတော့ စတန်းဖို့ဘရစ်ချ်ကို ပြိုင်ဘက်တွေ အတွက် ခက်ခဲတဲ့ နေရာ တစ်ခု ပြန် ဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ချန်ပီယံရှစ်ကလပ် ဝီဂန်မှ အစွန်ခံစစ်မှူး အန်တိုနီ ရော်ဘင်ဆန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ချယ်ဆီးအသင်းလည်း ပါဝင်လာ ပါတယ်။ ရော်ဘင်ဆန်က ပြီးခဲ့တဲ့လ အပြောင်းအရွှေ့မှာ အေစီမီလန်သို့ ရောက်လုနီးပါး ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ အခပေး အွန်လိုင်း ရုပ်သံလိုင်း Netflix ကဲ့သို့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လစဉ်ကြေးပေးကာ တိုက်ရိုက် ကြည့်ရှု နိုင်မယ့် ရုပ်သံလိုင်း တစ်ခု တင်ဆက်နိုင်ရန် စီစဉ်နေပါတယ်။ ထို အစီအစဉ်ကို ကမ္ဘာတဝှမ်းက ပရိသတ်တွေက အားရနေပါတယ်။

ဆောင်းရာသီ နားရက် ပြီးပြီးချင်း ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ယူနိုက်တက်ဘက်က ကွင်းလယ်ကစားသမား တော်မီနေး ပြန် ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာကြောင့် နားနေရတဲ့ ပူလီဆစ်နဲ့ ပတ်သတ်ပြီး ဖရန့်လမ်းပတ်က ပြန်ကစားနိုင်မယ့် အချိန်ကို အတည်မပြုနိုင်သေးပေမယ့် ဆောင်းရာသီ အားလပ်ရက်ပြီးရင် အမေရိကန် တိုက်စစ်သမားဟာ အသင်းနဲ့ ပြန် ပါဝင်နိုင်မယ် ယူဆရပါတယ်။

Zawgyi – ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ အျပိဳင္ ပစ္မွတ္ထားေနတဲ့ အဂၤလန္ၾကယ္ပြင့္ ဆန္ခ်ိဳကို ေဒါ့မြန္အသင္းကေတာ့ ေရာင္းခ်လိုျခင္းမရွိဘဲ ရသေလာက္ အသင္းမွာ ထိန္းသြားမယ္္လို႔ ေဒါ့မြန္ အားကစားဒါရိုက္တာ က အသိေပးလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေဆာင္းရာသီ အားလပ္ရက္ျပီးရင္ ယူနုိက္တက္၊ စပါးနဲ႕ ဘိုင္ယန္တို႔ကို သံုးပြဲဆက္ အိမ္ကြင္းမွာခ်ည္း ဧည္ံခံကစားရမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီး အသင္းေခါင္းေဆာင္ ကြီတာကေတာ့ စတန္းဖို႔ဘရစ္ခ်္ကို ျပိဳင္ဘက္ေတြ အတြက္ ခက္ခဲတဲ့ ေနရာ တစ္ခု ျပန္ ျဖစ္ေအာင္ ၾကိဳးစားသြားမယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ၀ီဂန္မွ အစြန္ခံစစ္မွဴး အန္တိုနီ ေရာ္ဘင္ဆန္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲ ခ်ယ္ဆီးအသင္းလည္း ပါ၀င္လာ ပါတယ္။ ေရာ္ဘင္ဆန္က ျပီးခဲ့တဲ့လ အေျပာင္းအေရႊ႕မွာ ေအစီမီလန္သို႔ ေရာက္လုနီးပါး ရွိခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဟာ အခေပး အြန္္လိုင္း ရုပ္သံလိုင္း Netflix ကဲ့သို႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို လစဥ္ေၾကးေပးကာ တိုက္ရိုက္ ၾကည့္ရႈ နုိင္မယ့္ ရုပ္သံလိုင္း တစ္ခု တင္ဆက္နုိင္ရန္ စီစဥ္ေနပါတယ္။ ထို အစီအစဥ္ကို ကမၻာတ၀ွမ္းက ပရိသတ္ေတြက အားရေနပါတယ္။

ေဆာင္းရာသီ နားရက္ ျပီးျပီးခ်င္း ခ်ယ္ဆီးနဲ႕ ရင္ဆိုင္ရမယ့္ ပြဲစဥ္မွာ ယူနုိက္တက္ဘက္က ကြင္းလယ္ကစားသမား ေတာ္မီေနး ျပန္ ပါ၀င္လာနုိင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။

ဒဏ္ရာေၾကာင့္ နားေနရတဲ့ ပူလီဆစ္နဲ႕ ပတ္သတ္ျပီး ဖရန္႔လမ္းပတ္က ျပန္ကစားနုိင္မယ့္ အခ်ိန္ကို အတည္မျပဳနုိင္ေသးေပမယ့္ ေဆာင္းရာသီ အားလပ္ရက္ျပီးရင္ အေမရိကန္ တိုက္စစ္သမားဟာ အသင္းနဲ႕ ျပန္ ပါ၀င္နိုင္မယ္ ယူဆရပါတယ္။