လမ်းပတ်၊ ပေါင် ၁၅၀ သန်းနဲ့ ချယ်ဆီးရဲ့ နွေအပြောင်းအရွှေ့ ပစ်မှတ်များ

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ စီစဉ်ထားပေမယ့် မအောင်မြင်ဖြစ်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ နွေမှာတော့ ကစားသမားသစ် ခေါ်ယူမှုတွေကို အားစိူက်သွားမယ်လို့ သိရပါတယ်။

ချယ်ဆီးဟာ မိုရာတာကို ရောင်းထုတ်မှုမှ ရရှိတဲ့ ပေါင် ၅၈ သန်း၊ ဟာဇက်နဲ့ လူးဝစ်ကို နွေတုန်းက လက်လွတ်မှုတွေမှာ ရရှိထားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့တင်ကို အသာတင်အသုံးစရိတ် ပေါင် ၁၅၀ သန်းအား နွေမှာ ရထားတာပါ။ အဆိုပါ အသုံးစရိတ် အားလုံးအား လာမယ့်နွေမှာ လူသစ်ပြန်ခေါ်ဖို့အတွက် မန်နေဂျာလမ်းပတ်ကို အသုံးပြုခွင့်ပေးမှာဖြစ်တယ်။

နွေမှာ ချယ်ဆီးဟာ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်မှာဖြစ်ပြီး ဒီနှစ်အတွင်း ကလပ်အသင်း ရရှိထားတဲ့ ပြောင်းရွှေ့ ကြေး ပေါင် ၁၅၀ သန်းအား လမ်းပတ်က ဆက်လက် သုံးခွင့်ရရှိမှာပါ။ အပြောင်းအရွှေ့အတွက် ချယ်ဆီးဟာ ဥရောပ အလားအလာရှိ တိုက်စစ်သမား ၅ ဦးကို ပစ်မှတ်ထားသွားနိုင်တာဖြစ်ပါတယ်။

ချယ်ဆီးဟာ ဒီရာသီ ရလဒ်တွေ မတည်ငြိမ်ဖြစ်နေပြီး အရန်စာရင်းမှာ တိုက်စစ်သမားတွေ ထပ်ဖြည့်ဖို့ လိုနေတာပါ။ ဝါရင့်တိုက်စစ်သမား ဂျရူး၊ တောင်ပံသမားတွေဖြစ်တဲ့ ပက်ဒရို၊ ဝီလီယံတို့ရဲ့ အနာဂတ်တွေ မသေချာဖြစ်နေခြင်းမှာ လူငယ်ကြယ်ပွင့်တွေနဲ့အတူ တိုက်စစ်ကို အသွင်သစ်နဲ့ အင်အားဖြည့်ဖို့ ကလပ်ဘက်က ရည်ရွယ်ထားတာဖြစ်ပါတယ်။

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကတော့ လိုက်ဇစ်မှ တီမိုဝါနာ၊ လိုင်ယွန်မှ မူဆာ ဒမ်ဘီလီ၊ ဒေါ့မွန်မှ ဆန်ချို၊ အဲဗာတန်မှ ရစ်ချာလီဆန်နဲ့ ပဲလေစ့်မှာ ဇာဟာတို့ ဖြစ်ကြတယ်လို့ သိထားရတယ်။ မန်နေဂျာလမ်းပတ်ဟာ ဇန်နဝါရီမှာ လူသစ်မရခဲ့ခြင်းကို အတော်လေး ဒေါသထွက်ခဲ့ပြီး နွေမှာ ကစားသမားကောင်းတွေရဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုသွားဖို့ ရှိနေပါတယ်။

ZAWGYI

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကစားသမားသစ္ ေခၚယူဖို႔ စီစဥ္ထားေပမယ့္ မေအာင္ျမင္ျဖစ္ခဲ့တဲ့ ခ်ယ္ဆီးအသင္းဟာ ေႏြမွာေတာ့ ကစားသမားသစ္ ေခၚယူမႈေတြကို အားစိူက္သြားမယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးဟာ မိုရာတာကို ေရာင္းထုတ္မႈမွ ရရွိတဲ့ ေပါင္ ၅၈ သန္း၊ ဟာဇက္နဲ႔ လူးဝစ္ကို ေႏြတုန္းက လက္လြတ္မႈေတြမွာ ရရွိထားတဲ့ ေျပာင္းေရႊ႔ေၾကးေတြနဲ႔တင္ကို အသာတင္အသံုးစရိတ္ ေပါင္ ၁၅၀ သန္းအား ေႏြမွာ ရထားတာပါ။ အဆိုပါ အသံုးစရိတ္ အားလံုးအား လာမယ့္ေႏြမွာ လူသစ္ျပန္ေခၚဖို႔အတြက္ မန္ေနဂ်ာလမ္းပတ္ကို အသံုးျပဳခြင့္ေပးမွာျဖစ္တယ္။

ေႏြမွာ ခ်ယ္ဆီးဟာ တိုက္စစ္ပိုင္းကို အဓိက အားျဖည့္မွာျဖစ္ျပီး ဒီႏွစ္အတြင္း ကလပ္အသင္း ရရွိထားတဲ့ ေျပာင္းေရႊ႔ ေၾကး ေပါင္ ၁၅၀ သန္းအား လမ္းပတ္က ဆက္လက္ သံုးခြင့္ရရွိမွာပါ။ အေျပာင္းအေရႊ႔အတြက္ ခ်ယ္ဆီးဟာ ဥေရာပ အလားအလာရွိ တိုက္စစ္သမား ၅ ဦးကို ပစ္မွတ္ထားသြားႏုိင္တာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဒီရာသီ ရလဒ္ေတြ မတည္ျငိမ္ျဖစ္ေနျပီး အရန္စာရင္းမွာ တိုက္စစ္သမားေတြ ထပ္ျဖည့္ဖို႔ လိုေနတာပါ။ ဝါရင့္တိုက္စစ္သမား ဂ်ရူး၊ ေတာင္ပံသမားေတြျဖစ္တဲ့ ပက္ဒရို၊ ဝီလီယံတို႔ရဲ႕ အနာဂတ္ေတြ မေသခ်ာျဖစ္ေနျခင္းမွာ လူငယ္ၾကယ္ပြင့္ေတြနဲ႔အတူ တိုက္စစ္ကို အသြင္သစ္နဲ႔ အင္အားျဖည့္ဖို႔ ကလပ္ဘက္က ရည္ရြယ္ထားတာျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္း ပစ္မွတ္ထားေနတဲ့ ကစားသမားေတြကေတာ့ လိုက္ဇစ္မွ တီမိုဝါနာ၊ လိုင္ယြန္မွ မူဆာ ဒမ္ဘီလီ၊ ေဒါ့မြန္မွ ဆန္ခ်ိဳ၊ အဲဗာတန္မွ ရစ္ခ်ာလီဆန္နဲ႔ ပဲေလစ့္မွာ ဇာဟာတို႔ ျဖစ္ၾကတယ္လို႔ သိထားရတယ္။ မန္ေနဂ်ာလမ္းပတ္ဟာ ဇန္နဝါရီမွာ လူသစ္မရခဲ့ျခင္းကို အေတာ္ေလး ေဒါသထြက္ခဲ့ျပီး ေႏြမွာ ကစားသမားေကာင္းေတြရဖို႔ ျပင္းျပင္းထန္ထန္ ေတာင္းဆိုသြားဖို႔ ရွိေနပါတယ္။