ယူနိုက်တက်နဲ့ စပါးတို့ကို ဝမ်နင်ပေးလိုက်တဲ့ ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာ
ချယ်ဆီးအသင်းခေါင်းဆောင် ဆီဇာ အပီလီကွီတာက နောက်ထပ် ပွဲဆက်ရင်ဆိုင်ရတော့မယ့် ယူနိုက်တက်နဲ့ စပါးအသင်းတို့အား သတိပေးမှု တစ်ရပ် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ကွီတာက စတန်းဖို့ဘရစ်ချ်ကို ပြိုင်ဘက်တွေ အတွက် ခက်ခဲတဲ့ နေရာ တစ်ခု အဖြစ် ပြင်ဆင်ထားမယ်လို့ ပြိုင်ဘက်တွေကို အသိပေးလိုက်တာပါ။
ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ဒီရာသီ အိမ်ကွင်းမှာ ရုန်းကန်နေရပြီး အိမ်ကွင်းမှာ မထင်မှတ်ဘဲ ဆောက်သမ်တန်၊ ဘုန်းမောက်နဲ့ ဝက်စ်ဟမ်းတို့ကို ရှုံးတဲ့ ပွဲ တွေ အပါအဝင် အမှတ်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။
ဆောင်းရာသီ နားရက်ပြီးရင် ချယ်ဆီးအသင်းဟာ ၎င်းရဲ့ အဆင့် ၄ နေရာကို တွန်းအားပေး ပြိုင်ဆိုင်နေတဲ့ ယူနိုက်တက်၊ စပါးတို့ကို ဆက်တိုက် အိမ်ကွင်းမှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနှစ်ပွဲ ပြီးရင်လည်း ချန်ပီယံလိဂ်ပွဲ အဖြစ် ဘိုင်ယန်ကို အိမ်ကွင်းမှာပဲ ဧည့်ခံ ကစားရဦးမှာပါ။
ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာက ခက်ခဲတဲ့ ပွဲစဉ်တွေ အမှီ အိမ်ကွင်း စတန်းဖို့ဘရစ်ချ်ကို ပြိုင်ဘက်တွေ ထိတ်လန့်ရတဲ့ ခက်ခဲတဲ့ ကွင်းတစ်ကွင်း အဖြစ် ပြန်လည် အသက်သွင်းဖို့ အသင်းဖော်တွေအား တိုက်တွန်းလိုက်ပြီး ပြိုင်ဘက်တွေကိုလည်း သတိပေးမှုတွေ ပြုလုပ်ခဲ့တာပါ။
” ဒီနှစ်မှာ စတန်းဖို့ဘရစ်ချ်က အရင်ကလို၊ ကျနော်တို့ ဖြစ်စေချင်သလို အင်အားတောင့်တင်းမှုမျိုး မလုပ်နိုင်ခဲ့သေးဘူး။ ဒီလို အချိန်က ဒါတွေ ပြန် အသက်သွင်းဖို့ အချိန်ကောင်းပဲ ဖြစ်တယ်။ အိမ်ကွင်းမှာ ပွဲကြီးတွေ ဆက်တိုက် ကစားရဖို့လည်း ရှိနေပြီ။ စတန်းဖို့ဒ်ဘရစ်ချ်က ပြိုင်ဘက်တွေ လာကစားရခက်ခဲတဲ့ နေရာ တစ်ခု ဖြစ်အောင် ကျနော်တို့ အသင့် ပြင်ထားမှာပါ။
ပရိသတ်တွေနဲ့ ထပ်တူပဲ ကျနော်တို့လည်း အိမ်ကွင်းက ရလဒ်တွေ အတွက် စိတ်ပျက်မိပါတယ်။ လာမယ့် အိမ်ကွင်း ၃ ပွဲက အခွင့်အရေးကြီး ၃ ခု ဖြစ်ပြီး တစ်ခုပြီး တစ်ခု ကျနော်တို့ သေချာပြင်ဆင် ရင်ဆိုင်သွားမှာပါ။ ဒီပွဲတွေကနေလည်း အရှိန် ပြန်ရသွားဖို့ မျှော်လင့်ပါတယ်။ ဒါက ဒီရာသီ အောင်မြင်မှု အတွက် အရေးပါတဲ့ အလှည့်အပြောင်း ဖြစ်လာမှာပါ။ ” လို့ ကွီတာက ပြောကြားခဲ့ပါတယ်။
Zawgyi – ချယ်ဆီးအသင်းခေါင်းဆောင် ဆီဇာ အပီလီကွီတာက နောက်ထပ် ပွဲဆက်ရင်ဆိုင်ရတော့မယ့် ယူနိုက်တက်နဲ့ စပါးအသင်းတို့အား သတိပေးမှု တစ်ရပ် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ကွီတာက စတန်းဖို့ဘရစ်ခ်ျကို ပြိုင်ဘက်တွေ အတွက် ခက်ခဲတဲ့ နေရာ တစ်ခု အဖြစ် ပြင်ဆင်ထားမယ်လို့ ပြိုင်ဘက်တွေကို အသိပေးလိုက်တာပါ။
ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာက ခက်ခဲတဲ့ ပွဲစဉ်တွေ အမှီ အိမ်ကွင်း စတန်းဖို့ဘရစ်ခ်ျကို ပြိုင်ဘက်တွေ ထိတ်လန့်ရတဲ့ ခက်ခဲတဲ့ ကွင်းတစ်ကွင်း အဖြစ် ပြန်လည် အသက်သွင်းဖို့ အသင်းဖော်တွေအား တိုက်တွန်းလိုက်ပြီး ပြိုင်ဘက်တွေကိုလည်း သတိပေးမှုတွေ ပြုလုပ်ခဲ့တာပါ။