ချယ်ဆီးသားတွေ လွှမ်းမိုးထားတဲ့ လန်ဒန် အကောင်းဆုံးဆုများ၊ အရောင်း စာရင်းနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

လာမယ့်နွေမှာ အပြောင်းအရွှေ့ အသုံးစရိတ် အဖြစ် လမ်းပတ်က ပေါင် သန်း ၁၅၀ ရရှိမှာ ဖြစ်ပြီး ချယ်ဆီး ဦးစားပေး ပစ်မှတ် ဆန်ချို တစ်ဦးတည်းတင် ပေါင် သန်း ၁၀၀ လောက် သုံးရမှာ ဖြစ်လို့ ကစားသမား ရောင်းချမှုတွေ မြင်ရဖို့ ရှိနေပါတယ်။

ချယ်ဆီး ရောင်းချဖွယ် ရှိတဲ့ ကစားသမားက ၆ ဦးအထိ ရှိပြီး မားကို့စ် အလွန်ဆို၊ ဘတ်ရှူဝါရီ၊ ဇက်ပါကော်စတာ၊ ဘာကာယိုကို၊ ဒရင့်ဝါးတားနဲ့ မက် မီယာဂါတို့ ပါဝင်ကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနက ဖော်ထုတ်ထားပါတယ်။

The London Football Award ဆု အတွက် ဆန်ကာတင် စာရင်းကို ထုတ်ပြန်ကြေငြာလိုက်ရာ အဓိက ဆု ဆန်ကာတင်ထဲ ချယ်ဆီးမှ ဂျော်ဂျင်ဟိုနဲ့ တမ်မီ အေဗရာဟမ်တို့ ပါဝင်နေပြီး ချယ်ဆီး အသင်းခေါင်းဆောင်ဟောင်း ကာဟေးလ်၊ အာဆင်နယ်မှ အူဘာမီးယန်းနဲ့ စပါးမှ ဆွန်ယောင်မင်တို့ လည်း ပါဝင်ပါတယ်။

လူငယ် အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းမှာလည်း ချယ်ဆီးအသင်းသားများ လွှမ်းမိုးထားရာ တိုမိုရီ၊ မေဆန်ေ်မာင့်၊ အေဗရာဟမ်၊ အာဆင်နယ်မှ မာတင်နယ်လီနဲ့ ဘရန့်ဖို့ဒ်မှ ဘရိုင်ယန်တို့ ပါဝင်ပါတယ်။ ဆုပေးပွဲကို မတ် လ ၅ ရက်နေ့မှာ ပြုလုပ်မှာပါ။

ချယ်ဆီးအသင်းဟာ လာမယ့်နွေမှာ ခေါ်ယူဖို့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကိုလည်း ပစ်မှတ်ထား ချိတ်ဆက်လာပါတယ်။ အာဂျင်တိုင်းသား တိုက်စစ်မှူးကို ယူနိုက်တက်ကလည်း စိတ်ဝင်စားနေပြီး ၎င်းရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၉၄ သန်း ရှိပါတယ်။

Zawgyi – လာမယ့္ေႏြမွာ အေျပာင္းအေရႊ႕ အသံုးစရိတ္ အျဖစ္ လမ္းပတ္က ေပါင္ သန္း ၁၅၀ ရရွိမွာ ျဖစ္ျပီး ခ်ယ္ဆီး ဦးစားေပး ပစ္မွတ္ ဆန္ခ်ိဳ တစ္ဦးတည္းတင္ ေပါင္ သန္း ၁၀၀ ေလာက္ သံုးရမွာ ျဖစ္လို႔ ကစားသမား ေရာင္းခ်မႈေတြ ျမင္ရဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီး ေရာင္းခ်ဖြယ္ ရွိတဲ့ ကစားသမားက ၆ ဦးအထိ ရွိျပီး မားကို႔စ္ အလြန္ဆို၊ ဘတ္ရွဴ၀ါရီ၊ ဇက္ပါေကာ္စတာ၊ ဘာကာယိုကို၊ ဒရင့္၀ါးတားနဲ႕ မက္ မီယာဂါတို႔ ပါ၀င္ေၾကာင္း လန္ဒန္ အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။

The London Football Award ဆု အတြက္ ဆန္ကာတင္ စာရင္းကို ထုတ္ျပန္ေၾကျငာလိုက္ရာ အဓိက ဆု ဆန္ကာတင္ထဲ ခ်ယ္ဆီးမွ ေဂ်ာ္ဂ်င္ဟိုနဲ႕ တမ္မီ ေအဗရာဟမ္တို႔ ပါ၀င္ေနျပီး ခ်ယ္ဆီး အသင္းေခါင္းေဆာင္ေဟာင္း ကာေဟးလ္၊ အာဆင္နယ္မွ အူဘာမီးယန္းနဲ႕ စပါးမွ ဆြန္ေယာင္မင္တို႔ လည္း ပါ၀င္ပါတယ္။

လူငယ္ အေကာင္းဆံုး ကစားသမားဆု ဆန္ကာတင္ စာရင္းမွာလည္း ခ်ယ္ဆီးအသင္းသားမ်ား လႊမ္းမိုးထားရာ တိုမိုရီ၊ ေမဆန္ေ္မာင့္၊ ေအဗရာဟမ္၊ အာဆင္နယ္မွ မာတင္နယ္လီနဲ႕ ဘရန္႔ဖို႔ဒ္မွ ဘရိုင္ယန္တို႔ ပါ၀င္ပါတယ္။ ဆုေပးပြဲကို မတ္ လ ၅ ရက္ေန႕မွာ ျပဳလုပ္မွာပါ။

ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြမွာ ေခၚယူဖို႕ အင္တာမီလန္ တိုက္စစ္မွဴး မာတီနက္ဇ္ကိုလည္း ပစ္မွတ္ထား ခ်ိတ္ဆက္လာပါတယ္။ အာဂ်င္တိုင္းသား တိုက္စစ္မွဴးကို ယူနုိက္တက္ကလည္း စိတ္၀င္စားေနျပီး ၄င္းရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ေပါင္ ၉၄ သန္း ရွိပါတယ္။