ယူနိုက်တက်နဲ့ အပြိုင် ချယ်ဆီး ချိတ်ဆက်လာတဲ့ စီးရီးအေ တိုက်စစ်မှူး

တိုက်စစ်ကို အားဖြည့်ဖို့ ဈေးကွက်ထဲ ရှာဖွေနေတဲ့ ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ မအောင်မြင်ခဲ့ပေမယ့် နွေအတွက် ကြိုတင် လှုပ်ရှားမှုတွေ စတင်ထားပြီ ဖြစ်ပါတယ်။ ချယ်ဆီး ချိတ်ဆက်နေတယ် နောက်ဆုံး သတင်းကြီးလာတဲ့ တိုက်စစ်မူှးကတော့ အင်တာမီလန်တိုက်စစ်မှူး လော်တယ်ရို မာတီနက်ဇ် ဖြစ်ပါတယ်။

မာတီနက်ဇ်ကို ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကလည်း ချိတ်ဆက်နေပြီး ဖြစ်ကာ ချယ်ဆီး အနေနဲ့ အပြိုင် ကြိုးစားရဖွယ် ရှိပါတယ်။ လန်ဒန် အခြေစိုက် သတင်းတွေ အဆို အရတော့ ချယ်ဆီးရဲ့ ဦးစားပေး ပစ်မှတ်ထဲမှာ လိုင်ယွန်မှ မိုဆာ ဒမ်ဘီလီ၊ လိုက်ပ်ဇစ်မှ တီမိုဝါနာတို့ ပါဝင်ဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခြား တိုက်စစ်မှူးများကိုလည်း ဆက်လက် ရှာဖွေနေတဲ့ ချယ်ဆီးဟာ မာတီနက်ဇ်ကိုပါ မျက်စိကျလာခဲ့တာပါ။ အာဂျင်တီးနား တိုက်စစ်သမားရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၉၄ သန်း လို့ သိရပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ လာမယ့်နွေအတွက် ပေါင် သန်း ၁၅၀ အသုံးစရိတ် ရမယ်လို့ သိထားပြီး လမ်းပတ် အလိုရှိနေတဲ့ ဒေါ့မွန် ကြယ်ပွင့် ဆန်ချို အတွက်လည်း ပမာဏ များမျး အသုံးပြုရဦးမှာပါ။ ဆန်ချို အတွက်က ပေါင် သန်း ၁၀၀ ကျော် သုံးရမှာ ဖြစ်လို့ လမ်းပတ် အနေနဲ့ ကစားသမား ရောင်းချခြင်းကနေ ငွေထပ် ရှာဖွေကာ ဝယ်ယူမှုတွေ ပြုလုပ်ဖွယ် ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ အင်တာ သတ်မှတ်ထားတဲ့ ဖျက်သိမ်းကြေးကို ပေးဖို့ အသင့် ရှိနေပြီး ၎င်းတို့က နွေမှာလည်း ငွေသုံးကြမ်းဦးမှာ ဖြစ်ပါတယ်။ ချယ်ဆီး အနေနဲ့ ဇန်နဝါရီတုန်းကလို လက်နှေးနေလို့ မရဘဲ နွေမှာတော့ အမှန်အကန် အလုပ်လုပ်ရဖို့ ရှိနေပါတယ်။

Zawgyi – တိုက္စစ္ကို အားျဖည့္ဖို႔ ေစ်းကြက္ထဲ ရွာေဖြေနတဲ့ ခ်ယ္ဆီးအသင္းဟာ ဇန္န၀ါရီမွာ မေအာင္ျမင္ခဲ့ေပမယ့္ ေႏြအတြက္ ၾကိဳတင္ လႈပ္ရွားမႈေတြ စတင္ထားျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီး ခ်ိတ္ဆက္ေနတယ္ ေနာက္ဆံုး သတင္းၾကီးလာတဲ့ တိုက္စစ္မဴွးကေတာ့ အင္တာမီလန္တိုက္စစ္မွဴး ေလာ္တယ္ရို မာတီနက္ဇ္ ျဖစ္ပါတယ္။

မာတီနက္ဇ္ကို ပရီးမီးယားလိဂ္ ကလပ္ ယူနိုက္တက္ကလည္း ခ်ိတ္ဆက္ေနျပီး ျဖစ္ကာ ခ်ယ္ဆီး အေနနဲ႕ အျပိဳင္ ၾကိဳးစားရဖြယ္ ရွိပါတယ္။ လန္ဒန္ အေျခစိုက္ သတင္းေတြ အဆို အရေတာ့ ခ်ယ္ဆီးရဲ႕ ဦးစားေပး ပစ္မွတ္ထဲမွာ လိုင္ယြန္မွ မိုဆာ ဒမ္ဘီလီ၊ လိုက္ပ္ဇစ္မွ တီမို၀ါနာတို႔ ပါ၀င္ဆဲ ျဖစ္ပါတယ္။

ဒါေပမယ့္ အျခား တိုက္စစ္မွဴးမ်ားကိုလည္း ဆက္လက္ ရွာေဖြေနတဲ့ ခ်ယ္ဆီးဟာ မာတီနက္ဇ္ကိုပါ မ်က္စိက်လာခဲ့တာပါ။ အာဂ်င္တီးနား တိုက္စစ္သမားရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ေပါင္ ၉၄ သန္း လို႔ သိရပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ လာမယ့္ေႏြအတြက္ ေပါင္ သန္း ၁၅၀ အသံုးစရိတ္ ရမယ္လို႔ သိထားျပီး လမ္းပတ္ အလိုရွိေနတဲ့ ေဒါ့မြန္ ၾကယ္ပြင့္ ဆန္ခ်ိဳ အတြက္လည္း ပမာဏ မ်ားမ်း အသံုးျပဳရဦးမွာပါ။ ဆန္ခ်ိဳ အတြက္က ေပါင္ သန္း ၁၀၀ ေက်ာ္ သံုးရမွာ ျဖစ္လို႔ လမ္းပတ္ အေနနဲ႕ ကစားသမား ေရာင္းခ်ျခင္းကေန ေငြထပ္ ရွာေဖြကာ ၀ယ္ယူမႈေတြ ျပဳလုုပ္ဖြယ္ ရွိပါတယ္။

မန္ခ်က္စတာယူနုိက္တက္ကေတာ့ အင္တာ သတ္မွတ္ထားတဲ့ ဖ်က္သိမ္းေၾကးကို ေပးဖို႔ အသင့္ ရွိေနျပီး ၄င္းတို႔က ေႏြမွာလည္း ေငြသံုးၾကမ္းဦးမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီး အေနနဲ႕ ဇန္န၀ါရီတုန္းကလို လက္ေႏွးေနလို႔ မရဘဲ ေႏြမွာေတာ့ အမွန္အကန္ အလုပ္လုပ္ရဖို႔ ရွိေနပါတယ္။