အေစီမီလန်နဲ့ လွဲခဲ့ရတဲ့ အမေရိကန်သား ခံစစ်မှူးကို ချယ်ဆီး ပစ်မှတ်ထားလာ

ချယ်ဆီးအသင်းဟာ ချန်ပီယံရှစ်ကလပ် ဝီဂန်အသင်းမှ အမေရိကန်သား ခံစစ်မှူးလေး အန်တိုနီ ရော်ဘင်ဆန် ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ပါဝင်လာပါတယ်။

ရော်ဘင်ဆန်က ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အေစီမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမယ့် ဆေးစစ်ဖို့ သွားရောက်ရန် အချိန် မမှီတော့တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်မလာခဲ့ဘဲ ပျက်ပြယ်ခဲ့တာပါ။

စီးရီးအေ မျှော်လင့်ချက်တွေ ပျက်ခဲ့ပေမယ့် ရော်ဘင်ဆန်တစ်ယောက် ပရီးမီးယားလိဂ်မှာ ကစားဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ လာမယ့်နွေ မှာတော့ အမေရိကန်သားဟာ အသင်းပြောင်းဖို့ အခွင့်အလမ်းများနေပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ချန်ပီယံလိဂ်မှာ မီးခဲပြာဖုံး ဖြစ်နေတဲ့ ပင်ကိုယ် အရည်အချင်းရှိ ခံစစ်မှူးလေးကို သတိထားမိနေပြီ ဖြစ်ပါတယ်။ ရော်ဘင်ဆန်ကို ချယ်ဆီး အပြင် နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့ကလည်း အလိုရှိနေပါတယ်။

မီလန်နဲ့ အပြောင်းအရွှေ့ ပျက်ပြယ်သွားကြောင်း သတင်းထွက်လာပြီးတည်းက ထိုသုံးသင်းဟာ ဝီဂန်အသင်းနဲ့ ချိတ်ဆက်မေးမြန်းမှုတွေ ရှိထားခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ အေစီမီလန်ကတော့ သူတို့ လက်နှေးလို့ လွှတ်ခဲ့ရတဲ့ အမေရိကန်သားလေးအတွက် နောင်တ ရကောင်း ရနေမှာပါ။

ဝီဂန်အသင်းဟာ အန်တိုနီ ရော်ဘင်ဆန်ကို ပြီးခဲ့တဲ့နွေတုန်းက ပေါင် ၁.၉၈ သန်း နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဝီဂန်နဲ့ ၂၀၂၂ ထိ စာချုပ် ရှိသေးတဲ့ ရော်ဘင်ဆန်ဟာ လာမယ့်နွေမှာ ပရီးမီးယားလိဂ် ကလပ် တစ်သင်းသင်းကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင် ဝီဂန်အတွက် အကျိုးအမြတ်တွေ ရရှိဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံရွစ္ကလပ္ ၀ီဂန္အသင္းမွ အေမရိကန္သား ခံစစ္မွဴးေလး အန္တိုနီ ေရာ္ဘင္ဆန္ ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲ ပါ၀င္လာပါတယ္။

ေရာ္ဘင္ဆန္က ဇန္န၀ါရီ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ေအစီမီလန္ အသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ပါတယ္။ ဒါေပမယ့္ ေဆးစစ္ဖို႔ သြားေရာက္ရန္ အခ်ိန္ မမွီေတာ့တာေၾကာင့္ အေျပာင္းအေရႊ႕ ျဖစ္ေျမာက္မလာခဲ့ဘဲ ပ်က္ျပယ္ခဲ့တာပါ။

စီးရီးေအ ေမွ်ာ္လင့္ခ်က္ေတြ ပ်က္ခဲ့ေပမယ့္ ေရာ္ဘင္ဆန္တစ္ေယာက္ ပရီးမီးယားလိဂ္မွာ ကစားဖို႔ ေမွ်ာ္လင့္ခ်က္ ရွိိေနပါေသးတယ္။ လာမယ့္ေႏြ မွာေတာ့ အေမရိကန္သားဟာ အသင္းေျပာင္းဖို႔ အခြင့္အလမ္းမ်ားေနပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းေတြက ခ်န္ပီယံလိဂ္မွာ မီးခဲျပာဖံုး ျဖစ္ေနတဲ့ ပင္ကိုယ္ အရည္အခ်င္းရွိ ခံစစ္မွဴးေလးကို သတိထားမိေနျပီ ျဖစ္ပါတယ္။ ေရာ္ဘင္ဆန္ကို ခ်ယ္ဆီး အျပင္ နယူးကာဆယ္နဲ႕ အက္စတြြန္ဗီလာတို႔ကလည္း အလိုရွိေနပါတယ္။

မီလန္နဲ႕ အေျပာင္းအေရႊ႕ ပ်က္ျပယ္သြားေၾကာင္း သတင္းထြက္လာျပီးတည္းက ထိုသံုးသင္းဟာ ၀ီဂန္အသင္းနဲ႕ ခ်ိတ္ဆက္ေမးျမန္းမႈေတြ ရွိထားခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။ ေအစီမီလန္ကေတာ့ သူတို႔ လက္ေႏွးလို႔ လႊတ္ခဲ့ရတဲ့ အေမရိကန္သားေလးအတြက္ ေနာင္တ ရေကာင္း ရေနမွာပါ။

၀ီဂန္အသင္းဟာ အန္တိုနီ ေရာ္ဘင္ဆန္ကို ျပီးခဲ့တဲ့ေႏြတုန္းက ေပါင္ ၁.၉၈ သန္း နဲ႕ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ၀ီဂန္နဲ႕ ၂၀၂၂ ထိ စာခ်ဳပ္ ရွိေသးတဲ့ ေရာ္ဘင္ဆန္ဟာ လာမယ့္ေႏြမွာ ပရီးမီးယားလိဂ္ ကလပ္ တစ္သင္းသင္းကို ေျပာင္းေရႊ႕ ျဖစ္ခဲ့ရင္ ၀ီဂန္အတြက္ အက်ိဳးအျမတ္ေတြ ရရွိဖြယ္ ရွိပါတယ္။