အသင်းသစ် ရှာနေတဲ့ အိုနာနာနဲ့ ဂိုးသမားရှာနေတဲ့ ချယ်ဆီး တွေ့ကြပြီ
ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ အသင်း နံပါတ် တစ် ဂိုးသမား ကီပါကို စိတ်တိုင်း မကျတာကြောင့် လက်စတာနဲ့ ပွဲမှာ အရန် ဂိုးသမား ကာဘယ်လာရိုကို ထည့်သုံးခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်နွေမှာ ခေါ်ဖို့ ဂိုးသမား တစ်ယောက်ပါ ဈေးကွက်ထဲမှာ ရှာဖွေနေပြီ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အေဂျက်ကနေ ထွက်ခွာပြီး အသင်းပြောင်းလိုနေတဲ့ ဂိုးသမား အိုနာနာက လာမယ့်နွေအတွက် အသင်းသစ် ရှာဖွေနေပြီ ဖြစ်ပြီး လန်ဒန်ကလပ် ချယ်ဆီးက ၎င်းရဲ့ အသင်းသစ် ဖြစ်လာဖွယ်ရှိကြောင်း သတင်းထွက်လာပါတယ်။
ချယ်ဆီးအသင်းဘက်မှာ ကီပါကို ရောင်းချဖို့ အဆုံးအဖြတ်က အတည်ပြုချက် မရသေးပေမယ့် ဂိုးသမားသစ် ရှာဖွေမှုက စတင်ထားပြီ ဖြစ်ပါတယ်။ ချယ်ဆီး ချိတ်ဆက်ဖို့ ကြိုးစားလာတဲ့ ထဲမှာ ဘန်လေ ဂိုးသမား နစ်ပုတ်နဲ့ လိုင်လီ ဂိုးသမား မိုက်မင်နန်တို့ ပါဝင်နေပါတယ်။ ဒါပေမယ့် ၎င်းတို့ နှစ်ဦးကပဲ ဦးစားပေး ပစ်မှတ်လားတော့ မသေချာသေးပါဘူး
အေဂျက် ဂိုးသမား အိုနာနာကတော့ ၎င်းရဲ့ လက်ရှိ စာချုပ်မှာ သက်တမ်း နှစ်နှစ် ကျန်သေးပေမယ့် ရာသီကုန်မှာ အေဂျက်ထံက ထွက်ခွာလိုနေပြီ ဖြစ်ပါတယ်။ ကင်မရွန်းသား အတွက် ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ ကစားဖို့က စိတ်ဝင်စားဖွယ် ဖြစ်နေပြီး ၎င်း ကိုယ်တိုင်လည်း အင်္ဂလန်မှာ အစွမ်းပြဖို့ စတန်းဖို့ဘရစ်ချ်ဟာ ပြီးပြည့်စုံတဲ့ နေရာလို့ ယူဆထားပါတယ်။
ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ဖြစ်တဲ့ အိုနာနာသာ အသင်းပြောင်းမယ်ဆိုရင် စပိန်ချန်ပီယံအသင်းက ၎င်းကို ခေါ်ဖို့ ထိပ်ဆုံးက တန်းစီနေမှာ ဖြစ်ပြီး အသက် ၂၃ နှစ် အရွယ် ဂိုးသမားကတော့ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။
အိုနာနာ ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ ရေပန်းစားမှုထဲမှာ ဒီရာသီ ချယ်ဆီးနဲ့ ချန်ပီယံလိဂ် တေ့ွဆုံတဲ့ ပွဲမှာ လမ်းပတ်က ကင်မရွန်းသား လက်စွမ်းကို မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ လမ်းပတ်ဟာ ကင်းထောက်တွေ ရှာဖွေလာတဲ့ ကစားသမားတွေထက် သူကိုယ်တိုင် ခြေစွမ်းကို မြင်ဖူး သဘောကျဖူးသူတွေကိုသာ ခေါ်ယူလိုသူပါ။
အေဂျက်ဟာ လာမယ့်နွေမှာ ကစားသမား ရောင်းချပြီး ဘဏ္ဍာရေး အခြေအနေမြှင့်တင်ကာ တိုးတက်ပြောင်းလဲမှုတွေ ပြုလုပ်လိုနေပါတယ်။ ဒါကြောင့် ကစားသမား ရောင်းချမှုထဲမှာ အိုနာနာ အပြင် အခြား စီနီယာ ကစားသမား အချို့လည်း ပါဝင်ဖွယ် ရှိပါတယ်။
တချိန်တည်းမှာပဲ အေဂျက်ကနေ ထွက်ခွာပြီး အသင်းပြောင်းလိုနေတဲ့ ဂိုးသမား အိုနာနာက လာမယ့်နွေအတွက် အသင်းသစ် ရှာဖွေနေပြီ ဖြစ်ပြီး လန်ဒန်ကလပ် ချယ်ဆီးက ၄င်းရဲ့ အသင်းသစ် ဖြစ်လာဖွယ်ရှိကြောင်း သတင်းထွက်လာပါတယ်။
အေဂျက် ဂိုးသမား အိုနာနာကတော့ ၄င်းရဲ့ လက်ရှိ စာချုပ်မှာ သက်တမ်း နှစ်နှစ် ကျန်သေးပေမယ့် ရာသီကုန်မှာ အေဂျက်ထံက ထွက်ခွာလိုနေပြီ ဖြစ်ပါတယ်။ ကင်မရွန်းသား အတွက် ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ ကစားဖို့က စိတ်ဝင်စားဖွယ် ဖြစ်နေပြီး ၄င်း ကိုယ်တိုင်လည်း အင်္ဂလန်မှာ အစွမ်းပြဖို့ စတန်းဖို့ဘရစ်ခ်ျဟာ ပြီးပြည့်စုံတဲ့ နေရာလို့ ယူဆထားပါတယ်။
ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ဖြစ်တဲ့ အိုနာနာသာ အသင်းပြောင်းမယ်ဆိုရင် စပိန်ချန်ပီယံအသင်းက ၄င်းကို ခေါ်ဖို့ ထိပ်ဆုံးက တန်းစီနေမှာ ဖြစ်ပြီး အသက် ၂၃ နှစ် အရွယ် ဂိုးသမားကတော့ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။