အံ့အားသင့်ဖွယ် အမည်တွေ ပါဝင်နေတဲ့ ချယ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းသစ်

ချယ်ဆီးအသင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လက်ကျန်လတွေ အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားမယ့် အသင်း လူစာရင်း ပြင်ဆင် တင်သွင်းခဲ့ရာ အံ့အားသင့်ဖွယ် ကစားသမားအချို့ ပါဝင်နေခဲ့ပါတယ်။

ချယ်ဆီးရဲ့ လူစာရင်းမှာ ရာသီကုန်ထိ အငှားစေလွှတ်ထားတဲ့ ဘာကာယိုကို၊ ဇက်ပါကော်စတာနဲ့ ကင်နဒီတို့ ပါဝင်နေပြီး ၎င်းတို့ဟာ ချယ်ဆီးအသင်း အတွက် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဘာကာယိုကိုက မိုနာကို၊ ဇက်ပါကော်စတာက ရိုးမားမှာ ရှိနေပြီး ကင်နဒီကတော့ ဂီတာဖေးမှာ အငှား ကစားနေတာပါ။

ဇန်နဝါရီမှာ ကစားသမားသစ် တစ်ယောက်မှ မခေါ်နိုင်ခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ လက်ရှိ လူူစာရင်းနဲ့ပဲ ဆက်လက် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် နည်းပြလမ်းပတ်ကလည်း အမျက်ထွက်နေပုံရပြီး ချယ်ဆီးဟာ အဆင့် ၄ အတွက် ပြိုင်ဆိုင်နေတဲ့ အသင်းတွေထဲ အင်အားအနည်းဆုံး အောက် အသင်း ဖြစ်နေပြီလို့ ပြောဆိုထားပါတယ်။

လက်ရှိ ချယ်ဆီး နေရာယူထားတဲ့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အဆင့် ၄ အတွက် ပြိုင်ဆိုင်နေတဲ့ အသင်းတွေထဲ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ကို ထည့်ဖြည့်ထားသလို စပါးကလည်း ဟော်လန်သား ဘာဝင့်ဂျ် ကို ခေါ်ထားပါတယ်။

လက်ကျန်ရာသီ အတွက် လမ်းပတ်က လူငယ်တွေနဲ့ အားကုန် ထုတ်ရတော့မှာ ဖြစ်ပြီး လက်ရှိနေရာကို ထိန်းထားနိုင်မယ် ယူဆရပါတယ်။ ချယ်ဆီး တင်သွင်းခဲ့တဲ့ လက်ကျန်ရာသီ ကစားမယ့် ပရီးမီးယားလိဂ် လူစာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

တမ်မီ အေဗရာဟမ်၊ မာကို့စ် အလွန်ဆို၊ ကီပါ၊ အပီလီကွီတာ၊ ဘာကာယိုကို၊ ရော့စ် ဘာကလေ၊ ဘတ်ရှူဝါယီ၊ ဝီလီယံ၊ ကာဘယ်လာရို၊ ခရစ္စတန်ဆန်၊ ဘော့ထ်ကာ၊ ဂျီရူး၊ ဂျော့လူးဝစ်၊ ဖရက်လိုဖီလ်ဟို၊ ကန်တေ၊ ကိုဗာဆစ်၊ လော့ဖ်တပ်ချိစ်၊ နက်စီမန်တို၊ ကင်နဒီ၊ ပါမီရီ ဒေါ့စ် ဆန်တို့စ်၊ အီမာဆန်၊ ရိုဒရီဂွက် လီဒက်စ်မာ၊ ပက်ဒရို၊ ရူဒီဂါ၊ တိုမိုရီ၊ ဇက်ပါကော်စတာ၊ ဇူးမား။

အိုဒွိုင်း၊ မေဆန်မောင့်၊ ဂျိမ်းစ်၊ ပူလီဆစ်၊ ကမ်းမင်း၊ ဂေးလ်မား စတဲ့ ကစားသမားတွေကတော့ အသက် ၂၁ နှစ်အောက် အဖြစ် လူစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီရဲ႕ လက္က်န္လေတြ အတြက္ ပရီးမီးယားလိဂ္ ျပိဳင္ပြဲမွာ ပါ၀င္ကစားမယ့္ အသင္း လူစာရင္း ျပင္ဆင္ တင္သြင္းခဲ့ရာ အံ့အားသင့္ဖြယ္ ကစားသမားအခ်ိဳ႕ ပါ၀င္ေနခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ လူစာရင္းမွာ ရာသီကုန္ထိ အငွားေစလႊတ္ထားတဲ့ ဘာကာယိုကို၊ ဇက္ပါေကာ္စတာနဲ႕ ကင္နဒီတို႔ ပါ၀င္ေနျပီး ၄င္းတို႔ဟာ ခ်ယ္ဆီးအသင္း အတြက္ ပါ၀င္ကစားနိုင္ဦးမွာ မဟုတ္ပါဘူး။ ဘာကာယိုကိုက မိုနာကို၊ ဇက္ပါေကာ္စတာက ရိုးမားမွာ ရွိေနျပီး ကင္နဒီကေတာ့ ဂီတာေဖးမွာ အငွား ကစားေနတာပါ။

ဇန္န၀ါရီမွာ ကစားသမားသစ္ တစ္ေယာက္မွ မေခၚနုိင္ခဲ့တာေၾကာင့္ ခ်ယ္ဆီးအသင္းဟာ လက္ရွိ လူူစာရင္းနဲ႕ပဲ ဆက္လက္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီအတြက္ နည္းျပလမ္းပတ္ကလည္း အမ်က္ထြက္ေနပံုရျပီး ခ်ယ္ဆီးဟာ အဆင့္ ၄ အတြက္ ျပဳိင္ဆိုင္ေနတဲ့ အသင္းေတြထဲ အင္အားအနည္းဆံုး ေအာက္ အသင္း ျဖစ္ေနျပီလို႔ ေျပာဆိုထားပါတယ္။

လက္ရွိ ခ်ယ္ဆီး ေနရာယူထားတဲ့ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အဆင့္ ၄ အတြက္ ျပိဳင္ဆိုင္ေနတဲ့ အသင္းေတြထဲ ယူနုိက္တက္က ဘရူနုိဖာနန္ဒက္စ္ကို ထည့္ျဖည့္ထားသလို စပါးကလည္း ေဟာ္လန္သား ဘာ၀င့္ဂ်္ ကို ေခၚထားပါတယ္။

လက္က်န္ရာသီ အတြက္ လမ္းပတ္က လူငယ္ေတြနဲ႕ အားကုန္ ထုတ္ရေတာ့မွာ ျဖစ္ျပီး လက္ရွိေနရာကို ထိန္းထားနုိင္မယ္ ယူဆရပါတယ္။ ခ်ယ္ဆီး တင္သြင္းခဲ့တဲ့ လက္က်န္ရာသီ ကစားမယ့္ ပရီးမီးယားလိဂ္ လူစာရင္းက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

တမ္မီ ေအဗရာဟမ္၊ မာကို႔စ္ အလြန္ဆို၊ ကီပါ၊ အပီလီကြီတာ၊ ဘာကာယိုကို၊ ေရာ့စ္ ဘာကေလ၊ ဘတ္ရွဴ၀ါယီ၊ ၀ီလီယံ၊ ကာဘယ္လာရို၊ ခရစၥတန္ဆန္၊ ေဘာ့ထ္ကာ၊ ဂ်ီရူး၊ ေဂ်ာ့လူး၀စ္၊ ဖရက္လိုဖီလ္ဟို၊ ကန္ေတ၊ ကိုဗာဆစ္၊ ေလာ့ဖ္တပ္ခ်ိစ္၊ နက္စီမန္တို၊ ကင္နဒီ၊ ပါမီရီ ေဒါ့စ္ ဆန္တို႔စ္၊ အီမာဆန္၊ ရိုဒရီဂြက္ လီဒက္စ္မာ၊ ပက္ဒရို၊ ရူဒီဂါ၊ တိုမိုရီ၊ ဇက္ပါေကာ္စတာ၊ ဇူးမား။

အိုဒြိဳင္း၊ ေမဆန္ေမာင့္၊ ဂ်ိမ္းစ္၊ ပူလီဆစ္၊ ကမ္းမင္း၊ ေဂးလ္မား စတဲ့ ကစားသမားေတြကေတာ့ အသက္ ၂၁ နွစ္ေအာက္ အျဖစ္ လူစာရင္းထဲမွာ ထည့္သြင္းထားပါတယ္။