ဝေဖန်ခံနေရတဲ့ ပက်ဒရို၊ ဟာဇက်ရဲ့ ရီးရဲလ်က ခြေစွမ်း အပါအဝင် ချယ်ဆီး ညနေခင်း သတင်းများ

ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ လန်ဒန်မှာ အဆင်ပြေပြီး လမ်းပတ်အသင်းမှာ ပွဲထွက်ခွင့်များ ရနေပေမယ့် နွေမှာ ကမ်းလှမ်းမှုတွေ ရဖို့ ရှိကြောင်း အေးဂျင့် ဖြစ်သူက ပြောဆိုခဲ့ပါတယ်။ ဂျော်ဂျင်ဟိုဟာ ဆရာဟောင်း ဆာရီ ရှိရာ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ဇန်နဝါရီမှာ အလိုရှိတဲ့ ကစားသမားသစ်တွေ မရခဲ့တာ အတွက် အမျက်ထွက်နေပြီး အသင်း စီနီယာ ကစားသမားတွေကို ခပ်မာမာ ကိုင်တွယ်ရင် ပြသနာရှိနိုင်ကြောင်း ဂျာမိန်း ဂျီးနက်က သတိပေးစကား ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပြိုင်ဘက် ယူနိုက်တက်ကို အသာစီးယူပြီး ဆွီဒင်လူငယ် တောင်ပံကစားသမား အဒ်ဝင် အန်ဒါဆန်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အန်ဒါဆန်က တောင်ပံတိုက်စစ် ဖြစ်ပေမယ့် ကွင်းလယ်မှာလည်း ဝင်ရောက် ကစားနိုင်သူပါ။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က သူတွဲဖက် ကစားဖူးတဲ့ထဲ လမ်းပတ်၊ ဂျရတ်နဲ့ စခိုးလ် အကောင်းဆုံး တစ်ယောက်ကို ရွေးမယ်ဆိုရင် ဂျရတ်ကို ရွေးမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် အိုဝင်က လမ်းပတ် အရည်အချင်းနဲ့ ဂိုးသွင်းစွမ်းရည်က မေးခွန်းထုတ်စရာ မလိုဘူးလို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်နေရတဲ့ ဟာဇက်ဟာ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်မှာ ထိပ်တန်း အဆင့် ခြေစွမ်းပြခဲ့သူ ဖြစ်တာကြောင့် ရီးရဲလ်နဲ့ ဇီဒန်းမှာ တာဝန်ရှိကြောင်း စီးတီးနည်းပြ ပက် ဂွာဒီယိုလာက ထောက်ပြခဲ့ပါတယ်။

ခြေစွမ်းပိုင်း ကျဆင်းတာကြောင့် ဝေဖန်မှုတွေ ခံယူနေရတဲ့ ပက်ဒရိုဟာ ဆောင်းရာသီ အားလပ်ရက် စပိန်မှာ ပါတီပေး ကဲလွန်းနေတာကြောင့် ထပ်မံ ဝေဖန်မှုတွေ ခံနေရပါတယ်။ ပက်ဒရိုက ထိုပါတီမှာ သူငယ်ချင်းတစ်အုပ် ခေါ်လာခဲ့ပြီး သောက်စားသမျှကိုလည်း အကုန် ရှင်းပေးခဲ့တယ် လို့ သိရပါတယ်။

Zawgyi – ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ လန္ဒန္မွာ အဆင္ေျပျပီး လမ္းပတ္အသင္းမွာ ပြဲထြက္ခြင့္မ်ား ရေနေပမယ့္ ေႏြမွာ ကမ္းလွမ္းမႈေတြ ရဖို႔ ရွိေၾကာင္း ေအးဂ်င့္ ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟုိဟာ ဆရာေဟာင္း ဆာရီ ရွိရာ ဂ်ဴဗင္တပ္သို႔ ေျပာင္းေရႊ႕ဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ ဇန္န၀ါရီမွာ အလိုရွိတဲ့ ကစားသမားသစ္ေတြ မရခဲ့တာ အတြက္ အမ်က္ထြက္ေနျပီး အသင္း စီနီယာ ကစားသမားေတြကို ခပ္မာမာ ကိုင္တြယ္ရင္ ျပသနာရွိနုိင္ေၾကာင္း ဂ်ာမိန္း ဂ်ီးနက္က သတိေပးစကား ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ျပိဳင္ဘက္ ယူနုိက္တက္ကို အသာစီးယူျပီး ဆီြဒင္လူငယ္ ေတာင္ပံကစားသမား အဒ္ဝင္ အန္ဒါဆန္ကို ေခၚယူနုိင္ခဲ့ျပီ ျဖစ္ပါတယ္။ အန္ဒါဆန္က ေတာင္ပံတိုက္စစ္ ျဖစ္ေပမယ့္ ကြင္းလယ္မွာလည္း ၀င္ေရာက္ ကစားနုိင္သူပါ။

ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က သူတြဲဖက္ ကစားဖူးတဲ့ထဲ လမ္းပတ္၊ ဂ်ရတ္နဲ႕ စခိုးလ္ အေကာင္းဆံုး တစ္ေယာက္ကို ေရြးမယ္ဆိုရင္ ဂ်ရတ္ကို ေရြးမွာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမယ့္ အို၀င္က လမ္းပတ္ အရည္အခ်င္းနဲ႕ ဂိုးသြင္းစြမ္းရည္က ေမးခြန္းထုတ္စရာ မလိုဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ရုန္းကန္ေနရတဲ့ ဟာဇက္ဟာ ခ်ယ္ဆီးနဲ႕ ပရီးမီးယားလိဂ္မွာ ထိပ္တန္း အဆင့္ ေျခစြမ္းျပခဲ့သူ ျဖစ္တာေၾကာင့္ ရီးရဲလ္နဲ႕ ဇီဒန္းမွာ တာ၀န္ရွိေၾကာင္း စီးတီးနည္းျပ ပက္ ဂြာဒီယိုလာက ေထာက္ျပခဲ့ပါတယ္။

ေျခစြမ္းပိုင္း က်ဆင္းတာေၾကာင့္ ေ၀ဖန္မႈေတြ ခံယူေနရတဲ့ ပက္ဒရိုဟာ ေဆာင္းရာသီ အားလပ္ရက္ စပိန္မွာ ပါတီေပး ကဲလြန္းေနတာေၾကာင့္ ထပ္မံ ေ၀ဖန္မႈေတြ ခံေနရပါတယ္။ ပက္ဒရိုက ထိုပါတီမွာ သူငယ္ခ်င္းတစ္အုပ္ ေခၚလာခဲ့ျပီး ေသာက္စားသမွ်ကိုလည္း အကုန္ ရွင္းေပးခဲ့တယ္ လို႔ သိရပါတယ္။