ယူနိုက္တက္ကေန ထြက္ခြာခ်င္ေနျပီ ျဖစ္ေၾကာင္း အသင္းေဖာ္ေတြကို ေျပာထားတဲ့ ေပါ့ဘာ

ရီးရဲလ္မက္ဒရစ္နဲ႕ ဂ်ဴဗင္တပ္တို႔ အျပိဳင္ အလိုရွိျခင္း ခံေနရတဲ့ ယူနုိက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ မန္ခ်က္စတာကလပ္ကေန ထြက္ခြာခ်င္ေနျပီ ျဖစ္ေၾကာင္း အသင္းေဖာ္ေတြကို ညီးတြား ေျပာၾကားထားေၾကာင္း သတင္းထြက္ေပၚလာပါတယ္။

ယူနိုက္တက္ရဲ႕ ျပင္သစ္သား ကြင္းလယ္ကစားသမား ဟာ ဒီရာသီ ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနခဲ့ရာက ဒီဇင္ဘာလထဲ ပြဲ အနည္းငယ္ေလာက္ ပါ၀င္ျပီး ထပ္မံ အနားယူေနခဲ့ရျပန္ပါတယ္။

ေပါ့ဘာဟာ ကြင္းလယ္မွာ ပြဲကစားခြင့္အတြက္ အသစ္ေရာက္လာတဲ့ ဘ႐ူႏိုဖာနနန္ဒက္စ္နဲ႔အၿပိဳင္ ယွဥ္ၿပိဳင္ရေတာ့မယ့္အျပင္ အသင္းမွာ ဆက္ေနခ်င္ စိတ္ မရွိေနတာက ကလပ္အသင္းနဲ႕ ေပါ့ဘာၾကား ညွိနိႈင္းလို႔ မရေသးတဲ့ အေျခအေနပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာ အေျခစိုက္ သတင္းေတြ ေဖာ္ျပခ်က္အရ ေပါ့ဘာက ယူနိုက္တက္နဲ႕ ပတ္သတ္ျပီး ေခါင္းထဲ မရွိေတာ့ဘဲ အသင္း ေျပာင္းေရႊ႕ျခင္းကသာ ယူနိုက္တက္နဲ႕ သူ႔အတြက္ အက်ိဳးရွိလိမ့္မယ္ ယူဆေနေၾကာင္း၊ အ၀တ္လဲခန္းအတြင္းမွာလည္း အသင္းေျပာင္းလိုေၾကာင္း ယူနိုက္တက္ အသင္းေဖာ္ေတြအား ဖြင့္ဟထားတယ္လို႔ သိရပါတယ္။

ဖာနန္ဒက္စ္ကို ေခၚယူျပီးတဲ့ေနာက္ ယူနိုက္တက္ကလည္း လာမယ့္ေႏြမွာ ေပါ့ဘာအတြက္ ေခၚေစ်း အနည္းငယ္ ေလွ်ာ့ျပီး ေရာင္းထုတ္ရန္ ၾကံရြယ္ေနပါတယ္။ အသင္းကေန ထြက္ခြာဖို႔ အၾကိမ္ၾကိမ္ ၾကိဳးစားေနတဲ့ ေပါ့ဘာတစ္ေယာက္ လာမယ့္ေႏြမွာ ဆႏၵျပည့္၀ေတာ့မယ္ ယူဆရပါတယ္။

Unicode – ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ အပြိုင် အလိုရှိခြင်း ခံနေရတဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ မန်ချက်စတာကလပ်ကနေ ထွက်ခွာချင်နေပြီ ဖြစ်ကြောင်း အသင်းဖော်တွေကို ညီးတွား ပြောကြားထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။

ယူနိုက်တက်ရဲ့ ပြင်သစ်သား ကွင်းလယ်ကစားသမား ဟာ ဒီရာသီ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရာက ဒီဇင်ဘာလထဲ ပွဲ အနည်းငယ်လောက် ပါဝင်ပြီး ထပ်မံ အနားယူနေခဲ့ရပြန်ပါတယ်။

ပေါ့ဘာဟာ ကွင်းလယ်မှာ ပွဲကစားခွင့်အတွက် အသစ်ရောက်လာတဲ့ ဘရူနိုဖာနနန်ဒက်စ်နဲ့အပြိုင် ယှဉ်ပြိုင်ရတော့မယ့်အပြင် အသင်းမှာ ဆက်နေချင်စိတ် မရှိနေတာက ကလပ်အသင်းနဲ့ ပေါ့ဘာကြား ညှိနှိုင်းလို့ မရသေးတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

မန်ချက်စတာ အခြေစိုက် သတင်းတွေ ဖော်ပြချက်အရ ပေါ့ဘာက ယူနိုက်တက်နဲ့ ပတ်သတ်ပြီး ခေါင်းထဲ မရှိတော့ဘဲ အသင်း ပြောင်းရွှေ့ခြင်းကသာ ယူနိုက်တက်နဲ့ သူ့အတွက် အကျိုးရှိလိမ့်မယ် ယူဆနေကြောင်း၊ အဝတ်လဲခန်းအတွင်းမှာလည်း အသင်းပြောင်းလိုကြောင်း ယူနိုက်တက် အသင်းဖော်တွေအား ဖွင့်ဟထားတယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်ကို ခေါ်ယူပြီးတဲ့နောက် ယူနိုက်တက်ကလည်း လာမယ့်နွေမှာ ပေါ့ဘာအတွက် ခေါ်ဈေး အနည်းငယ် လျှော့ပြီး ရောင်းထုတ်ရန် ကြံရွယ်နေပါတယ်။ အသင်းကနေ ထွက်ခွာဖို့ အကြိမ်ကြိမ် ကြိုးစားနေတဲ့ ပေါ့ဘာတစ်ယောက် လာမယ့်နွေမှာ ဆန္ဒပြည့်ဝတော့မယ် ယူဆရပါတယ်။