ရာသီဝက် အနားကာလကြောင့် အကျိုးအမြတ်ကြီးရနိုင်တဲ့ ယူနိုက်တက် အသင်းသား ၄ ဦး

ပရီးမီးယားလိဂ္က ပထမဆံုးအၾကိမ္အျဖစ္ ရာသီဝက္ အနားေပးကာလလို႔ ဆိုရမယ့္ ေဆာင္းရာသီအားလပ္ရက္ကို စတင္ကာ မိတ္ဆက္လိုက္ျပီျဖစ္ပါတယ္။

ေဘာလံုးရာသီ သံုးခ်ိဳးႏွစ္ခ်ိဳး အကုန္မွာ ရရွိတဲ့ ဒီကာလအတြင္း ပရီးမီးယားလိဂ္အသင္းသားေတြဟာ အားလပ္ရက္ေတြ ရရွိမွာျဖစ္လို႔ လက္က်န္ ေဘာလံုးရာသီအတြက္ေကာ ရာသီအကုန္ ယူရိုျပိဳင္ပြဲေတြအတြက္ပါ အင္အားျဖည့္ဖို႔ အခ်ိန္ရမွာ ျဖစ္ပါတယ္။

ဒီကာလအတြင္း အနားယူရတာက ေပါ့ဘာ၊ ေတာ္မီေနး၊ ရပ္ဖိုဒ့္လို ကစားသမားေတြအတြက္ အက်ိဳးျဖစ္မွာျဖစ္သလို အနားကာလ အျပီးမွာ ကလပ္အသင္း စြမ္းေဆာင္ရည္ေကာင္းေတြ ရေစဖို႔ ကစားသမား အခ်ိဳ႔အေပၚ တိုက္ရိုက္ သက္ေရာက္မႈ ရွိမွာ ျဖစ္ပါတယ္။ သူတို႔ေတြကို ေဖာ္ျပလိုက္ပါတယ္။

ဒန္နီရယ္ဂ်ိမ္း

ယူႏုိက္တက္အတြက္ အက်ိဳးမ်ားတဲ့ ေခၚယူမႈျဖစ္ခဲ့တဲ့ ဂ်ိမ္းဟာ ေနာက္ပိုင္းပြဲေတြမွာ အရွိန္ႏႈန္း က်ဆင္းလာပါတယ္။ ဒီရာသီဟာ သူ႔ကစားသမားဘဝ ဒုတိယေျမာက္ ရာသီကစားရတာျဖစ္ျပီး ထိပ္တန္းအဆင့္ေတြမွာ က်င္လယ္ဖို႔ အင္အားျပန္ျဖည့္ဖို႔ လိုအပ္ေနသူျဖစ္တယ္။ အရန္ခံုကေန ထလာျပီး စြမ္းေဆာင္ရည္ေကာင္းတာေတြလည္း ရွိေပမယ့္ သူဟာ လက္တေလာ ရုန္းကန္ေနရလို႔ အနားရျခင္းက သူ႔ရဲ႕ တိုးတက္မႈအတြက္ အက်ိဳးျဖစ္ပါမယ္။

မာရွယ္

ရပ္ဖိုဒ့္ ဒဏ္ရာရေနတာေၾကာင့္ တိုက္စစ္ကို ဦးေဆာင္ေနရတဲ့ မာရွယ္ဟာလည္း သြင္းဂိုးေတြ မရျဖစ္ေနလို႔ ေဝဖန္ခံေနရပါတယ္။ မာရွယ္ဟာ အရည္အခ်င္းေကာင္းေတြ ပိုင္ဆိုင္ထားသူျဖစ္ျပီး အခုလို နားရက္ရတာက သူ႔အတြက္ ကိုယ္ဘာသာ ဆန္းစစ္ဖို႔နဲ႔ ရုပ္ပိုင္းဆိုင္ရာ အားျဖည့္မႈေတြ ျပန္လုပ္ဖို႔ အက်ိဳးျဖစ္ေစပါမယ္။

ဖာနန္ဒက္စ္နဲ႔ အစ္ဟာလို

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ယူႏုိက္တက္က ဖာနန္ဒက္စ္နဲ႔ အစ္ဟာလိုကို ေခၚယူထားခဲ့တယ္။ ဖာနန္ဒက္စ္က ပြဲထြက္ခဲ့ျပီျဖစ္ေပမယ့္ အစ္ဟာလိုက အသင္းနဲ႔ ေလ့က်င့္ေရး မဆင္းရေသးပါဘူး။ ဒီအပတ္ေတြမွာ အားလပ္ရက္ အနည္းငယ္ ရၾကမွာျဖစ္ျပီး ေဆာင္းရာသီ အနားေပးမႈမွာ ကလပ္နဲ႔ ျပင္ဆင္မႈေတြ လုပ္ခြင့္ရမွာျဖစ္လို႔ မန္ေနဂ်ာဆိုးရွားရဲ႕ နည္းစနစ္၊ အသင္းေဖာ္ေတြနဲ႔ တြဲဘက္မႈေတြကို ျပည့္ျပည့္ဝဝ ေလ့က်င့္ခ်ိန္ ရမွာျဖစ္ပါတယ္။

UNICODE – ပရီးမီးယားလိဂ်က ပထမဆုံးအကြိမ်အဖြစ် ရာသီဝက် အနားပေးကာလလို့ ဆိုရမယ့် ဆောင်းရာသီအားလပ်ရက်ကို စတင်ကာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဘောလုံးရာသီ သုံးချိုးနှစ်ချိုး အကုန်မှာ ရရှိတဲ့ ဒီကာလအတွင်း ပရီးမီးယားလိဂ်အသင်းသားတွေဟာ အားလပ်ရက်တွေ ရရှိမှာဖြစ်လို့ လက်ကျန် ဘောလုံးရာသီအတွက်ကော ရာသီအကုန် ယူရိုပြိုင်ပွဲတွေအတွက်ပါ အင်အားဖြည့်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။

ဒီကာလအတွင်း အနားယူရတာက ပေါ့ဘာ၊ တော်မီနေး၊ ရပ်ဖိုဒ့်လို ကစားသမားတွေအတွက် အကျိုးဖြစ်မှာဖြစ်သလို အနားကာလ အပြီးမှာ ကလပ်အသင်း စွမ်းဆောင်ရည်ကောင်းတွေ ရစေဖို့ ကစားသမား အချို့အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ သူတို့တွေကို ဖော်ပြလိုက်ပါတယ်။

ဒန်နီရယ်ဂျိမ်း

ယူနိုက်တက်အတွက် အကျိုးများတဲ့ ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဂျိမ်းဟာ နောက်ပိုင်းပွဲတွေမှာ အရှိန်နှုန်း ကျဆင်းလာပါတယ်။ ဒီရာသီဟာ သူ့ကစားသမားဘဝ ဒုတိယမြောက် ရာသီကစားရတာဖြစ်ပြီး ထိပ်တန်းအဆင့်တွေမှာ ကျင်လယ်ဖို့ အင်အားပြန်ဖြည့်ဖို့ လိုအပ်နေသူဖြစ်တယ်။ အရန်ခုံကနေ ထလာပြီး စွမ်းဆောင်ရည်ကောင်းတာတွေလည်း ရှိပေမယ့် သူဟာ လက်တလော ရုန်းကန်နေရလို့ အနားရခြင်းက သူ့ရဲ့ တိုးတက်မှုအတွက် အကျိုးဖြစ်ပါမယ်။

မာရှယ်

ရပ်ဖိုဒ့် ဒဏ်ရာရနေတာကြောင့် တိုက်စစ်ကို ဦးဆောင်နေရတဲ့ မာရှယ်ဟာလည်း သွင်းဂိုးတွေ မရဖြစ်နေလို့ ဝေဖန်ခံနေရပါတယ်။ မာရှယ်ဟာ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီး အခုလို နားရက်ရတာက သူ့အတွက် ကိုယ်ဘာသာ ဆန်းစစ်ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ အားဖြည့်မှုတွေ ပြန်လုပ်ဖို့ အကျိုးဖြစ်စေပါမယ်။

ဖာနန်ဒက်စ်နဲ့ အစ်ဟာလို

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်က ဖာနန်ဒက်စ်နဲ့ အစ်ဟာလိုကို ခေါ်ယူထားခဲ့တယ်။ ဖာနန်ဒက်စ်က ပွဲထွက်ခဲ့ပြီဖြစ်ပေမယ့် အစ်ဟာလိုက အသင်းနဲ့ လေ့ကျင့်ရေး မဆင်းရသေးပါဘူး။ ဒီအပတ်တွေမှာ အားလပ်ရက် အနည်းငယ် ရကြမှာဖြစ်ပြီး ဆောင်းရာသီ အနားပေးမှုမှာ ကလပ်နဲ့ ပြင်ဆင်မှုတွေ လုပ်ခွင့်ရမှာဖြစ်လို့ မန်နေဂျာဆိုးရှားရဲ့ နည်းစနစ်၊ အသင်းဖော်တွေနဲ့ တွဲဘက်မှုတွေကို ပြည့်ပြည့်ဝဝ လေ့ကျင့်ချိန် ရမှာဖြစ်ပါတယ်။