ဆန်ချိုအကြောင်း ငြင်းဆန်မှုနဲ့ နွေမှာ ချယ်ဆီး ဦးစားပေးဦးမယ့် တိုက်စစ်မှူး

ချယ်ဆီးအသင်းဟာ နွေအပြောင်းအရွှေ့မှာတော့ ဦးစားပေး ခေါ်ယူမှုအဖြစ် ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှ တိုက်စစ်မှူး ဒမ်ဘီလီကိုပဲ ချိတ်ဆက်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီတုန်းက ချယ်ဆီးဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လိုင်ယွန်ဘက်က ရောင်းချလိုစိတ် မရှိခဲ့ပါဘူး။ ဒါပေမယ့် နွေအပြောင်းအရွှေ့မှာတော့ ဒမ်ဘီလီကို ခေါ်ယူလို့ ရနိုင်မယ်လို့ ယုံကြည်ရပြီး ချယ်ဆီးဘက်ကလည်း တရားဝင် ကမ်းလှမ်းမှုတွေနဲ့ ထပ်မံ ဝင်ရောက်မယ်လို့ Goal က ဖော်ပြခဲ့တာဖြစ်တယ်။

ချယ်ဆီးဟာ အထောင်တိုက်စစ်နေရာအတွက် အေဘရာဟမ် တစ်ဦးတည်း အားကိုးနေရမှုအစား အပြိုင်အဖြစ် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူလိုကာ ဒမ်ဘီလီကို သဘောတွေ့နေတာဖြစ်တယ်။ မန်နေဂျာလမ်းပတ်က စိတ်ကြိုက် ခေါ်ယူခွင့်အတွက် ပေါင် ၁၅၀ သန်း အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

ထပ်မံသိရတဲ့ သတင်းအရတော့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ချယ်ဆီးဟာ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူဖို့ လုံးဝ ကြိုးစားခဲ့ခြင်း မရှိပါဘူး။ ဒီအကြောင်းကို ဒေါ့မွန် အားကစားဒါရိုက်တာက အတည်ပြုခဲ့ပြီး အင်္ဂလန်လူငယ် တိုက်စစ်သမားကို နွေမှာ ရောင်းထုတ်သွားဖို့ အာမခံချက် မရှိပါဘူးလို့ ဆိုပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်၊ ချယ်ဆီး၊ လီဗာပူးတို့က စိတ်ဝင်စားနေခြင်းဖြစ်ကာ အင်္ဂလန်သား တိုက်စစ်သမားအတွက် တရားဝင် ကမ်းလှမ်းမှုကို တစ်သင်းမှ လုပ်ခဲ့ခြင်း မရှိတာလို့ ဒေါ့မွန်ဘက်က အတည်ပြုပေးခဲ့ပါတယ်။ ဆန်ချိုဟာ ချယ်ဆီးအသင်းသားတွေနဲ့ အတော်လေး ရင်းနှီးမှုရှိသူလည်း ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာေတာ့ ဦးစားေပး ေခၚယူမႈအျဖစ္ ျပင္သစ္ကလပ္ လိုင္ယြန္အသင္းမွ တိုက္စစ္မွဴး ဒမ္ဘီလီကိုပဲ ခ်ိတ္ဆက္ဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

ဇန္နဝါရီတုန္းက ခ်ယ္ဆီးဟာ ဒမ္ဘီလီကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ လိုင္ယြန္ဘက္က ေရာင္းခ်လိုစိတ္ မရွိခဲ့ပါဘူး။ ဒါေပမယ့္ ေႏြအေျပာင္းအေရႊ႔မွာေတာ့ ဒမ္ဘီလီကို ေခၚယူလို႔ ရႏုိင္မယ္လို႔ ယံုၾကည္ရျပီး ခ်ယ္ဆီးဘက္ကလည္း တရားဝင္ ကမ္းလွမ္းမႈေတြနဲ႔ ထပ္မံ ဝင္ေရာက္မယ္လို႔ Goal က ေဖာ္ျပခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးဟာ အေထာင္တိုက္စစ္ေနရာအတြက္ ေအဘရာဟမ္ တစ္ဦးတည္း အားကိုးေနရမႈအစား အျပိဳင္အျဖစ္ တိုက္စစ္မွဴးတစ္ဦးကို ေခၚယူလိုကာ ဒမ္ဘီလီကို သေဘာေတြ႔ေနတာျဖစ္တယ္။ မန္ေနဂ်ာလမ္းပတ္က စိတ္ၾကိဳက္ ေခၚယူခြင့္အတြက္ ေပါင္ ၁၅၀ သန္း အသံုးျပဳခြင့္ရမွာျဖစ္ပါတယ္။

ထပ္မံသိရတဲ့ သတင္းအရေတာ့ ဇန္နဝါရီ အေျပာင္းအေရႊ႔တုန္းက ခ်ယ္ဆီးဟာ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူဖို႔ လံုးဝ ၾကိဳးစားခဲ့ျခင္း မရွိပါဘူး။ ဒီအေၾကာင္းကို ေဒါ့မြန္ အားကစားဒါရိုက္တာက အတည္ျပဳခဲ့ျပီး အဂၤလန္လူငယ္ တိုက္စစ္သမားကို ေႏြမွာ ေရာင္းထုတ္သြားဖို႔ အာမခံခ်က္ မရွိပါဘူးလို႔ ဆိုပါတယ္။

ဆန္ခ်ိဳကို ေခၚယူဖို႔ ယူႏုိက္တက္၊ ခ်ယ္ဆီး၊ လီဗာပူးတို႔က စိတ္ဝင္စားေနျခင္းျဖစ္ကာ အဂၤလန္သား တိုက္စစ္သမားအတြက္ တရားဝင္ ကမ္းလွမ္းမႈကို တစ္သင္းမွ လုပ္ခဲ့ျခင္း မရွိတာလို႔ ေဒါ့မြန္ဘက္က အတည္ျပဳေပးခဲ့ပါတယ္။ ဆန္ခ်ိဳဟာ ခ်ယ္ဆီးအသင္းသားေတြနဲ႔ အေတာ္ေလး ရင္းႏွီးမႈရွိသူလည္း ျဖစ္ပါတယ္။