လိဒ်စ်ကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် ချယ်ဆီးက သိသိသာသာ ပိုကောင်းခဲ့တယ် လို့ နည်းပြတူချယ် အခိုင်အမာ ဆို

ချယ်ဆီး အသင်း မနေ့ညက လိဒ်စ် ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ၃-ဝ နဲ့ ဂိုးပြတ် ရှုံးခဲ့ပေမယ့် ပိုကောင်းတဲ့ အသင်းက ချယ်ဆီးပဲလို့ နည်းပြ တူချယ်ကတော့ အခိုင်အမာ ဆိုခဲ့ပါတယ်။

ပွဲပြီး အင်တာဗျူးမှာ နည်းပြ တူချယ်က သူ့အသင်းကသာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ရှုံးသွားခဲ့တာကာ ခရီးသွားလာတဲ့ အစီအစဉ်တွေ အဆင်မပြေခဲ့တာကြောင့် ဖြစ်တယ် လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

” အားလုံးက အမှားတွေ ကြုံနိုင်တယ်လေ။ ဒီတော့ ကျနော်တို့လည်း အမှားတွေ ဖြစ်လာတာပါပဲ။ ဘယ်က စသလဲ ဆိုရင် မနေ့တည်းက စတယ်။ ကျနော်တို့ လေယာဉ် မရဘူး၊ ဒီတော့ ဘတ်စ်ကားနဲ့ လာတယ်။

ကစားသမားတွေ က သူတို့ဘာသာ လေယာဉ် စီစဉ်လို့ ရတယ်၊ ဒါပေမယ့် နည်းပြအဖွဲ့တွေနဲ့ အတူ သူတို့က ဘတ်စ်ကားကို အကြာကြီး လိုက်စီးတယ်။ နောက်ပြီး ဒီနေ့ကျ ပွဲကန်ရော။

ဒီပွဲကို ပထမပိုင်း မိနစ် ၂ဝ တည်းက ကျနော်တို့ ရှုံးခဲ့တယ်။ ဒါပေမယ့် ကျနော်တို့က သိသိသာသာ ကို ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး အခွင့်အရေးကြီးတွေလည်း ရခဲ့တယ်။ ဧရိယာအတွင်း ဘောလုံး ထိချက်တွေလည်း အများကြီးပဲ။ ဒါပေမယ့် ဂိုးပေါက် မတည့်တာနဲ့ ကျနော်တို့ ရသင့်တာ မရခဲ့ဘူး။

အဲဒီနောက် ကျနေ်ာတို့ အသင်းက ကောင်းကောင်း လုပ်နေတာကို ရပ်လိုက်ပြီး လက်ဆောင် နှစ်ခု (သွင်းဂိုးများ) ပေး ထည့်လိုက်တာပဲ။ ” လို့ တူချယ်က ပြောဆိုသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ ၁ပွဲ နိုင်၊ ၁ပွဲ သရေနဲ့ ၁ပွဲ ရှုံး ရလဒ်တွေ ပိုင်ဆိုင်ထားကာ ၄ မှတ်ထိ လျော့ထားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ဆိုးဝါးတဲ့ ရာသီအစ ရလဒ်တွေကြောင့် တူချယ် အပေါ်လည်း ဖိအားတွေ ပိုတိုးလာနေပါတယ်။