ဒီ တနင်္ဂနွေနေ့ လိဒ် – ချဲလ်ဆီး ပွဲစဉ် တို့ အတွက် ဘီဘီစီမှ ဆက်တန်ရဲ့ သုံးသပ်ခန့်မှန်းချက်

ဘီဘီစီ သတင်းဌာနရဲ့ ပင်တိုင်သုံးသပ်သူ ဖြစ်လာတဲ့ ခရစ်ဆက်တန် က ဒီအပတ် လိဒ် ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်းတို့ ပရီးမီးယားလိဂ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ဆက်တန်က ” ဆောက်သမ်တန် ကို ၂ ဂိုး နဲ့ ဦးဆောင်ပြီးမှ ချေပဂိုးတွေ ဆက်တိုက် ပြန်ပေးလိုက်ရတဲ့ အပေါ် ဂျက်ဆီ မာ့ရှ် တစ်ယောက် စိတ်ပျက်နေမယ် ထင်ပါတယ်။ ထပ်ပြောရရင် သူတို့ အသင်းဟာ နောက်ထပ် ရုန်းကန် ရမယ့် အခိုက်တန့် အတွင်းတောင် ရောက်သွားနိုင်ပါတယ်။

ချဲလ်ဆီး နဲ့ ပတ်သက်ပြီး တိုက်စစ်ပိုင်း အတွက် မေးခွန်း ထုတ်စရာ နည်းနည်းရှိပေမယ့် သူတို့ဟာ အဲဒီ အချက်ကို အားဖြည့်ဖို့ အတွက် ဈေးကွက်ထဲမှာ လှုပ်ရှားနေဆဲ ဆိုတာ မြင်ရပါတယ်။ စပါးကို ကစားသွားတဲ့ ခြေစွမ်းကတော့ တကယ်ကို ကောင်းတာပါ။

ဒီအပတ် Elland Road ကွင်းထဲမှာ အဲဒီ အတိုင်းပဲ ကစားမယ် ဆိုရင် ချဲလ်ဆီးတို့ အနိုင်ရဦးမှာပါ။ ” လို့ သုံးသပ်ထားပါတယ်။

ဘီဘီစီ ခရစ္စဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ လိဒ် 0-1 ချဲလ်ဆီး ပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် သြဂုတ်လ ၂၁ ရက်၊ တနင်္ဂနွေနေ့၊ ည ၇ နာရီခွဲ ဖြစ်ပါတယ်။

Zawgyi

ဘီဘီစီ သတင္းဌာနရဲ႕ ပင္တိုင္သုံးသပ္သူ ျဖစ္လာတဲ့ ခရစ္ဆက္တန္ က ဒီအပတ္ လိဒ္ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီး အသင္းတို႔ ပရီးမီးယားလိဂ္ ပြဲ အတြက္ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

ဆက္တန္က ” ေဆာက္သမ္တန္ ကို ၂ ဂိုး နဲ႔ ဦးေဆာင္ၿပီးမွ ေခ်ပဂိုးေတြ ဆက္တိုက္ ျပန္ေပးလိုက္ရတဲ့ အေပၚ ဂ်က္ဆီ မာ့ရွ္ တစ္ေယာက္ စိတ္ပ်က္ေနမယ္ ထင္ပါတယ္။ ထပ္ေျပာရရင္ သူတို႔ အသင္းဟာ ေနာက္ထပ္ ႐ုန္းကန္ ရမယ့္ အခိုက္တန္႔ အတြင္းေတာင္ ေရာက္သြားႏိုင္ပါတယ္။

ခ်ဲလ္ဆီး နဲ႔ ပတ္သက္ၿပီး တိုက္စစ္ပိုင္း အတြက္ ေမးခြန္း ထုတ္စရာ နည္းနည္းရွိေပမယ့္ သူတို႔ဟာ အဲဒီ အခ်က္ကို အားျဖည့္ဖို႔ အတြက္ ေဈးကြက္ထဲမွာ လႈပ္ရွားေနဆဲ ဆိုတာ ျမင္ရပါတယ္။ စပါးကို ကစားသြားတဲ့ ေျခစြမ္းကေတာ့ တကယ္ကို ေကာင္းတာပါ။

ဒီအပတ္ Elland Road ကြင္းထဲမွာ အဲဒီ အတိုင္းပဲ ကစားမယ္ ဆိုရင္ ခ်ဲလ္ဆီးတို႔ အႏိုင္ရဦးမွာပါ။ ” လို႔ သံုးသပ္ထားပါတယ္။

ဘီဘီစီ ခရစၥဆက္တန္ရဲ႕ ပြဲ ခန္႔မွန္းရလဒ္ကေတာ့ လိဒ္ 0-1 ခ်ဲလ္ဆီး ပဲ ျဖစ္ပါတယ္။ ဒီနွစ္သင္း ကစားမယ့္ ပြဲခ်ိန္ကေတာ့ မနက္ျဖန္ ၾသဂုတ္လ ၂၁ ရက္၊ တနဂၤေႏြေန႔၊ ည ၇ နာရီခြဲ ျဖစ္ပါတယ္။