လက်စတာ နောက်ခံလူ ဖိုဖာနာ ကို ချဲလ်ဆီး မသွားဘဲ အာဆင်နယ်လာဖို့ စည်းရုံးနေကြတဲ့ ဂန်းနားများ

ချဲလ်ဆီးအသင်းဟာ လက်စတာ ခံစစ်မှုး ဖိုဖာနာ ကို ထပ်မံ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ခံစစ်သမား တစ်ယောက် အတွက် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ စည်းရုံးဖို့ လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ချဲလ်ဆီးရဲ့ လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းရဲ့ ပရိသတ် အုပ်စု တစ်ခုကတော့ ဖိုဖာနာ အနောက် လန်ဒန်ကလပ်အသင်း အစား သူတို့ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာဖို့ တောင်းဆိုနေကြပါတယ်။

လက်စတာ က အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမားအတွက် မန်ယူအသင်း မက်ဂွဲရားကို ခေါ်ယူခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေးထက် ပိုမို ပေးချေသွားဖို့အတွက် တောင်းဆိုနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းသာ ထိုတောင်းဆိုမှုကို လိုက်လျောခဲ့မယ်ဆိုရင် ဖိုဖာနာဟာ ဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံး နောက်ခံကစားသမား ဖြစ်လာတော့မှာပါ။

ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တစ်စုဟာ ပြင်သစ်နောက်ခံကစားသမား ချဲလ်ဆီးထံ ပြောင်းရွှေ့သွားမှာ မမြင်ချင်ကြပဲ အခုလို ပြောဆိုနေကြတာပါ။

“မင်းရဲ့ ကစားသမားဘဝမှာ ဘာတွေပဲ လုပ်နေနေ ချဲလ်ဆီးကို မသွားပါနဲ့။ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ မင်း စောင့်ဆိုင်းရမယ်”လို့ ပြောကြားခဲ့ကြတာပါ။ အဲဒီဗီဒီယိုဖိုင်ဟာ စနေနေ့က လက်စတာ ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။

အာဆင်နယ်ပရိသတ်တွေဟာ ဖိုဖာနာကို ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် အထင်ကြီးဖွယ်စွမ်းဆောင်ရည် ပြသနေတဲ့ ဝီလီယံ ဆာလီဘာနဲ့ တွဲဖက် ကစားစေချင်နေကြတာ ဖြစ်ပါတယ်။

Zawgyi

ခ်ဲလ္ဆီးအသင္းဟာ လက္စတာ ခံစစ္မႈး ဖိုဖာနာ ကို ထပ္မံ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ျပင္ဆင္ေနျပီး ခံစစ္သမား တစ္ေယာက္ အတြက္ ကမာၻ႔ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ စည္းရံုးဖုိ႔ လႈပ္ရွားေနျပီ ျဖစ္ပါတယ္။

ဒီလိုအခ်ိန္မွာ ခ်ဲလ္ဆီးရဲ႕ လန္ဒန္ျပိဳင္ဘက္ အာဆင္နယ္ အသင္းရဲ႕ ပရိသတ္ အုပ္စု တစ္ခုကေတာ့ ဖိုဖာနာ အေနာက္ လန္ဒန္ကလပ္အသင္း အစား သူတို႔ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕လာဖို႔ ေတာင္းဆိုေနၾကပါတယ္။

လက္စတာ က အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားအတြက္ မန္ယူအသင္း မက္ဂြဲရားကို ေခၚယူခဲ့စဥ္တုန္းက ေျပာင္းေ႐ႊ႕ေၾကးထက္ ပိုမို ေပးေခ်သြားဖို႔အတြက္ ေတာင္းဆိုေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းသာ ထိုေတာင္းဆိုမႈကို လိုက္ေလ်ာခဲ့မယ္ဆိုရင္ ဖိုဖာနာဟာ ေဘာလုံးသမိုင္းမွာ ေဈးအႀကီးဆုံး ေနာက္ခံကစားသမား ျဖစ္လာေတာ့မွာပါ။

ဒါေပမယ့္လည္း အာဆင္နယ္ပရိသတ္တစ္စုဟာ ျပင္သစ္ေနာက္ခံကစားသမား ခ်ဲလ္ဆီးထံ ေျပာင္းေ႐ႊ႕သြားမွာ မျမင္ခ်င္ၾကပဲ အခုလို ေျပာဆိုေနၾကတာပါ။

“မင္းရဲ႕ ကစားသမားဘဝမွာ ဘာေတြပဲ လုပ္ေနေန ခ်ဲလ္ဆီးကို မသြားပါနဲ႔။ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ မင္း ေစာင့္ဆိုင္းရမယ္”လို႔ ေျပာၾကားခဲ့ၾကတာပါ။ အဲဒီဗီဒီယိုဖိုင္ဟာ စေနေန႔က လက္စတာ ကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ထြက္ေပၚလာခဲ့တာပါ။

အာဆင္နယ္ပရိသတ္ေတြဟာ ဖိုဖာနာကို ယခုရာသီမွာ အာဆင္နယ္အသင္းအတြက္ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ ျပသေနတဲ့ ဝီလီယံ ဆာလီဘာနဲ႔ တြဲဖက္ ကစားေစခ်င္ေနၾကတာ ျဖစ္ပါတယ္။