ချယ်ဆီး V စပါး လန်ဒန် ဒါဘီပွဲအတွက် ဘီဘီစီမှ ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီအပတ် တနင်္ဂနွေနေ့ ည ၁၀ နာရီမှာတော့ ချယ်ဆီးနဲ့ စပါးတို့ဟာ စတမ်းဖိုဒ့်ဘရစ်မှာ ထိပ်တိုက် ယှဉ်ပြိုင်ကြပါမယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂ အဖြစ် ဘောလုံးရာသီ အစမှာတင် ထိပ်တိုက်တွေ့တာဖြစ်ပြီး ဒီပွဲမှာ နည်းပြတူချယ်က တောင့်တင်းတဲ့ ခံစစ်ကို ထုတ်သုံးလာနိုင်ဦးမှာဖြစ်ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။

ဆက်တန်က ” ချယ်ဆီးက စပါးအသင်းနဲ့ ရင်ဆိုင်ကစားရတာ အကြိုက်တွေ့ပါတယ်။ သူတို့ ပြီးခဲ့တဲ့ရာသီက လေးကြိမ် စပါးကို နိုင်ထားခဲ့တာပါ။ စပါးအသင်းက ၁၉၉၀ ဖေဖော်ဝါရီ နောက်ပိုင်း စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီးကို လိဂ် နိုင်ပွဲ တစ်ကြိမ်သာ ရခဲ့ဖူးပါတယ်။

အဲဒီ တစ်ကြိမ်မှာလည်း ၂၀၁၈ ဧပြီက ဖြစ်ပြီး လက်ရှိ စပါးအသင်း နည်းပြ အန်တိုနီယို ကွန်တီက ထိုပွဲမှာ ချယ်ဆီးနည်းပြ အဖြစ် တာဝန်ယူခဲ့တာပါ။ ဒါကြောင့် ဒီတကြိမ် ထိပ်တိုက်တွေ့မှု အတွက် ကွန်တီက ရင်ခုန် သဘောကျနေမယ်လို့ ကျနော် ထင်တယ်။

ချယ်ဆီးက အဲဗာတန်နဲ့ အတွေ့မှာ နိုင်ပွဲ ကောင်း ရခဲ့တယ်။ ဒါပေမယ့် သူတို့ ကစားပုံ သိပ်အကောင်းကြီး မဟုတ်ခဲ့ပါဘူး။ ဒီ တနင်္ဂနွေ ပွဲမှာ ချယ်ဆီးတို့ ကစားတာ နည်းနည်း ပုံပျက်ဦးမယ် ဆိုရင် ဒီတခါ လွယ်မှာ မဟုတ်ပါဘူး။

တော့တင်ဟမ်ကတော့ ဆောက်သမ်တန်နဲ့ ပွဲမှာ ဂိုးတွေ မညှာတမ်း သွင်းခဲ့တာပါ။ ဒီလို အသည်းအသန် ကြိုးစားမှုမျိုး ဒီပွဲမှာလည်း မြင်ရဦးမယ် လို့ ထင်ပါတယ်။ ကွန်တီ စတန်းဖို့ဘရစ်ချ်ကို ပြန်လာမယ့် ပွဲ ဖြစ်လို့ စပါးအသင်းက အမှတ် ယူလိမ့်မယ်လို့ ကျနော် မှန်းချင်ပါတယ်။

သူတို့ စိန့်တွေကို ချေမှုန်းခဲ့တယ်။ တော်တင်ဟမ်တို့က ကစားပုံ ထင်တိုင်းမပေါက်တဲ့ အချိန်မျိုးတွေမှာဆိုရင်လည်း ကောင်တာ တိုက်စစ်က သိပ် အစွမ်းပြတတ်တာ။ ဘောလုံးကသာ ကိန်း ခြေထဲ ရောက်ပြီး သူ ပြေးထွက်သွားပြီ ဆိုရင် တားဆီးဖို့ သိပ်ခက်သွားပါပြီ ” လို့ သုံးသပ်ခဲ့တယ်။

လန်ဒန်ဒါဘီပွဲမှာတော့ ချယ်ဆီးက စပါးကို ၁-၂ နဲ့ အရေးနိမ့်မယ်လို့ ဆက်တန်ကပဲ ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။