အပြောင်းအရွှေ့ကို စိတ်တိုင်းမကျဖြစ်နေတဲ့ တူချယ်က အကြီးအကဲဟောင်းကို သတိရကြောင်း ဖွင့်ဟ

အပြောင်းအရွှေ့ကို စိတ်တိုင်းမကျဖြစ်နေတဲ့ တူချယ်က ကလပ်ရဲ့ ဘုတ်အဖွဲ့ဟောင်းမှ ကလပ် ဂန္တဝင် ဂိုးသမားဟောင်း ဖြစ်တဲ့ ပီတာချက်ကို သတိရကြောင်း ဖွင့်ဟခဲ့ပါတယ်။

တာချက် ဟာ ချဲလ်ဆီး အသင်းရဲ့ နည်းပြအဖွဲ့ ၊ ကစားသမားတွေနဲ့ အနီးကပ် ပြောဆို ဆက်ဆံမှု မကြာခဏ ရှိခဲ့သူပါ။ ဒါပေမယ့်လို့ ပိုင်ရှင်သစ်တွေနဲ့ တာဝန်ရှိသူ အသစ်တွေ ရောက်လာခြင်းနဲ့အတူ သူကလည်း အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

Soccer AM နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ပီတာချက် ဟာ ၎င်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် ၊ နည်းစနစ် ဒါရိုက်တာဟောင်းကို လွမ်းဆွတ်မိကြောင်း အခုလိုပဲ အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ် ။

တူချယ်က ” ကျွန်တော်တို့ဟာ ပိုင်ရှင်သစ် အပြောင်းအလဲ ကာလမှာပဲ ရှိနေသေးတယ်လို့ ထင်ပါတယ် ။ ပီတာချက် ဟာ ကျွန်တော့ အတွက်ရော ၊ ချဲလ်ဆီး အသင်း အတွက်ပါ သော့ချက်ကျတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ခဲ့ပြီး။

ပီတာချက်ဟာ ကျွန်တော် အပါအဝင် ဝန်ထမ်းတိုင်းနဲ့ အမြဲတစေ စကားပြောလေ့ရှိပါတယ်။ ဒီတော့ သူဟာ ကျွန်တော် ချဲလ်ဆီးမှာ အထိုင်ကျစေဖို့ အတွက် များစွာ အထောက်အကူ ပေးခဲ့ပါတယ်။ အခုတော့ သူ ဒီမှာ မရှိတော့ပါဘူး။

အသင်းကလည်း အပြောင်းအလဲ တချို့ လုပ်ထားပါတယ်။ ခုနက ပြောခဲ့သလို ကျွန်တော်တို့ဟာ အပြောင်းအလဲ ကာလထဲမှာ ရှိနေပေမယ့် ၊ ဒါကို အကောင်းမြင်ထားပါတယ်။

ဒီအတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပေမယ့် ၊ ဒီနှစ် ဘောလုံးရာသီက စတင်တာ အနည်းငယ် စောတယ်လို့ ခံစားရပါတယ် ။ ပုံမှန်ဆို ကျွန်တော်ဟာ ခဏတဖြုတ် အနားယူတာမျိုး လုပ်တတ်ပါတယ် ။ ဒါပေမယ့် ဒီနှစ်မှာ ဒါမျိုး လုပ်ဖို့ မဖြစ်နိုင်ပါဘူး ။

ပိုင်ရှင်သစ် ၊ ဘုတ်အဖွဲ့အသစ် ၊ အပြောင်းအရွှေ့ ကာလ စတဲ့ အခြေအနေ အရပ်ရပ်ကြောင့် မနားဖြစ်ပါဘူး ။ နောက်ပြီး ကျွန်တော်တို့ဟာ key player အချို့လည်း ဆုံးရှုံးထားရပါတယ် ။ ဒီနှစ် နွေရာသီဟာ အရှေ့နှစ်တွေကနဲ့ မတူသလို ၊ ပုံမှန်ထက် တိုတောင်းတယ်လို့လည်း ခံစားရပါတယ် ” လို့ ပြောကြားခဲ့ပါတယ် ။